ဓာတ်ပုံ-YKKO

 

[Unicode]

 YKKO ကြေးအိုး၏ လက်ရှိနှင့် ခန့်မှန်းဝင်ငွေ တို့ကိုပါ ထည့်သွင်းပြီး အစုရှယ်ယာ ၆၅ ရာခိုင်နှုန်းကို Yoma Strategic မှ စုစုပေါင်းကျပ်ငွေ ၁၉.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂.၆ သန်း) ဖြင့် ဝယ်ယူလိုက်ပြီဖြစ်သည်။

အဆိုပါကြေညာချက်ကို ဖေဖော်ဝါရီလ ၁၁ ရက်တွင် Yoma မှ ကြေညာခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့၏ မှတ်တမ်းများအရ (YKKO Yankin Kyay Oh Group of Companies Limited )၏ စုစုပေါင်းတန်ဖိုးမှာ ကျပ်ငွေ ၆.၂၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၀၉ သန်း) ရှိသည်ဟု သိရသည်။

“YKKO သည် မြန်မာနိုင်ငံတွင် လူကြိုက်များသော အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ၎င်း၏ကြေးအိုးသည် ကျွန်တော်တို့နှင့်အတူ ကြီးပြင်းလာခဲ့သည်မှာ နှစ်ပေါင်း ၃၀ တိုင်ပြီဖြစ်သည်။ မိသားစုစားသောက်ဆိုင်လေးမှ စတင်ခဲ့ပြီး နိုင်ငံ၏နာမည်ကြီး F&B အမှတ်ဆံဆိပ်တစ်ခုဖြစ်လာခဲ့သည့် YKKO သည် မြန်မာနိုင်ငံ၏ အောင်မြင်မှုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ၎င်းအား အနာဂတ်တွင် ပိုမိုတိုးတက်ကြီးပွားလာအောင် ကျွန်တော်တို့မှ ပံ့ပိုးကူညီခွင့်ရသည့်အတွက် အလွန်ပင်ဂုဏ်ယူမိပါသည်” ဟု Yoma Strategic ၏ CEO Mr. Melvyn Pun က  ပြောသည်။

ကြေးအိုးသည် ကြာဇံနှင့် ဆန်ပြားခေါက်ဆွဲအပေါ်အခြေခံသည့် စားသောက်ဖွယ်တစ်ခုဖြစ်ပြီး YKKO သည် ၎င်း၏ ကြေးအိုးကြောင့် နာမည်ကြီးလူသိများသည်။ ကြေးအိုးအပြင် မြန်မာစတိုင် ဘာဘီကျူးမှအစ တရုတ်နှင့် ယိုးဒယားအစားအစာအထိပါ ရရှိနိုင်သည်။

” လွန်ခဲ့တဲ့ အနှစ်(၃ဝ) ကျော်က ရန်ကင်းက စခဲ့တဲ့ ဆိုင်လေးမှ ဆရာစံဆိုင်ခွဲနှင့် ယခုလို ဆိုင်ပေါင်း (၄ဝ) နီးပါးရှိတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာအောင် ဝိုင်းဝန်းကြိုးပန်းခဲ့တဲ့ ဝန်ထမ်းများ၊ partner များနှင့် အတူ အားပေးခဲ့တဲ့ customer များအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ Yoma Strategic Holdings လို YKKO နှင့် ရည်တည်ချက်ခြင်းတူတဲ့ အဖွဲ့အစည်းနှင့် ပူးပေါင်းပြီး နိုင်ငံတကာကို လှမ်းနိုင်တဲ့ မြန်မာအမှတ်တံဆိပ်တစ်ခုဖြစ်ဖို့ ကြိုးစားဆောင်ရွက်သွားပါ့မယ်” ဟု YKKO ၏ ဥက္ကဋ္ဌ ဒေါ်ယုယုလွင်က ပြောသည်။

၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် YKKO သည် ယခုအခါ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် မော်လမြိုင်တို့တွင် ဆိုင်ခွဲများများဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံးပြည်တွင်းစားသောက်ဆိုင်လုပ်ငန်း  ဖြစ်လာခြင်း ဖြစ်သည်။

 

[Zawgyi]

YKKO ေၾကးအိုး၏ လက္ရွိႏွင့္ ခန႔္မွန္းဝင္ေငြ တို႔ကိုပါ ထည့္သြင္းၿပီး အစုရွယ္ယာ ၆၅ ရာခိုင္ႏႈန္းကို Yoma Strategic မွ စုစုေပါင္းက်ပ္ေငြ ၁၉.၄ ဘီလီယံ (အေမရိကန္ေဒၚလာ ၁၂.၆ သန္း) ျဖင့္ ဝယ္ယူလိုက္ၿပီျဖစ္သည္။

အဆိုပါေၾကညာခ်က္ကို ေဖေဖာ္ဝါရီလ ၁၁ ရက္တြင္ Yoma မွ ေၾကညာခဲ့ျခင္း ျဖစ္သည္။

၂၀၁၈ ခုႏွစ္ စက္တင္ဘာလ ၃၀ ရက္ေန႔၏ မွတ္တမ္းမ်ားအရ (YKKO Yankin Kyay Oh Group of Companies Limited )၏ စုစုေပါင္းတန္ဖိုးမွာ က်ပ္ေငြ ၆.၂၂ ဘီလီယံ (အေမရိကန္ေဒၚလာ ၄.၀၉ သန္း) ရွိသည္ဟု သိရသည္။

“YKKO သည္ ျမန္မာႏိုင္ငံတြင္ လူႀကိဳက္မ်ားေသာ အမွတ္တံဆိပ္တစ္ခုျဖစ္ၿပီး ၎၏ေၾကးအိုးသည္ ကြၽန္ေတာ္တို႔ႏွင့္အတူ ႀကီးျပင္းလာခဲ့သည္မွာ ႏွစ္ေပါင္း ၃၀ တိုင္ၿပီျဖစ္သည္။ မိသားစုစားေသာက္ဆိုင္ေလးမွ စတင္ခဲ့ၿပီး ႏိုင္ငံ၏နာမည္ႀကီး F&B အမွတ္ဆံဆိပ္တစ္ခုျဖစ္လာခဲ့သည့္ YKKO သည္ ျမန္မာႏိုင္ငံ၏ ေအာင္ျမင္မႈဇာတ္လမ္းတစ္ပုဒ္ျဖစ္ၿပီး ၎အား အနာဂတ္တြင္ ပိုမိုတိုးတက္ႀကီးပြားလာေအာင္ ကြၽန္ေတာ္တို႔မွ ပံ့ပိုးကူညီခြင့္ရသည့္အတြက္ အလြန္ပင္ဂုဏ္ယူမိပါသည္” ဟု Yoma Strategic ၏ CEO Mr. Melvyn Pun က ေျပာသည္။

ေၾကးအိုးသည္ ၾကာဇံႏွင့္ ဆန္ျပားေခါက္ဆြဲအေပၚအေျခခံသည့္ စားေသာက္ဖြယ္တစ္ခုျဖစ္ၿပီး YKKO သည္ ၎၏ ေၾကးအိုးေၾကာင့္ နာမည္ႀကီးလူသိမ်ားသည္။ ေၾကးအိုးအျပင္ ျမန္မာစတိုင္ ဘာဘီက်ဴးမွအစ တ႐ုတ္ႏွင့္ ယိုးဒယားအစားအစာအထိပါ ရရွိႏိုင္သည္။

” လြန္ခဲ့တဲ့ အႏွစ္(၃ဝ) ေက်ာ္က ရန္ကင္းက စခဲ့တဲ့ ဆိုင္ေလးမွ ဆရာစံဆိုင္ခြဲႏွင့္ ယခုလို ဆိုင္ေပါင္း (၄ဝ) နီးပါးရွိတဲ့ အဖြဲ႕အစည္းတစ္ခု ျဖစ္လာေအာင္ ဝိုင္းဝန္းႀကိဳးပန္းခဲ့တဲ့ ဝန္ထမ္းမ်ား၊ partner မ်ားႏွင့္ အတူ အားေပးခဲ့တဲ့ customer မ်ားအားလုံးကို အထူးေက်းဇူးတင္ပါတယ္။ ဆက္လက္ၿပီးေတာ့ Yoma Strategic Holdings လို YKKO ႏွင့္ ရည္တည္ခ်က္ျခင္းတူတဲ့ အဖြဲ႕အစည္းႏွင့္ ပူးေပါင္းၿပီး ႏိုင္ငံတကာကို လွမ္းႏိုင္တဲ့ ျမန္မာအမွတ္တံဆိပ္တစ္ခုျဖစ္ဖို႔ ႀကိဳးစားေဆာင္႐ြက္သြားပါ့မယ္” ဟု YKKO ၏ ဥကၠ႒ ေဒၚယုယုလြင္က ေျပာသည္။

၁၉၈၈ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့သည့္ YKKO သည္ ယခုအခါ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္၊ ပဲခူးႏွင့္ ေမာ္လၿမိဳင္တို႔တြင္ ဆိုင္ခြဲမ်ားမ်ားျဖင့္ ျမန္မာႏိုင္ငံ၏ အႀကီးဆုံးျပည္တြင္းစားေသာက္ဆိုင္လုပ္ငန္း ျဖစ္လာျခင္း ျဖစ္သည္။

Credit: Mizzima

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *