[Unicode]

အမေရိကန်စစ်တပ်ဟာ ကောင်းကင်ကနေ အခြားတပ်ဖွဲ့တွေကို ထောက်လှမ်းနိုင်မယ့် ဒရုန်းအသေးစားတွေကို မြေပြင်တပ်ဖွဲ့တွေအားလုံးနီးပါးမှာ အသုံးပြုဖို့ ရည်မှန်းထားပါတယ်။

အဲဒီကိရိယာအတွက် ကန်ထရိုတက်တန်ဖိုးက ဒေါ်လာ ၃၉.၆သန်းရှိပြီး အမေရိကန်နိုင်ငံ အော်ရီဂွန်အခြေစိုက် ကုမ္ပဏီ FLIR Systems ကငွေကြေးထောက်ပံ့ခဲ့ပါတယ်။ FLIR Systems ဟာ အပူနဲ့ပုံဖော်တာ၊ စောင့်ကြည့်လေ့ လာတာနဲ့ လမ်းညွှန်နည်းပညာစနစ်တွေကို ဖန်တီးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။FLIR ဟာ လက်ဖဝါးထဲမှာ ထည့်ထားနိုင်တဲ့ ဒရုန်းအသေးစားလေးတွေဖြစ်တဲ့ Black Hornet Personal Reconnaissance Systems (PRS) နဲ့စစ်တပ်ကို ထောက်ပံ့ဖို့ ရှိပါတယ်။

အဲဒီဒရုန်းတွေဟာ အဝေးကနေ ထိန်းချုပ်နိုင်တဲ့ အဆင့်မြင့်နာနိုစနစ်တွေ ဖြစ်ပြီး အရှည် ၆.၆လက်မနဲ့ အလေးချိန်က ၃၃ ဂရမ်ပဲရှိပါတယ်။ဒရုန်းအနေနဲ့ ၁၂၄မိုင်အကွာအဝေ၊ မြန်နှုန်း တစ်နာရီ ၁၃.၃၅မိုင်အထိသွားနိုင်သလို အားတစ်ခါသွင်းထားရင် ၂၅မိနစ်အထိ အသုံးပြုနိုင်ပါတယ်။
ဒရုန်းအသေးစားလေးဟာ HD ဓာတ်ပုံတွေနဲ့ တိုက်ရိုက်ဗီဒီယိုတွေ ကြည့်နိုင်ပါတယ်။ မြေပြင်ကနေ ထိန်းချုပ်သူဖြစ်တဲ့ တပ်ဖွဲ့ဆီကို အချက်အလက်တွေ ပေးပို့နိုင်ကာ AES 256 နဲ့ encrypt လုပ်ထားပါတယ်။
FLIR ကုမ္ပဏီရဲ့ ပြောကြားချက်အရ Black Hornet အမည်ရ ဒရုန်းအသေးစားဟာ အပူချိန် အနုတ် ၁၀ ဆဲလ်စီယပ်ကနေ ၄၃ဆဲလ်စီယပ်အတွင်း ပြုလုပ်ပေးနိုင်သလို လေပြင်းအရှိန် ၂၀နော့ခ်အထိ ခံနိုင်ရည်ရှိပါတယ်။
Black Hornet တွေကို မြေပြင်ကနေ လေ့လာစောင့်ကြည့်မှု ပြုလုပ်ဖို့ လိုအပ်မယ့် အမေရိကန်တပ်စုနဲ့ ယူနစ်တွေဆီ ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။

 

[Zawgyi]

အေမရိကန္စစ္တပ္ဟာ ေကာင္းကင္ကေန အျခားတပ္ဖြဲ႕ေတြကုိ ေထာက္လွမ္းႏိုင္မယ့္ ဒ႐ုန္းအေသးစားေတြကို ေျမျပင္တပ္ဖြဲ႕ေတြအားလုံးနီးပါးမွာ အသုံးျပဳဖို႔ ရည္မွန္းထားပါတယ္။

အဲဒီကိရိယာအတြက္ ကန္ထ႐ုိတက္တန္ဖိုးက ေဒၚလာ ၃၉.၆သန္းရွိၿပီး အေမရိကန္ႏိုင္ငံ ေအာ္ရီဂြန္အေျခစိုက္ ကုမၸဏီ FLIR Systems ကေငြေၾကးေထာက္ပံ့ခဲ့ပါတယ္။ FLIR Systems ဟာ အပူနဲ႔ပုံေဖာ္တာ၊ ေစာင့္ၾကည့္ေလ့ လာတာနဲ႔ လမ္းညႊန္နည္းပညာစနစ္ေတြကုိ ဖန္တီးေနတဲ့ ကုမၸဏီျဖစ္ပါတယ္။FLIR ဟာ လက္ဖဝါးထဲမွာ ထည့္ထားႏိုင္တဲ့ ဒ႐ုန္းအေသးစားေလးေတြျဖစ္တဲ့ Black Hornet Personal Reconnaissance Systems (PRS) နဲ႔စစ္တပ္ကုိ ေထာက္ပံ့ဖို႔ ရွိပါတယ္။

အဲဒီဒ႐ုန္းေတြဟာ အေဝးကေန ထိန္းခ်ဳပ္ႏိုင္တဲ့ အဆင့္ျမင့္နာႏိုစနစ္ေတြ ျဖစ္ၿပီး အရွည္ ၆.၆လက္မနဲ႔ အေလးခ်ိန္က ၃၃ ဂရမ္ပဲရွိပါတယ္။ဒ႐ုန္းအေနနဲ႔ ၁၂၄မိုင္အကြာအေဝ၊ ျမန္ႏႈန္း တစ္နာရီ ၁၃.၃၅မိုင္အထိသြားႏိုင္သလုိ အားတစ္ခါသြင္းထားရင္ ၂၅မိနစ္အထိ အသုံးျပဳႏိုင္ပါတယ္။
ဒ႐ုန္းအေသးစားေလးဟာ HD ဓာတ္ပုံေတြနဲ႔ တိုက္႐ိုက္ဗီဒီယိုေတြ ၾကည့္ႏိုင္ပါတယ္။ ေျမျပင္ကေန ထိန္းခ်ဳပ္သူျဖစ္တဲ့ တပ္ဖြဲ႕ဆီကုိ အခ်က္အလက္ေတြ ေပးပုိ႔ႏိုင္ကာ AES 256 နဲ႔ encrypt လုပ္ထားပါတယ္။
FLIR ကုမၸဏီရဲ႕ ေျပာၾကားခ်က္အရ Black Hornet အမည္ရ ဒ႐ုန္းအေသးစားဟာ အပူခ်ိန္ အႏုတ္ ၁၀ ဆဲလ္စီယပ္ကေန ၄၃ဆဲလ္စီယပ္အတြင္း ျပဳလုပ္ေပးႏိုင္သလုိ ေလျပင္းအရွိန္ ၂၀ေနာ႔ခ္အထိ ခံႏိုင္ရည္ရွိပါတယ္။
Black Hornet ေတြကုိ ေျမျပင္ကေန ေလ့လာေစာင့္ၾကည့္မႈ ျပဳလုပ္ဖို႔ လုိအပ္မယ့္ အေမရိကန္တပ္စုနဲ႔ ယူနစ္ေတြဆီ ျဖန္႔ေဝသြားမယ္လို႔ သိရပါတယ္။

Ref: ZDNet

Credit: Internet Journal

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *