[Unicode]

ရန်ကုန်မြို့ ၊ သုဝဏ္ဏအားကစား ခန်းမတွင် မတ်လ ၈ ရက်နေ့၌ကျင်းပမည့် ONE Championship (One:Reign Of Valor) တွင် ပြီးခဲ့သည့် ပွဲစဉ်မှအရှုံးရလဒ်ကို ခြေဖျက်ကာ အကောင်းဆုံးယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဖိုးသော်နှင့် အန်တိုနီယာ တို့က  ပြောသည်။

ဖိုးသော်အနေဖြင့် ယခုပွဲစဉ်တွင် အင်ဒိုနီရှားနိုင်ငံသား “The Iceman” Yohan Mulia Lagowo နှင့်ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ပြီး အန်တိုနီယာသည် မလေးရှားနိုင်ငံသူ Audreylaura “ Ice Comet” Boniface နှင့်ယှဉ်ပြိုင် ထိုးသတ်ရမည်ဖြစ်သည်။

ဖိုးသော်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၆ ရက်နေ့က ထိုးသတ်ခဲ့သည့် မလေးရှားကစားသမား Keanu Subba အား ပထမအချီတွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး အန်တိုနီယာသည် ပြီးခဲ့သည့်ပွဲစဉ်တွင် ထိုင်းအမျိုးသမီးဖိုက်တာ Rika Ishige အား ရှုံးနိမ့်ထားခြင်းဖြစ်သည်။

ဖိုးသော်က “ပြီးခဲ့တဲ့ပွဲ အရှုံးရလဒ်က အရည်အသွေးကို မှတ်ကျောက်တိုက်ခံခဲ့ရတယ်လို့ မြင်ပါတယ်။ အတွေ့အကြုံ  ကောင်းတခု ရခဲ့တယ်။ ဒီတခါလည်း မှတ်ကျောက်တိုက်မယ်ဆိုရင် အရည်အသွေးပိုကောင်းလာတာ ကိုအားလုံးမြင် ရမှာပါ။ အကောင်းဆုံး ပုံစံမရသေးပေမယ့် အရင်ကထက် ပိုကောင်းလာတယ်ဆိုတာ သက်သေပြနိုင်မှာပါ” ဟုပြောသည်။

အင်ဒိုနီးရှားကိုယ်ခံပညာ သိုင်းပေါင်းစုံလောက၏ ရှေ့ဆောင်တဦးဖြစ်သူ Legowo သည် ONE Championship ၏ ကမ္ဘာ့အဆင့်ပြိုင်ပွဲများသို့ ဝင်မပြိုင်မီက ပြည်တွင်းပြိုင်ပွဲများတွင် ကျင်လည်ခဲ့ကာ အတွေ့အကြုံကောင်းများရှိထားသူ တဦးဖြစ်သည်။

အန်တိုနီယာက “ ရှုံးခဲ့တဲ့ပွဲအတွက်တော့ နောင်တရတာမျိုးတွေ မရှိပါဘူး၊ ဒါကကိုယ့်အတွက် ရှေ့ဆက်ဖို့ အင်အားတခုရ လိုက်သလိုပါပဲ။ ဒါကြောင့် လာမယ့်ပွဲမှာ အရင်နဲ့မတူတဲ့ ပုံစံမျိုးနဲ့ ပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊ အနိုင်/အရှုံးမ ပြောနိုင်ပေမယ့် အကောင်းဆုံး လေ့ကျင့်နေပါတယ်” ဟုပြောသည်။

တိုက်ကွမ်ဒိုတွင် ခါးပတ်နက်ရရှိထားသည့် Boniface သည် Kota Kinabalu ရှိ ဆေးရုံတခုတွင် အရေးပေါ်ကုသဆောင်၌ အချိန်ပြည့် လုပ်ကိုင်နေသည့် ဆရာဝန်တဦးဖြစ်ပြီး အန်တိုနီယာနှင့် ယှဉ်ပြိုင်ထိုးသတ်ရန်အတွက် ဝါရင့်နည်းပြဖြစ်သူ lias Mansor နှင့်လေ့ကျင့်ပြင်ဆင်လျှက်ရှိသည်။

လက်ရှိတွင် ဖိုးသော်အနေဖြင့် ထိုင်းနိုင်ငံရှိ TigerMuayThai MMA Club တွင် လေ့ကျင့်ပြင်ဆင်လျှက်ရှိပြီး အန်တိုနီယာသည် အင်ဒိုနီးရှားနိုင်ငံရှိ Bali MMA Club တွင် လေ့ကျင့်ပြင်ဆင် လျှက်ရှိနေကြသည်။

မြန်မာဖိုက်တာ နှစ်ဦးလုံးအနေဖြင့် လာမည့်ပွဲစဉ်တွင် ပြိုင်ဘက်များကို အနိုင်ယူကာ ပရိတ်သတ်များအား ပျော်ရွှင်မှုပေးနိုင်ဖို့ ယုံကြည်လျှက် ရှိနေကြပြီး လာမည့် မေလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့တွင် ရန်ကုန်သို့ပြန်လည်ရောက်ရှိကြမည်ဖြစ်ကြောင်း သိရသည်။

 

[Zawgyi]

ရန္ကုန္ၿမိဳ႕ ၊ သုဝဏၰအားကစား ခန္းမတြင္ မတ္လ ၈ ရက္ေန႔၌က်င္းပမည့္ ONE Championship (One:Reign Of Valor) တြင္ ၿပီးခဲ့သည့္ ပြဲစဥ္မွအရႈံးရလဒ္ကို ေျခဖ်က္ကာ အေကာင္းဆုံးယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း ဖိုးေသာ္ႏွင့္ အန္တိုနီယာ တို႔က  ေျပာသည္။

ဖိုးေသာ္အေနျဖင့္ ယခုပြဲစဥ္တြင္ အင္ဒိုနီရွားႏိုင္ငံသား “The Iceman” Yohan Mulia Lagowo ႏွင့္ယွဥ္ၿပိဳင္ ထိုးသတ္မည္ျဖစ္ၿပီး အန္တိုနီယာသည္ မေလးရွားႏိုင္ငံသူ Audreylaura “ Ice Comet” Boniface ႏွင့္ယွဥ္ၿပိဳင္ ထိုးသတ္ရမည္ျဖစ္သည္။

ဖိုးေသာ္သည္ ၿပီးခဲ့သည့္ႏွစ္ ေအာက္တိုဘာ ၂၆ ရက္ေန႔က ထိုးသတ္ခဲ့သည့္ မေလးရွားကစားသမား Keanu Subba အား ပထမအခ်ီတြင္ ရႈံးနိမ့္ခဲ့ျခင္းျဖစ္ၿပီး အန္တိုနီယာသည္ ၿပီးခဲ့သည့္ပြဲစဥ္တြင္ ထိုင္းအမ်ိဳးသမီးဖိုက္တာ Rika Ishige အား ရႈံးနိမ့္ထားျခင္းျဖစ္သည္။

ဖိုးေသာ္က “ၿပီးခဲ့တဲ့ပြဲ အရႈံးရလဒ္က အရည္အေသြးကို မွတ္ေက်ာက္တိုက္ခံခဲ့ရတယ္လို႔ ျမင္ပါတယ္။ အေတြ႕အႀကဳံ  ေကာင္းတခု ရခဲ့တယ္။ ဒီတခါလည္း မွတ္ေက်ာက္တိုက္မယ္ဆိုရင္ အရည္အေသြးပိုေကာင္းလာတာ ကိုအားလုံးျမင္ ရမွာပါ။ အေကာင္းဆုံး ပုံစံမရေသးေပမယ့္ အရင္ကထက္ ပိုေကာင္းလာတယ္ဆိုတာ သက္ေသျပႏိုင္မွာပါ” ဟုေျပာသည္။

အင္ဒိုနီးရွားကိုယ္ခံပညာ သိုင္းေပါင္းစုံေလာက၏ ေရွ႕ေဆာင္တဦးျဖစ္သူ Legowo သည္ ONE Championship ၏ ကမာၻ႔အဆင့္ၿပိဳင္ပြဲမ်ားသို႔ ဝင္မၿပိဳင္မီက ျပည္တြင္းၿပိဳင္ပြဲမ်ားတြင္ က်င္လည္ခဲ့ကာ အေတြ႕အႀကဳံေကာင္းမ်ားရွိထားသူ တဦးျဖစ္သည္။

အန္တိုနီယာက “ ရႈံးခဲ့တဲ့ပြဲအတြက္ေတာ့ ေနာင္တရတာမ်ိဳးေတြ မရွိပါဘူး၊ ဒါကကိုယ့္အတြက္ ေရွ႕ဆက္ဖို႔ အင္အားတခုရ လိုက္သလိုပါပဲ။ ဒါေၾကာင့္ လာမယ့္ပြဲမွာ အရင္နဲ႔မတူတဲ့ ပုံစံမ်ိဳးနဲ႔ ျပန္လာႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္၊ အႏိုင္/အရႈံးမ ေျပာႏိုင္ေပမယ့္ အေကာင္းဆုံး ေလ့က်င့္ေနပါတယ္” ဟုေျပာသည္။

တိုက္ကြမ္ဒိုတြင္ ခါးပတ္နက္ရရွိထားသည့္ Boniface သည္ Kota Kinabalu ရွိ ေဆး႐ုံတခုတြင္ အေရးေပၚကုသေဆာင္၌ အခ်ိန္ျပည့္ လုပ္ကိုင္ေနသည့္ ဆရာဝန္တဦးျဖစ္ၿပီး အန္တိုနီယာႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ရန္အတြက္ ဝါရင့္နည္းျပျဖစ္သူ lias Mansor ႏွင့္ေလ့က်င့္ျပင္ဆင္လွ်က္ရွိသည္။

လက္ရွိတြင္ ဖိုးေသာ္အေနျဖင့္ ထိုင္းႏိုင္ငံရွိ TigerMuayThai MMA Club တြင္ ေလ့က်င့္ျပင္ဆင္လွ်က္ရွိၿပီး အန္တိုနီယာသည္ အင္ဒိုနီးရွားႏိုင္ငံရွိ Bali MMA Club တြင္ ေလ့က်င့္ျပင္ဆင္ လွ်က္ရွိေနၾကသည္။

ျမန္မာဖိုက္တာ ႏွစ္ဦးလုံးအေနျဖင့္ လာမည့္ပြဲစဥ္တြင္ ၿပိဳင္ဘက္မ်ားကို အႏိုင္ယူကာ ပရိတ္သတ္မ်ားအား ေပ်ာ္႐ႊင္မႈေပးႏိုင္ဖို႔ ယုံၾကည္လွ်က္ ရွိေနၾကၿပီး လာမည့္ ေမလ ၁ ရက္ေန႔ႏွင့္ ၂ ရက္ေန႔တို႔တြင္ ရန္ကုန္သို႔ျပန္လည္ေရာက္ရွိၾကမည္ျဖစ္ေၾကာင္း သိရသည္။

Credit: Irrawaddy

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *