[Unicode]

လူတစ်ယောက်ချင်းစီမှာ သဘာဝ အာရုံ ၅ ပါးစီပေးအပ်ထားပါတယ်။ ဒါတွေကတော့ အကြားအာရုံ၊ အမြင်အာရုံ၊ အနံ့ခံအာရုံ၊ အရသာခံနိုင်စွမ်းအာရုံ နဲ့ အထိအတွေ့အာရုံတို့ပါ။ ဒီတစ်ခုချင်းစီကောင်းပါ ကျန်းမာပါမှ လူတစ်ယောက်က စိတ်လက်ချမ်းသာရတာပါနော်။ ဒီလိုမျိုးကျန်းမာဖို့ဆိုရာမှာလည်း လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေပြည့်ဝနေဖို့လိုအပ်မှာပါ။ ဒီတစ်ခေါက်တော့ အကြားအာရုံလေးကောင်းဖို့ ဘာတွေလိုအပ်မလဲဆိုတာကို နည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။

အကြားအာရုံကောင်းစေဖို့ ဒါတွေလိုအပ်ပါမယ်

တစ်ကိုယ်လုံး ဟန်ချက်ညီညီလှုပ်ရှားပြီး ကျန်းမာနေစေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ သင့်တင့်မျှတစွာရရှိဖို့လိုအပ်မှာပါ။ အကြားအာရုံကောင်းစေဖို့ဆိုရင်တော့

ပိုတက်ဆီယမ်

အကြားအာရုံအတွက်အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ အတွင်းနားရဲ့ အရည်ဓာတ်ကို ထိန်းညှိပေးပါတယ်။ အရွယ်ရလာတာနဲ့အမျှ အရည်ဓာတ်ကျဆင်းလာပြီးအကြားအာရုံချို့တဲ့လာနိုင်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်ကြွယ်ဝစေဖို့ အာလူး၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ပဲအမျိုးမျိုး၊ စပျစ်သီးခြောက်၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ဒိန်ချဉ်၊ အဆီထုတ်နို့တို့စားသုံးပေးပါ။

ဖောလစ်အက်ဆစ်

ဆဲလ်အသစ်တွဖြစ်ပေါ်အောင်လှုံ့ဆော်ပေးပြီး ခန္ဓာကိုယ်တလျှောက်သွေးစီးဆင်းမှုကောင်းမွန်စေနိုင်ပါတယ်။ နားအတွင်းပိုင်းကမွှေးညှင်းလေးတွေရဲ့ဆဲလ်တွေကိုကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ဖောလစ်အက်ဆစ်ရရှိစေဖို့ အသည်း၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ နဲ့ကညွတ်တို့စားပေးပါ။-

မဂ္ဂနီဆီယမ်

ဆူညံလွန်းတဲ့အသံတွေကြောင့် အကြားအာရုံမထိခိုက်အောင်ကာကွယ်ပေးတဲ့ သတ္တုဓာတ်တစ်မျိုးပါ။ နားအတွင်းပိုင်းကမွှေးညှင်းလေးတွေရဲ့ဆဲလ်တွေကို ကျန်းမာသန်စွမ်းစေနိုင်ပြီ ဆူညံသံတွေကို ကာကွယ်ပေးပါတယ်။ အတွင်းနားထဲက သွေးကြောတွေကိုကျန်းမာစေပြီး သွေးစီးဆင်းမှုကောင်းမွန်စေနိုင်ပါတယ်။ ငှက်ပျောသီး၊ အာလူး၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်းတို့စားသုံးပေးပြီး မဂ္ဂနီဆီယမ်ဓာတ်ဖြည့်တင်းပေးပါ။

ဇင့်

ဆဲလ်တွေကြီးထွားဖွံ့ဖြိုးစေပြီး အနာကျက်စေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်ပြီး အနာကျက်မြန်စေနိုင်သလို ရောဂါပိုးကူးစက်တာတွေကနေကာကွယ်ပေးပါတယ်။ နားတွင်းပိုးဝင်တာကို ကာကွယ်ပေးနိုင်ပါတယ်။ အမဲသား၊ ဝက်သား၊ ကြက်နက်သား၊သစ်ကြားသီး၊အယ်လ်မွန်စေ့၊ မြေပဲ၊ ပဲအမျိုးမျိုး၊ ကမာ၊ အနက်ရောင်ချောကလက်တို့မှာ ဇင့်ဓာတ်ပါဝင်ပါတယ်။

Omega 3 Fatty Acid နဲ့ ဗီတာမင် D

နာကျင်ရာင်ရမ်းမှုကိုသက်သာစေပြီး အရွယ်တင်နိုပျိုစေနိုင်ပါတယ်။ သူ့ဂုဏ်သတ္တိကဒီလောက်နဲ့မပြီးပါဘူး။ အကြားအာရုံကိုပါ ကျန်းမာစေနိုင်ပါတယ်။ Omega 3 Fatty Acid ကအသက်အရွယ်ကြောင့်ဖြစ်တဲ့ အကြားအာရုံဆုံးရှုံးမှုကို ၄၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်၊လို့ လေ့လာမှုဗတွအရ သိရပါတယ်။ ဦးနှောက်နဲ့အကြားအာရုံတို့ကြားက အချက်ပြစနစ်ကို အကောင်းဆုံး ချိတ်ဆက်နိုင်စေဖို့လည်း အထောက်အပံ့ပေးပါတယ်။ ငါးကြီးဆီ၊ နှမ်းကြတ်စေ့ဆီ၊ဆယ်လ်မွန်ငါး၊ပဲပိစပ်ဆီ၊ ဆာဒင်းငါးတို့ကနေ Omega 3 Fatty Acid ကိုရရှိနိုင်ပါတယ်။

Hello ဆရာဝန်ပရိသတ်ကြီးအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတတဲ့ စားသောက်မှုပုံစံကိုမွေးမြူမယ်ဆိုရင် ခန္ဓာကိုယ်ကလည်း လိုအပ်တဲ့ သတ္တုဓာတ်နဲ့ ဗီတာမင်တွေကို လုံလောက်စွာရရှိထုတ်လုပ်နိုင်ပြီး အကြားအာရုံရော တစ်ကိုယ်လုံးပါကျန်းမာနေမှာပါ။

 

[Zawgyi]

လူတစ္ေယာက္ခ်င္းစီမွာ သဘာဝ အာရံု ၅ ပါးစီေပးအပ္ထားပါတယ္။ ဒါေတြကေတာ့ အၾကားအာရံု၊ အျမင္အာရံု၊ အနံ႔ခံအာရံု၊ အရသာခံႏိုင္စြမ္းအာရံု နဲ႔ အထိအေတြ႔အာရံုတို႔ပါ။ ဒီတစ္ခုခ်င္းစီေကာင္းပါ က်န္းမာပါမွ လူတစ္ေယာက္က စိတ္လက္ခ်မ္းသာရတာပါေနာ္။ ဒီလိုမ်ိဳးက်န္းမာဖို႔ဆိုရာမွာလည္း လိုအပ္တဲ့ ဗီတာမင္ နဲ႔ သတၱဳဓာတ္ေတြျပည့္ဝေနဖို႔လိုအပ္မွာပါ။ ဒီတစ္ေခါက္ေတာ့ အၾကားအာရံုေလးေကာင္းဖို႔ ဘာေတြလိုအပ္မလဲဆိုတာကို နည္းနည္းေလာက္ေဆြးေႏြးခ်င္ပါတယ္။

အၾကားအာရံုေကာင္းေစဖို႔ ဒါေတြလိုအပ္ပါမယ္

တစ္ကိုယ္လံုး ဟန္ခ်က္ညီညီလႈပ္ရွားျပီး က်န္းမာေနေစဖို႔ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ သင့္တင့္မွ်တစြာရရွိဖို႔လိုအပ္မွာပါ။ အၾကားအာရံုေကာင္းေစဖို႔ဆိုရင္ေတာ့

ပိုတက္ဆီယမ္

အၾကားအာရံုအတြက္အေရးပါတဲ့ အစိတ္အပိုင္းျဖစ္တဲ့ အတြင္းနားရဲ႕ အရည္ဓာတ္ကို ထိန္းညွိေပးပါတယ္။ အရြယ္ရလာတာနဲ႔အမွ် အရည္ဓာတ္က်ဆင္းလာျပီးအၾကားအာရံုခ်ိဳ႕တဲ့လာႏိုင္ပါတယ္။ ဒါေၾကာင့္ ပိုတက္ဆီယမ္ၾကြယ္ဝေစဖို႔ အာလူး၊ ဟင္းႏုႏြယ္၊ ခရမ္းခ်ဉ္သီး၊ပဲအမ်ိဳးမ်ိဳး၊ စပ်စ္သီးေျခာက္၊ ငွက္ေပ်ာသီး၊ လိေမၼာ္သီး၊ ဒိန္ခ်ဉ္၊ အဆီထုတ္ႏို႔တို႔စားသံုးေပးပါ။

ေဖာလစ္အက္ဆစ္

ဆဲလ္အသစ္တြျဖစ္ေပၚေအာင္လႈံ႔ေဆာ္ေပးျပီး ခႏၶာကိုယ္တေလွ်ာက္ေသြးစီးဆင္းမႈေကာင္းမြန္ေစႏိုင္ပါတယ္။ နားအတြင္းပိုင္းကေမႊးညွင္းေလးေတြရဲ႕ဆဲလ္ေတြကိုက်န္းမာေစႏိုင္ပါတယ္။ ဒါေၾကာင့္ ေဖာလစ္အက္ဆစ္ရရွိေစဖို႔ အသည္း၊ ဟင္းႏုႏြယ္၊ ပန္းေဂၚဖီစိမ္း၊ နဲ ႔ကညြတ္တို႔စားေပးပါ။-

မဂၢနီဆီယမ္

ဆူညံလြန္းတဲ့အသံေတြေၾကာင့္ အၾကားအာရံုမထိခိုက္ေအာင္ကာကြယ္ေပးတဲ့ သတၱဳဓာတ္တစ္မ်ိဳးပါ။ နားအတြင္းပိုင္းကေမႊးညွင္းေလးေတြရဲ႕ဆဲလ္ေတြကို က်န္းမာသန္စြမ္းေစႏိုင္ျပီ ဆူညံသံေတြကို ကာကြယ္ေပးပါတယ္။ အတြင္းနားထဲက ေသြးေၾကာေတြကိုက်န္းမာေစျပီး ေသြးစီးဆင္းမႈေကာင္းမြန္ေစႏိုင္ပါတယ္။ ငွက္ေပ်ာသီး၊ အာလူး၊ ဟင္းႏုႏြယ္၊ ပန္းေဂၚဖီစိမ္းတို႔စားသံုးေပးျပီး မဂၢနီဆီယမ္ဓာတ္ျဖည့္တင္းေပးပါ။

ဇင့္

ဆဲလ္ေတြၾကီးထြားဖြံ႔ျဖိဳးေစျပီး အနာက်က္ေစႏိုင္ပါတယ္။ ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစႏိုင္ျပီး အနာက်က္ျမန္ေစႏိုင္သလို ေရာဂါပိုးကူးစက္တာေတြကေနကာကြယ္ေပးပါတယ္။ နားတြင္းပိုးဝင္တာကို ကာကြယ္ေပးႏိုင္ပါတယ္။ အမဲသား၊ ဝက္သား၊ ၾကက္နက္သား၊သစ္ၾကားသီး၊အယ္လ္မြန္ေစ့၊ ေျမပဲ၊ ပဲအမ်ိဳးမ်ိဳး၊ ကမာ၊ အနက္ေရာင္ေခ်ာကလက္တို႔မွာ ဇင့္ဓာတ္ပါဝင္ပါတယ္။

Omega 3 Fatty Acid နဲ႔ ဗီတာမင္ D

နာက်င္ရာင္ရမ္းမႈကိုသက္သာေစျပီး အရြယ္တင္ႏိုပ်ိဳေစႏိုင္ပါတယ္။ သူ႔ဂုဏ္သတၱိကဒီေလာက္နဲ႔မျပီးပါဘူး။ အၾကားအာရံုကိုပါ က်န္းမာေစႏိုင္ပါတယ္။ Omega 3 Fatty Acid ကအသက္အရြယ္ေၾကာင့္ျဖစ္တဲ့ အၾကားအာရံုဆံုးရံႈးမႈကို ၄၀ ရာခိုင္ႏႈန္းအထိေလွ်ာ႔ခ်ေပးႏိုင္ပါတယ္၊လို႔ ေလ့လာမႈဗတြအရ သိရပါတယ္။ ဦးေႏွာက္နဲ႔အၾကားအာရံုတို႔ၾကားက အခ်က္ျပစနစ္ကို အေကာင္းဆံုး ခ်ိတ္ဆက္ႏို္င္ေစဖို႔လည္း အေထာက္အပံ့ေပးပါတယ္။ ငါးၾကီးဆီ၊ ႏွမ္းၾကတ္ေစ့ဆီ၊ဆယ္လ္မြန္ငါး၊ပဲပိစပ္ဆီ၊ ဆာဒင္းငါးတို႔ကေန Omega 3 Fatty Acid ကိုရရွိႏိုင္ပါတယ္။

Hello ဆရာဝန္ပရိသတ္ၾကီးအေနနဲ႔ က်န္းမာေရးနဲ႔ညီညြတ္ျပီး အာဟာရမွ်တတဲ့ စားေသာက္မႈပံုစံကိုေမြးျမဴမယ္ဆိုရင္ ခႏၶာကိုယ္ကလည္း လိုအပ္တဲ့ သတၱဳဓာတ္နဲ႔ ဗီတာမင္ေတြကို လံုေလာက္စြာရရွိထုတ္လုပ္ႏိုင္ျပီး အၾကားအာရံုေရာ တစ္ကိုယ္လံုးပါက်န္းမာေနမွာပါ။

Credit: Hello Sayarwon

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *