[Unicode]

အလုပ်သမားတစ်ယောက်အလုပ်ထွက်တာမှာ အလုပ်ကြောင့်ထက် အထက်လူကြီးကြောင့်ပိုများတယ်ဆိုတဲ့ လေ့လာချက်ရှိပါတယ်။ အထက်လူကြီးကောင်းခြင်းဆိုးခြင်းက အလုပ်တစ်ခုအပေါ်မှာ ဘယ်လောက်နေပျော်တယ်မပျော်ဘူးဆိုတာကို အဆုံးအဖြတ်ပေးတယ်။ တစ်နေ့ ၈နာရီထက်မနည်း နေနေရတဲ့လုပ်ငန်းခွင်တစ်ခုမှာ မဖြစ်မနေ တွေ့နေရတဲ့ကိုယ့်အထက်လူကြီးက လူကြီးမဆန်ဘူး၊ ခေါင်းဆောင်မပီသဘူးဆိုရင် အလုပ်လုပ်ရတာ စိတ်ဆင်းရဲဖို့ ကောင်းပါတယ်။ ဒီတော့ ဘယ်လိုဆက်လုပ်ကြမလဲ။

၁။ ပိုတော်လာအောင်လုပ်ပါ။

စိတ်ညစ်စိတ်တိုစရာ ဝမ်းနည်းစရာတွေနဲ့ ကြုံတွေ့ရဖို့ကတော့ သေချာသလောက်ရှိတယ်။ အကောင်းဆုံးထွက်ပေါက်ကတော့ ပိုတော်လာအောင်ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ။ အလုပ်နဲ့သက်ဆိုင်ရာမှာ၊ အတွေးအခေါ်မှာ၊ ကိုယ်ရည်ကိုယ်သွေးမှာ ပိုတော်သထက်တော်လာအောင်လုပ်ပါ။ ဆိုးတဲ့အထက်လူကြီးတွေဟာ သူတို့နိုင်လို့ရတဲ့သူတွေကို ပိုအနိုင်ကျင့်လေ့ရှိတယ်။ ဘယ်လိုလူတွေကို အနိုင်ကျင့်နိုင်လဲဆိုတော့ သူတို့မရှိလည်းဖြစ်တယ်၊ အစားထိုးရလွယ်တယ်၊ အလုပ်နဲ့ပတ်သက်လို့ ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သက်လို့ လေးစားလောက်စရာအနေအထားမရှိတဲ့သူတွေကို ပိုအနိုင်ကျင့်တယ်။ ဒီတော့ ကိုယ်ဟာ မရှိမဖြစ်အနေအထားကိုရောက်လာအောင် ပိုတော်လာအောင်ဖန်တီးယူမယ်ဆိုရင် ကိုယ့်အပေါ်မှာအရင်ကလောက် မဆိုးရွားနိုင်တော့ဘူး။ ယုတ်စွအဆုံး အလုပ်သစ်ရှာရရင်တောင် လွယ်ကူတယ်။ အထက်လူကြီးဆိုးလို့ ကိုယ့်တိုးတက်မှုလုံးဝမရှိဘူးဆိုရင် အရှုံးကြီးပဲမလား။

၂။ ကိုယ်ချင်းစာကြည့်လိုက်ပါ။

ပြဿနာတစ်ခုဖြစ်တဲ့အခါတိုင်းမှာ ဘက်က နှစ်ဘက်ရှိတယ်။ အဲဒါကိုမမေ့ပါနဲ့။ ကိုယ့်ဘက်က လက်ဖဝါးကို သူလက်ဖမိုးအဖြစ်မြင်တာက ဘယ်သူ့အပြစ်မှမဟုတ်ဘူး။ သူတို့အနေအထားမှာ ကိုယ်ဆိုရင်ရော ဘယ်လိုဆုံးဖြတ်မလဲ တွေးမလဲ။ သူအခု ဘယ်လိုဖိအားတွေကြုံနေရနိုင်လဲ၊ သူတို့ဘာကြောင့်ဒီလိုမျိုးဖြစ်နေရတာလဲဆိုတာကို ရိုးရိုးသားသားတွေးကြည့်ပါ။ ဥပမာ ကျွန်တော်အရင်တုန်းက ကိုယ့်ကိုလာပြီး ဖိအားပေးရင် အရမ်းမုန်းတယ်။ အဲဒီအထက်လူကြီးကို ဆိုးရွားတဲ့အထက်လူကြီးလို့ တွေးတယ်။ ဒါပေမယ့် ကိုယ်သူ့နေရာကိုရောက်လာတော့ သူဘာလို့ ဒီလိုသူများတွေကို ဖိအားပေးနေရတာလဲဆိုတာကို သဘောပေါက်လာတယ်။ အဲဒါက သူ့အလုပ်လေ။ သူ့အပေါ်မှာလည်း ဖိအားတွေရှိတာကိုး။ ရာထူးနောက်မှာ တာဝန်ယူရတာနဲ့ ဖိအားတွေရှိလာပါတယ်။ ဒါတွေကို နားလည်အောင်ကြိုးစားကြည့်ရင် ကိုယ့်ရဲ့ ခံစားမှုတွေကို သက်သာရာ ရစေပါလိမ့်မယ်။

၃။ သူ့ခေါင်းပေါ်က မကျော်ပါနဲ့ဦး။

နောက်ထပ်ရွေးချယ်ကြတဲ့နည်းလမ်းကတော့ အထက်လူကြီးရဲ့ အထက်လူကြီးနဲ့ တိုင်မလားပေါ့။ သိပ်ကောင်းလှတဲ့အကြံမဟုတ်လို့ မလုပ်ပါနဲ့ဦး။ လောဂျစ်ကိုစဉ်းစားကြည့်ရအောင်။ သူ့ကို ကိုယ့်အထက်အရာရှိအဖြစ်နေရာပေးထားတယ်ဆိုတာရဲ့ သဘောမှာ သူ့ကိုကိုယ့်ထက်ပိုယုံတယ်ဆိုတာပါနေတယ်။ သူ့ခေါင်းပေါ်ကနေကျော်ပြီး တိုင်ဖို့ကြိုးစားမှုရဲ့နောက်ဆက်တွဲက ဘာမှဆက်မဖြစ်လာဖို့များတယ်။ သူတို့အချင်းချင်းပြောဆိုပြီး ကိစ္စပြီးသွားမှာ။ မပြီးတာက ကိုယ်နဲ့ ကိုယ့်အထက်အရာရှိမပြီးဘူး။ အရင်ကထက် အခြေအနေပိုဆိုးလာနိုင်တယ်။ တကယ်လို့သာ အခုအထက်အရာရှိလုပ်နေတဲ့ ပေးနေတဲ့ဖိအားတွေက အခုကိုယ်သွားတိုင်မယ့်သူဆီကလာနေတာဆိုရင်ရော ဘယ်လိုလုပ်ကြမလဲ။ ဒါပေမယ့် အကုန်လုံးကို တိုင်လို့မရဘူးလို့ မဆိုလိုပါဘူး။ ပုဂ္ဂိုလ်ရေးဆန်လာမှုတွေ၊ အလွဲသုံးစားလုပ်မှုတွေ၊ နှောက်ယှက်မှုတွေလိုမျိုးတွေကတော့ တိုင်နိုင်ပါတယ်။

၄။ ကိုယ့်ရဲ့လမ်းကြောင်းတွေ ခံယူချက်တွေကနေ မသွေဖယ်ပါနဲ့။

စိတ်ဖိစီးမှုတွေ၊ မကျေနပ်မှုတွေနဲ့ ဆိုးရွားတဲ့အတွေ့အကြုံတွေက ကိုယ်ဘယ်လိုလူလဲဆိုတာကို အဆုံးအဖြတ်ပေးမသွားပါစေနဲ့။ တခြားသူတစ်ယောက်ရဲ့လုပ်ရပ်တွေက ကိုယ့်ခံယူချက်တွေ၊ တန်ဖိုးတွေကို မယုတ်လျော့သွားပါစေနဲ့။ ဆရာဖြိုးသီဟရဲ့ စကားကိုယူသုံးရရင် မှန်လိုမကျင့်ပါနဲ့။ ပန်းချီကားလိုကျင့်ပါတဲ့။ ကိုယ့်ကိုကိုယ် ဘယ်လိုလူလဲဆိုတာကို အဆုံးအဖြတ်ပေးနိုင်သူက ကိုယ်ပဲဖြစ်ပါစေ။ တခြားလူတစ်ယောက်ဆိုးလို့ နောက်ထပ်လူတစ်ယောက်ကို ကိုယ်ဆိုးစရာမလိုဘူးဆိုတာကို သတိရပါ။ ကိုယ့်ရဲ့ လမ်းကြောင်းကို အပျောက်မခံပါနဲ့။

၅။ ကိုယ့်ကိုကိုယ် သိပ်သနားစရာကောင်းတာပဲလို့ မမြင်ပါနဲ့။

ဒါဟာ ကြုံတွေ့ရမယ့် ဘဝရဲ့ သင်ခန်းစာတွေထဲက တစ်ခုပါ။ ကိုယ့်ကိုကိုယ် သိပ်သနားစရာကောင်းတာပဲ၊ ငါမှ ဒီလိုတွေကြုံတွေ့နေရတယ်လို့ မတွေးပါနဲ့။ လူတိုင်းဟာ တစ်ခုမဟုတ် တစ်ခု ပြဿနာတွေနဲ့ ရင်ဆိုင်ဖြေရှင်းနေကြရတာပါ။ ကိုယ့်ကိုကိုယ် သိပ်သနားဖို့ကောင်းတယ်လို့မြင်တဲ့အခါ ကိုယ့်ကို မသနားရကောင်းလားဆိုပြီး ကိုယ့်ပတ်ဝန်းကျင်ကလူတွေအပေါ် အပြစ်မြင်တတ်မိတယ်။ အဲဒီအဖြစ်မျိုးကို အရောက်မခံပါနဲ့။ သနားစရာလူလို့မြင်မယ့်အစား ကိုယ့်ရဲ့တက်လမ်းတွေ၊ ဖြစ်နိုင်ခြေတွေကို ရှုမြင်ပါ။

၆။ ရသလောက်ယူသွားပါ။

ဘယ်လိုမှ မခံစားနိုင်တော့ဘူး။ အလုပ်ထွက်တော့မယ်လို့ စိတ်ကူးနေပြီဆိုရင်တော့ ရသလောက်ယူသွားနိုင်ဖို့ကို စဉ်းစားပါ။ ရသလောက်ယူသွားပါဆိုတာ အလွဲသုံးစားလုပ်သွားခိုင်းတာမဟုတ်ဘူး။ ပစ္စည်းတွေ အိမ်သယ်သွားခိုင်းတာမဟုတ်ဘူး။ ဒီအလုပ်ကနေရနိုင်တဲ့ အတွေ့အကြုံ၊ လုပ်ငန်းကျွမ်းကျင်မှု၊ အပေါင်းအသင်းမိတ်ဆွေ၊ စီးပွားဖက်အစရှိတဲ့ ကိုယ့်အတွက်အသုံးဝင်မယ့် ရနိုင်တာမှန်သမျှကို ယူသွားဖို့ပြောတာပါ။

၇။ ကိုယ့်အလှည့်ကျရင်ရော

ကိုယ်ဟာ အထက်လူကြီးဆိုးတစ်ယောက်နဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုရင် ဒီလိုကြုံတွေ့ရမှုက ဘယ်လို ခါးသီးတဲ့အတွေ့အကြုံတွေ၊ နာကျည်းမှုတွေကို ဖန်တီးတယ်ဆိုတာကို နားလည်နိုင်ပါလိမ့်မယ်။ ဒီတော့ ကိုယ်အထက်အရာရှိဖြစ်တဲ့အလှည့်ကျရင်ရော ဒီလိုခံစားမှုမျိုးတွေ ကိုယ့်ရဲ့ နာကျည်းစရာတွေလိုမျိုးကို ပေးခံစားမလား။ အဲဒါကို အမြဲသတိရနေသင့်ပါတယ်။ ကိုယ်နာကျင်ခံစားခဲ့ရဖူးရင် တခြားသူတွေ ကိုယ့်လိုမနာကျင်ရအောင် ကာကွယ်ဖေးမပေးသင့်ပါတယ်။ ကိုယ့်လက်အောက်ငယ်သားတွေဟာ ကိုယ့်အမိုးအကာကို ခိုလှုံနေကြရတဲ့သူတွေပါ။ ကိုယ့်သားသမီးတွေလို သဘောထားပေးရင် လုပ်ငန်းခွင်ဟာ ပိုသာယာအဆင်ပြေလာပါလိမ့်မယ်။

 

[Zawgyi]

အလုပ္သမားတစ္ေယာက္အလုပ္ထြက္တာမွာ အလုပ္ေၾကာင့္ထက္ အထက္လူၾကီးေၾကာင့္ပိုမ်ားတယ္ဆိုတဲ့ ေလ့လာခ်က္ရွိပါတယ္။ အထက္လူၾကီးေကာင္းျခင္းဆိုးျခင္းက အလုပ္တစ္ခုအေပၚမွာ ဘယ္ေလာက္ေနေပ်ာ္တယ္မေပ်ာ္ဘူးဆိုတာကို အဆံုးအျဖတ္ေပးတယ္။ တစ္ေန႔ ၈နာရီထက္မနည္း ေနေနရတဲ့လုပ္ငန္းခြင္တစ္ခုမွာ မျဖစ္မေန ေတြ႔ေနရတဲ့ကိုယ့္အထက္လူၾကီးက လူၾကီးမဆန္ဘူး၊ ေခါင္းေဆာင္မပီသဘူးဆိုရင္ အလုပ္လုပ္ရတာ စိတ္ဆင္းရဲဖို႔ ေကာင္းပါတယ္။ ဒီေတာ့ ဘယ္လိုဆက္လုပ္ၾကမလဲ။

၁။ ပိုေတာ္လာေအာင္လုပ္ပါ။

စိတ္ညစ္စိတ္တိုစရာ ဝမ္းနည္းစရာေတြနဲ႔ ၾကံဳေတြ႔ရဖို႔ကေတာ့ ေသခ်ာသေလာက္ရွိတယ္။ အေကာင္းဆံုးထြက္ေပါက္ကေတာ့ ပိုေတာ္လာေအာင္ကိုယ့္ကိုကိုယ္ဂရုစိုက္ပါ။ အလုပ္နဲ႔သက္ဆုိင္ရာမွာ၊ အေတြးအေခၚမွာ၊ ကိုယ္ရည္ကိုယ္ေသြးမွာ ပိုေတာ္သထက္ေတာ္လာေအာင္လုပ္ပါ။ ဆိုးတဲ့အထက္လူၾကီးေတြဟာ သူတို႔ႏုိင္လုိ႔ရတဲ့သူေတြကို ပိုအႏိုင္က်င့္ေလ့ရွိတယ္။ ဘယ္လိုလူေတြကို အႏုိင္က်င့္ႏုိင္လဲဆိုေတာ့ သူတို႔မရွိလည္းျဖစ္တယ္၊ အစားထိုးရလြယ္တယ္၊ အလုပ္နဲ႔ပတ္သက္လို႔ ကိုယ္ရည္ကိုယ္ေသြးနဲ႔ပတ္သက္လို႔ ေလးစားေလာက္စရာအေနအထားမရွိတဲ့သူေတြကို ပိုအႏုိင္က်င့္တယ္။ ဒီေတာ့ ကိုယ္ဟာ မရွိမျဖစ္အေနအထားကိုေရာက္လာေအာင္ ပိုေတာ္လာေအာင္ဖန္တီးယူမယ္ဆုိရင္ ကိုယ့္အေပၚမွာအရင္ကေလာက္ မဆိုးရြားႏုိင္ေတာ့ဘူး။ ယုတ္စြအဆံုး အလုပ္သစ္ရွာရရင္ေတာင္ လြယ္ကူတယ္။ အထက္လူၾကီးဆိုးလို႔ ကိုယ့္တိုးတက္မႈလံုးဝမရွိဘူးဆုိရင္ အရံႈးၾကီးပဲမလား။

၂။ ကိုယ္ခ်င္းစာၾကည့္လိုက္ပါ။

ျပႆနာတစ္ခုျဖစ္တဲ့အခါတိုင္းမွာ ဘက္က ႏွစ္ဘက္ရွိတယ္။ အဲဒါကိုမေမ့ပါနဲ႔။ ကိုယ့္ဘက္က လက္ဖဝါးကို သူလက္ဖမိုးအျဖစ္ျမင္တာက ဘယ္သူ႔အျပစ္မွမဟုတ္ဘူး။ သူတို႔အေနအထားမွာ ကိုယ္ဆိုရင္ေရာ ဘယ္လိုဆံုးျဖတ္မလဲ ေတြးမလဲ။ သူအခု ဘယ္လိုဖိအားေတြၾကံဳေနရႏုိင္လဲ၊ သူတုိ႔ဘာေၾကာင့္ဒီလိုမ်ိဳးျဖစ္ေနရတာလဲဆိုတာကို ရိုးရိုးသားသားေတြးၾကည့္ပါ။ ဥပမာ ကၽြန္ေတာ္အရင္တုန္းက ကိုယ့္ကိုလာျပီး ဖိအားေပးရင္ အရမ္းမုန္းတယ္။ အဲဒီအထက္လူၾကီးကို ဆိုးရြားတဲ့အထက္လူၾကီးလို႔ ေတြးတယ္။ ဒါေပမယ့္ ကိုယ္သူ႔ေနရာကိုေရာက္လာေတာ့ သူဘာလို႔ ဒီလိုသူမ်ားေတြကို ဖိအားေပးေနရတာလဲဆိုတာကို သေဘာေပါက္လာတယ္။ အဲဒါက သူ႔အလုပ္ေလ။ သူ႔အေပၚမွာလည္း ဖိအားေတြရွိတာကိုး။ ရာထူးေနာက္မွာ တာဝန္ယူရတာနဲ႔ ဖိအားေတြရွိလာပါတယ္။ ဒါေတြကို နားလည္ေအာင္ၾကိဳးစားၾကည့္ရင္ ကိုယ့္ရဲ႕ ခံစားမႈေတြကို သက္သာရာ ရေစပါလိမ့္မယ္။

၃။ သူ႔ေခါင္းေပၚက မေက်ာ္ပါနဲ႔ဦး။

ေနာက္ထပ္ေရြးခ်ယ္ၾကတဲ့နည္းလမ္းကေတာ့ အထက္လူၾကီးရဲ႕ အထက္လူၾကီးနဲ႔ တုိင္မလားေပါ့။ သိပ္ေကာင္းလွတဲ့အၾကံမဟုတ္လို႔ မလုပ္ပါနဲ႔ဦး။ ေလာဂ်စ္ကိုစဥ္းစားၾကည့္ရေအာင္။ သူ႔ကို ကိုယ့္အထက္အရာရွိအျဖစ္ေနရာေပးထားတယ္ဆိုတာရဲ႕ သေဘာမွာ သူ႔ကိုကိုယ့္ထက္ပိုယံုတယ္ဆိုတာပါေနတယ္။ သူ႔ေခါင္းေပၚကေနေက်ာ္ျပီး တုိင္ဖို႔ၾကိဳးစားမႈရဲ႕ေနာက္ဆက္တြဲက ဘာမွဆက္မျဖစ္လာဖို႔မ်ားတယ္။ သူတို႔အခ်င္းခ်င္းေျပာဆိုျပီး ကိစၥျပီးသြားမွာ။ မျပီးတာက ကိုယ္နဲ႔ ကိုယ့္အထက္အရာရွိမျပီးဘူး။ အရင္ကထက္ အေျခအေနပိုဆိုးလာႏုိင္တယ္။ တကယ္လို႔သာ အခုအထက္အရာရွိလုပ္ေနတဲ့ ေပးေနတဲ့ဖိအားေတြက အခုကိုယ္သြားတုိင္မယ့္သူဆီကလာေနတာဆိုရင္ေရာ ဘယ္လိုလုပ္ၾကမလဲ။ ဒါေပမယ့္ အကုန္လံုးကို တုိင္လုိ႔မရဘူးလို႔ မဆိုလိုပါဘူး။ ပုဂၢိဳလ္ေရးဆန္လာမႈေတြ၊ အလြဲသံုးစားလုပ္မႈေတြ၊ ေႏွာက္ယွက္မႈေတြလိုမ်ိဳးေတြကေတာ့ တုိင္ႏုိင္ပါတယ္။

၄။ ကိုယ့္ရဲ႕လမ္းေၾကာင္းေတြ ခံယူခ်က္ေတြကေန မေသြဖယ္ပါနဲ႔။

စိတ္ဖိစီးမႈေတြ၊ မေက်နပ္မႈေတြနဲ႔ ဆိုးရြားတဲ့အေတြ႔အၾကံဳေတြက ကိုယ္ဘယ္လိုလူလဲဆိုတာကို အဆံုးအျဖတ္ေပးမသြားပါေစနဲ႔။ တျခားသူတစ္ေယာက္ရဲ႕လုပ္ရပ္ေတြက ကိုယ့္ခံယူခ်က္ေတြ၊ တန္ဖိုးေတြကို မယုတ္ေလ်ာ့သြားပါေစနဲ႔။ ဆရာျဖိဳးသီဟရဲ႕ စကားကိုယူသံုးရရင္ မွန္လိုမက်င့္ပါနဲ႔။ ပန္းခ်ီကားလိုက်င့္ပါတဲ့။ ကိုယ့္ကိုကိုယ္ ဘယ္လိုလူလဲဆိုတာကို အဆံုးအျဖတ္ေပးႏုိင္သူက ကိုယ္ပဲျဖစ္ပါေစ။ တျခားလူတစ္ေယာက္ဆိုးလို႔ ေနာက္ထပ္လူတစ္ေယာက္ကို ကိုယ္ဆိုးစရာမလိုဘူးဆိုတာကို သတိရပါ။ ကိုယ့္ရဲ႕ လမ္းေၾကာင္းကို အေပ်ာက္မခံပါနဲ႔။

၅။ ကိုယ့္ကိုကိုယ္ သိပ္သနားစရာေကာင္းတာပဲလို႔ မျမင္ပါနဲ႔။

ဒါဟာ ၾကံဳေတြ႔ရမယ့္ ဘဝရဲ႕ သင္ခန္းစာေတြထဲက တစ္ခုပါ။ ကိုယ့္ကိုကိုယ္ သိပ္သနားစရာေကာင္းတာပဲ၊ ငါမွ ဒီလိုေတြၾကံဳေတြ႔ေနရတယ္လို႔ မေတြးပါနဲ႔။ လူတုိင္းဟာ တစ္ခုမဟုတ္ တစ္ခု ျပႆနာေတြနဲ႔ ရင္ဆိုင္ေျဖရွင္းေနၾကရတာပါ။ ကိုယ့္ကိုကိုယ္ သိပ္သနားဖို႔ေကာင္းတယ္လို႔ျမင္တဲ့အခါ ကိုယ့္ကို မသနားရေကာင္းလားဆိုျပီး ကိုယ့္ပတ္ဝန္းက်င္ကလူေတြအေပၚ အျပစ္ျမင္တတ္မိတယ္။ အဲဒီအျဖစ္မ်ိဳးကို အေရာက္မခံပါနဲ႔။ သနားစရာလူလို႔ျမင္မယ့္အစား ကိုယ့္ရဲ႕တက္လမ္းေတြ၊ ျဖစ္ႏုိင္ေျခေတြကို ရႈျမင္ပါ။

၆။ ရသေလာက္ယူသြားပါ။

ဘယ္လိုမွ မခံစားႏုိင္ေတာ့ဘူး။ အလုပ္ထြက္ေတာ့မယ္လုိ႔ စိတ္ကူးေနျပီဆုိရင္ေတာ့ ရသေလာက္ယူသြားႏုိင္ဖုိ႔ကို စဥ္းစားပါ။ ရသေလာက္ယူသြားပါဆိုတာ အလြဲသံုးစားလုပ္သြားခုိင္းတာမဟုတ္ဘူး။ ပစၥည္းေတြ အိမ္သယ္သြားခုိင္းတာမဟုတ္ဘူး။ ဒီအလုပ္ကေနရႏုိင္တဲ့ အေတြ႔အၾကံဳ၊ လုပ္ငန္းကၽြမ္းက်င္မႈ၊ အေပါင္းအသင္းမိတ္ေဆြ၊ စီးပြားဖက္အစရွိတဲ့ ကိုယ့္အတြက္အသံုးဝင္မယ့္ ရႏုိင္တာမွန္သမွ်ကို ယူသြားဖို႔ေျပာတာပါ။

၇။ ကိုယ့္အလွည့္က်ရင္ေရာ

ကိုယ္ဟာ အထက္လူၾကီးဆိုးတစ္ေယာက္နဲ႔ ၾကံဳေတြ႔ခဲ့ရတယ္ဆိုရင္ ဒီလိုၾကံဳေတြ႔ရမႈက ဘယ္လို ခါးသီးတဲ့အေတြ႔အၾကံဳေတြ၊ နာက်ည္းမႈေတြကို ဖန္တီးတယ္ဆုိတာကို နားလည္ႏုိင္ပါလိမ့္မယ္။ ဒီေတာ့ ကိုယ္အထက္အရာရွိျဖစ္တဲ့အလွည့္က်ရင္ေရာ ဒီလိုခံစားမႈမ်ိဳးေတြ ကိုယ့္ရဲ႕ နာက်ည္းစရာေတြလိုမ်ိဳးကို ေပးခံစားမလား။ အဲဒါကုိ အျမဲသတိရေနသင့္ပါတယ္။ ကိုယ္နာက်င္ခံစားခဲ့ရဖူးရင္ တျခားသူေတြ ကိုယ့္လိုမနာက်င္ရေအာင္ ကာကြယ္ေဖးမေပးသင့္ပါတယ္။ ကိုယ့္လက္ေအာက္ငယ္သားေတြဟာ ကိုယ့္အမိုးအကာကို ခိုလံႈေနၾကရတဲ့သူေတြပါ။ ကိုယ့္သားသမီးေတြလို သေဘာထားေပးရင္ လုပ္ငန္းခြင္ဟာ ပိုသာယာအဆင္ေျပလာပါလိမ့္မယ္။

Credit: Hello Sayarwon

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *