ဂရမ်မီဆုပေးပွဲမှာ အဖွင့်နှုတ်ဆက်စကားပြောခဲ့တဲ့သူများ

 

[Unicode]

အဆိုတော်တွေ ဖြစ်ကြတဲ့ Alicia Keys, Lady GaGa, Jennifer Lopez, Jada Pinkett Smith နဲ့ အမေရိကန် သမ္မတကတော်ဟောင်း Michelle Obama တို့ဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဂရမ်မီဆုပေးပွဲမှာ အဖွင့်နှုတ်ဆက်စကားပြောဆိုပေးခဲ့ပြီး စင်အောက်မှာရှိတဲ့ ပရိသတ်တွေကလည်း တခဲနက် အားပေးခဲ့ကြ တာကို တွေ့ခဲ့ရပါတယ်။

ထူးခြားထင်ရှားတဲ့ အမျိုးသမီး ငါးဦးဟာ အနောက်တိုင်းဂီတလောကရဲ့ အကြီးဆုံး ဆုပေးပွဲမှာ ဂီတဆိုတာ သူတို့အတွက် ဘယ်လိုအဓိပ္ပါယ်ရှိလဲဆိုတဲ့ ဂီတကိုဘယ်လောက်ချစ်မြတ်နိုးတယ် ဆိုတာကို ပြောကြားပေးခဲ့ပါတယ်။

အဆိုတော် Lady Gaga က “ကျမရဲ့ အကြည့်၊ ရွေးချယ်မှုနဲ့ အသံက အလုပ်မဖြစ်ဘူး တော်တော်လေး ဆိုးရွားတာပဲလို့ သူတို့တွေက ပြောကြတယ်။ ဒါပေမယ့် သူတို့ပြောတာ နားမထောင်ဖို့ ဂီတက ကျမကို ပြောတယ်။ ဂီတက ကျမရဲ့ နားတွေ၊ လက်တွေ၊ အသံ၊ စိတ်ဝိညာဉ်တို့ကို သိမ်းပိုက်သွားပါတယ်။ ကျမ သိပ်ချစ်ရတဲ့ ကျမရဲ့ Little Monsters (ပရိသတ်) တွေဆီကိုခေါ်ဆောင်သွားပါတယ်” လို့ ဆိုပါတယ်။

အဆိုတော် Jennifer Lopez ကတော့ ” The Bronx အရပ်မှာ ကြီးပြင်းလာပြီး ဂီတက ကျမကို ကဖို့၊ Rap သီဆိုဖို့၊ ဖရီးစတိုင်၊ ပေါ့ပ်၊ Soul နဲ့ salsa တို့ကိုဖန်တီးဖို့ အကြောင်းပြချက်ပေးပါတယ်။ ကြီးမားတဲ့ စင်တွေနဲ့ ကြီးမားတဲ့ ဖန်သားပြင်တွေဆီမှာ ရှိနေတဲ့ အတားအဆီးတွေကို ကျမအတွက် ဖယ်ရှားပေးပါတယ်။ ကျမ ဘယ်ကနေလာ သလဲဆိုတာရယ် ကျမသွားနိုင်တဲ့နေရာတွေကဘာလဲဆိုတာကိုလည်း သတိတရ ရှိစေပါတယ်။ ဂီတဆိုတာက ကျမတို့အားလုံး အမှန်တကယ်လွတ်လပ်နိုင်တဲ့ နေရာတခုဖြစ်ပါတယ်” လို့ ပြောဆိုပါတယ်။

၂၀၁၇ ခုနှစ်မှာ သက်တမ်းကုန်ဆုံးခဲ့တဲ့ ခင်ပွန်း သမ္မတဟောင်း Barack Obama ရဲ့ ကောင်းမွန်တဲ့အချိန်မှာရော၊ ဆိုးရွားတဲ့အချိန်မှာရော ဖြတ်သန်းနိုင်ဖို့ ဂီတက ဘယ်လိုကူညီပေးခဲ့တယ်ဆိုတာကို Michelle Obama က ပြောဆိုခဲ့ပါတယ်။

သမ္မတကတော်ဟောင်းက ” ကျမ ချီကာဂိုမြို့ရဲ့ တောင်ဘက်ပိုင်းမှာရှိတဲ့ Motown Records ကနေ ဆယ်စုနှစ် တခုလောက်တုန်းက Who Run The World သီချင်းက ကျမကို ခွန်အားတွေ ရစေတယ်။ ဂီတက ကျမကို ကျမရဲ့အကြောင်းတွေ ပြောနိုင်စေဖို့ ကူညီပေးတယ်။ ဒီမှာရှိတဲ့ လူတိုင်းအတွက် အဲဒီလိုအမှန်ပဲ ဆိုတာ ကျမ သိပါတယ်”

“ ကန်းထရီးပဲဖြစ်ဖြစ်၊ Rap ပဲဖြစ်ဖြစ်၊ ရော့ခ်ပဲဖြစ်ဖြစ် ဂီတက ကျမတို့ရဲ့ ဂုဏ်သိက္ခာတွေ၊ ဝမ်းနည်းမှုတွေ၊ မျှော်လင့်ချက်တွေနဲ့ ပျော်ရွှင်မှုတွေကို မျှဝေတဲ့နေရာမှာ ကူညီပေးပါတယ်။ တဦးကို တဦး ရင်ဖွင့်သံတွေကို ကြားနိုင်ပါတယ်။ သီချင်းတိုင်းမှာ အသံတွေ၊ နုတ်တွေအတွင်းမှာရှိတဲ့ အကြောင်းအရာတွေက ကျမတို့ကို လမ်းပြပေးပါတယ်” လို့ဆိုပါတယ်။

အဲဒီ့နောက် အစီအစဉ်မှူး Keys က “ဂီတကနေတဆင့် ကျမတို့အားလုံးရဲ့ ကြီးကျယ်ခမ်းနားမှုကို ဒီညမှ ကျင်းပလိုက်ကြရအောင်” ဆိုပြီး အဆုံးသတ်စကားပြောဆိုခဲ့ပါတယ်။

 

[Zawgyi]

အဆိုေတာ္ေတြ ျဖစ္ၾကတဲ့ Alicia Keys, Lady GaGa, Jennifer Lopez, Jada Pinkett Smith နဲ႔ အေမရိကန္ သမၼတကေတာ္ေဟာင္း Michelle Obama တို႔ဟာ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔မွာ ျပဳလုပ္ခဲ့တဲ့ ဂရမ္မီဆုေပးပြဲမွာ အဖြင့္ႏႈတ္ဆက္စကားေျပာဆိုေပးခဲ့ၿပီး စင္ေအာက္မွာရွိတဲ့ ပရိသတ္ေတြကလည္း တခဲနက္ အားေပးခဲ့ၾက တာကို ေတြ႕ခဲ့ရပါတယ္။

ထူးျခားထင္ရွားတဲ့ အမ်ိဳးသမီး ငါးဦးဟာ အေနာက္တိုင္းဂီတေလာကရဲ႕ အႀကီးဆုံး ဆုေပးပြဲမွာ ဂီတဆိုတာ သူတို႔အတြက္ ဘယ္လိုအဓိပၸါယ္ရွိလဲဆိုတဲ့ ဂီတကိုဘယ္ေလာက္ခ်စ္ျမတ္ႏိုးတယ္ ဆိုတာကို ေျပာၾကားေပးခဲ့ပါတယ္။

အဆိုေတာ္ Lady Gaga က “က်မရဲ႕ အၾကည့္၊ ေ႐ြးခ်ယ္မႈနဲ႔ အသံက အလုပ္မျဖစ္ဘူး ေတာ္ေတာ္ေလး ဆိုး႐ြားတာပဲလို႔ သူတို႔ေတြက ေျပာၾကတယ္။ ဒါေပမယ့္ သူတို႔ေျပာတာ နားမေထာင္ဖို႔ ဂီတက က်မကို ေျပာတယ္။ ဂီတက က်မရဲ႕ နားေတြ၊ လက္ေတြ၊ အသံ၊ စိတ္ဝိညာဥ္တို႔ကို သိမ္းပိုက္သြားပါတယ္။ က်မ သိပ္ခ်စ္ရတဲ့ က်မရဲ႕ Little Monsters (ပရိသတ္) ေတြဆီကိုေခၚေဆာင္သြားပါတယ္” လို႔ ဆိုပါတယ္။

အဆိုေတာ္ Jennifer Lopez ကေတာ့ ” The Bronx အရပ္မွာ ႀကီးျပင္းလာၿပီး ဂီတက က်မကို ကဖို႔၊ Rap သီဆိုဖို႔၊ ဖရီးစတိုင္၊ ေပါ့ပ္၊ Soul နဲ႔ salsa တို႔ကိုဖန္တီးဖို႔ အေၾကာင္းျပခ်က္ေပးပါတယ္။ ႀကီးမားတဲ့ စင္ေတြနဲ႔ ႀကီးမားတဲ့ ဖန္သားျပင္ေတြဆီမွာ ရွိေနတဲ့ အတားအဆီးေတြကို က်မအတြက္ ဖယ္ရွားေပးပါတယ္။ က်မ ဘယ္ကေနလာ သလဲဆိုတာရယ္ က်မသြားႏိုင္တဲ့ေနရာေတြကဘာလဲဆိုတာကိုလည္း သတိတရ ရွိေစပါတယ္။ ဂီတဆိုတာက က်မတို႔အားလုံး အမွန္တကယ္လြတ္လပ္ႏိုင္တဲ့ ေနရာတခုျဖစ္ပါတယ္” လို႔ ေျပာဆိုပါတယ္။

၂၀၁၇ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးခဲ့တဲ့ ခင္ပြန္း သမၼတေဟာင္း Barack Obama ရဲ႕ ေကာင္းမြန္တဲ့အခ်ိန္မွာေရာ၊ ဆိုး႐ြားတဲ့အခ်ိန္မွာေရာ ျဖတ္သန္းႏိုင္ဖို႔ ဂီတက ဘယ္လိုကူညီေပးခဲ့တယ္ဆိုတာကို Michelle Obama က ေျပာဆိုခဲ့ပါတယ္။

သမၼတကေတာ္ေဟာင္းက ” က်မ ခ်ီကာဂိုၿမိဳ႕ရဲ႕ ေတာင္ဘက္ပိုင္းမွာရွိတဲ့ Motown Records ကေန ဆယ္စုႏွစ္ တခုေလာက္တုန္းက Who Run The World သီခ်င္းက က်မကို ခြန္အားေတြ ရေစတယ္။ ဂီတက က်မကို က်မရဲ႕အေၾကာင္းေတြ ေျပာႏိုင္ေစဖို႔ ကူညီေပးတယ္။ ဒီမွာရွိတဲ့ လူတိုင္းအတြက္ အဲဒီလိုအမွန္ပဲ ဆိုတာ က်မ သိပါတယ္”

“ ကန္းထရီးပဲျဖစ္ျဖစ္၊ Rap ပဲျဖစ္ျဖစ္၊ ေရာ့ခ္ပဲျဖစ္ျဖစ္ ဂီတက က်မတို႔ရဲ႕ ဂုဏ္သိကၡာေတြ၊ ဝမ္းနည္းမႈေတြ၊ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ေပ်ာ္႐ႊင္မႈေတြကို မွ်ေဝတဲ့ေနရာမွာ ကူညီေပးပါတယ္။ တဦးကို တဦး ရင္ဖြင့္သံေတြကို ၾကားႏိုင္ပါတယ္။ သီခ်င္းတိုင္းမွာ အသံေတြ၊ ႏုတ္ေတြအတြင္းမွာရွိတဲ့ အေၾကာင္းအရာေတြက က်မတို႔ကို လမ္းျပေပးပါတယ္” လို႔ဆိုပါတယ္။

အဲဒီ့ေနာက္ အစီအစဥ္မႉး Keys က “ဂီတကေနတဆင့္ က်မတို႔အားလုံးရဲ႕ ႀကီးက်ယ္ခမ္းနားမႈကို ဒီညမွ က်င္းပလိုက္ၾကရေအာင္” ဆိုၿပီး အဆုံးသတ္စကားေျပာဆိုခဲ့ပါတယ္။

Ref: aceshowbiz

Credit: Irrawaddy

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *