[Unicode]

နယူးဇီလန်နိုင်ငံမှာ တောမီးများ လောင်ကျွမ်းနေလျက်ရှိပြီး ယင်းတောမီးတွေကတော့ လာမယ့် သီတင်းပတ်တွေအထိ ဆက်လက်လောင်ကျွမ်းနေဖွယ် ရှိကြောင်း မီးသတ်သမားတွေက ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောပါတယ်။

သို့ပေမယ့်လည်း တောမီးတွေက လူနေဧရိယာတွေနဲ့ ဝေးရာဘက် ရောက်သွားနေတဲ့အတွက် ပြီးခဲ့တဲ့ရက်က ဘေးလွတ်ရာ တိမ်းရှောင်နေသူတွေကိုလည်း ၎င်းတို့ရဲ့နေအိမ်တွေဆီ ပြန်လာခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။

တောင်ပိုင်းကျွန်း နယ်လ်ဆင်ဒေသအနီးမှာ တောမီးတွေ လောင်ကျွမ်းခဲ့မှုကြောင့် အနီးအနားမှာ နေထိုင်တဲ့ ပြည်သူ ၃,၀၀၀ ကျော်လောက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်က ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းထားခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက စတင် လောင်ကျွမ်းနေခဲ့တဲ့ တောမီးတွေကြောင့် ခန့်မှန်းခြေအားဖြင့် ဟက်တာပေါင်း ၂,၃၀၀ (၅,၇၀၀ ဧက) လောက် လောင်ကျွမ်းပျက်စီးသွားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အခြေအနေက တည်ငြိမ်လာပြီ ဖြစ်ပေမယ့် တောမီးတွေကို ဘယ်အချိန်မှာ အပြည့်အဝ ထိန်းချုပ်နိုင်မယ်ဆိုတာနဲ့ ပတ်သက်လို့ကတော့ ပြောဖို့ စောနေသေးကြောင်း မီးသတ်ဌာနအကြီးအကဲ ဂျွန် ဆက်တန်က ပြောသွားပါတယ်။

 

[Zawgyi]

နယူးဇီလန္ႏိုင္ငံမွာ ေတာမီးမ်ား ေလာင္ကြၽမ္းေနလ်က္ရွိၿပီး ယင္းေတာမီးေတြကေတာ့ လာမယ့္ သီတင္းပတ္ေတြအထိ ဆက္လက္ေလာင္ကြၽမ္းေနဖြယ္ ရွိေၾကာင္း မီးသတ္သမားေတြက ေဖေဖာ္ဝါရီ ၁၁ ရက္မွာ ေျပာပါတယ္။

သို႔ေပမယ့္လည္း ေတာမီးေတြက လူေနဧရိယာေတြနဲ႔ ေဝးရာဘက္ ေရာက္သြားေနတဲ့အတြက္ ၿပီးခဲ့တဲ့ရက္က ေဘးလြတ္ရာ တိမ္းေရွာင္ေနသူေတြကိုလည္း ၎တို႔ရဲ႕ေနအိမ္ေတြဆီ ျပန္လာခြင့္ျပဳထားတယ္လို႔လည္း သိရပါတယ္။

ေတာင္ပိုင္းကြၽန္း နယ္လ္ဆင္ေဒသအနီးမွာ ေတာမီးေတြ ေလာင္ကြၽမ္းခဲ့မႈေၾကာင့္ အနီးအနားမွာ ေနထိုင္တဲ့ ျပည္သူ ၃,၀၀၀ ေက်ာ္ေလာက္ကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၉ ရက္က ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းခိုင္းထားခဲ့ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ကတည္းက စတင္ ေလာင္ကြၽမ္းေနခဲ့တဲ့ ေတာမီးေတြေၾကာင့္ ခန႔္မွန္းေျခအားျဖင့္ ဟက္တာေပါင္း ၂,၃၀၀ (၅,၇၀၀ ဧက) ေလာက္ ေလာင္ကြၽမ္းပ်က္စီးသြားတယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာ အေျခအေနက တည္ၿငိမ္လာၿပီ ျဖစ္ေပမယ့္ ေတာမီးေတြကို ဘယ္အခ်ိန္မွာ အျပည့္အဝ ထိန္းခ်ဳပ္ႏိုင္မယ္ဆိုတာနဲ႔ ပတ္သက္လို႔ကေတာ့ ေျပာဖို႔ ေစာေနေသးေၾကာင္း မီးသတ္ဌာနအႀကီးအကဲ ဂြၽန္ ဆက္တန္က ေျပာသြားပါတယ္။

Credit: Mizzima

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *