[Zawgyi]

ေဆးျမီးတိုေတာ့ မဟုတ္ေပမဲ့ လူေတြၾကားမွာ ေရပန္းစားေနတဲ့ အလြဲေလးတစ္ခုျဖစ္တဲ့ သြားတိုက္ေဆးကို အသံုးျပဳျပီး မ်က္ႏွာေပၚက ၀က္ျခံကို ေပ်ာက္ေအာင္လုပ္လို႔ရတယ္ဆိုတဲ့ အေၾကာင္းကို ေျပာျပေပးခ်င္ပါတယ္။

လူပ်ိဳ၊ အပ်ိဳျဖစ္လာတဲ့အခ်ိန္ကစျပီး မ်က္ႏွာနဲ႔ ကိုယ္ခႏၶာ ေနရာအႏွံ႔မွာ ၀က္ျခံေတြ ေပါက္လာႏိုင္ပါတယ္။ ၀က္ျခံကို အလြယ္ေပ်ာက္ခ်င္တဲ့သူေတြက သြားတိုက္ေဆးကို ၀က္ျခံေပၚမွာ သုတ္လိမ္းျပီး ထားထားလိုက္တယ္။ မနက္ေရာက္ေတာ့ နီရဲေနတဲ့ ၀က္ျခံက ေျခာက္ျပီး ျပားခ်ပ္သြားတယ္။ ဒီလိုနဲ႔ပဲ သြားတိုက္ေဆးက ၀က္ျခံေပ်ာက္ေစတဲ့ အိမ္တြင္းေဆးဆိုျပီး လူသိမ်ားလာၾကပါတယ္။

သြားတိုက္ေဆးဟာ အမွန္တကယ္ပဲ ၀က္ျခံေပ်ာက္ေစႏိုင္သလား။

သြားတိုက္ေဆးမွာ ပါ၀င္တဲ့ triclosan – ထရိုင္ကလိုစန္ ျဒပ္ေပါင္းဟာ ဘက္တီးရီးယားပိုးေတြကို ေသေစႏိုင္တဲ့ အစြမ္းသတၱိေတြ ပါ၀င္ပါတယ္။ အျပင္က ၀င္လာတဲ့ ဖုန္မႈန္႔ေတြ၊ မ်က္ႏွာေပၚက အဆီေတြေၾကာင့္ ဘက္တီးရီးယားပိုးေတြ ေပါက္လာျပီး ၀က္ျခံျဖစ္လာပါတယ္။

ထရိုင္ကလိုစန္အျပင္ သြားတိုက္ေဆးမွာ ပါ၀င္တဲ့ မုန္႔ဖုတ္ဆိုဒါ၊ အယ္လ္ကိုေဟာလ္၊ ဟိုက္ဒရိုဂ်င္ ပါေအာက္ဆိုဒ္ဓာတ္ေတြဟာ ဘက္တီးရီးယားပိုးကို ေသေစျပီး ၀က္ျခံကို ျပားခ်ပ္သြားေစပါတယ္။

သြားတိုက္ေဆးမွာ အသားအေရအတြက္ ဘယ္လိုေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္ေစႏိုင္လဲ။
သိထားရမွာ တစ္ခုကေတာ့ သြားတိုက္ေဆးမွာ ပါ၀င္တဲ့ သြားကိုျဖဴေစတဲ့ ဓာတ္ေပါင္းေတြဟာ မ်က္ႏွာေပၚက ႏူးည့ံလြန္းတဲ့ အေရျပားကို ေကာင္းက်ိဳးထက္ ဆိုးက်ိဳးမ်ားစြာ ျဖစ္ေစႏိုင္ပါတယ္။

သြားတိုက္ေဆးကို အသံုးျပဳလိုက္တဲ့အခါမွာ ၀က္ျခံေတာ့ ေပ်ာက္သြားတယ္။ ဒါေပမဲ့ ျပားခ်ပ္သြားတဲ့ေနရာမွာ အသားအေရေျခာက္သြားျပီး ယားယံေစတယ္။ ေနာက္ထပ္ ၀က္ျခံပိုေပါက္လာေစဖို႔ ကူညီေပးလိုက္သလို ျဖစ္သြားပါတယ္။

သြားတိုက္ေဆးကို အေရျပားေပၚ တင္လိုက္တဲ့အခါမွာ အဖုအပိမ့္ေတြ ထြက္လာေစႏိုင္တယ္။ ပူစပ္ပူေလာင္ ျဖစ္ေစႏိုင္တယ္။ နဂိုအသားအေရကို ပ်က္စီးသြားေစႏိုင္ပါတယ္။

ေနာက္ပိုင္း သြားတိုက္ေဆးအမ်ားစုမွာ ထရိုင္ကလိုစန္ မပါ၀င္ေတာ့တဲ့အတြက္ ၀က္ျခံကို အရင္ကေလာက္ မျပားခ်ပ္ေစႏိုင္ေတာ့တဲ့အျပင္ အခ်ိန္ၾကာၾကာ အသားအေရေပၚ တင္ထားလိုက္ရင္ ေျခာက္သြားျပီး ၀က္ျခံကို ပိုေပါက္ေစႏိုင္ပါတယ္။

ဒါေၾကာင့္ သြားတိုက္ေဆးကို ၀က္ျခံေပ်ာက္ေဆးအျဖစ္ အသံုးျပဳတဲ့ နည္းလမ္းဟာ ပိုျပီးဆိုးရြားသြားေစႏိုင္တဲ့အတြက္ အသံုးမျပဳတာ အေကာင္းဆံုးပါပဲ။

ဒါဆိုရင္ ၀က္ျခံေပါက္တဲ့ကိစၥကို ဘယ္လိုေျဖရွင္းမလဲ။

၁။ မ်က္ႏွာကို တစ္ေန႔ ၂ၾကိမ္ မွန္မွန္သစ္ေပးပါ။ ေရမွန္မွန္ ခ်ိဳးပါ။

၂။ ကိုယ့္အသားအေရနဲ႔ လိုက္ဖက္တဲ့ မ်က္ႏွာသစ္ဆပ္ျပာ၊ အလွကုန္ပစၥည္းေတြကိုပဲ ၀ယ္ယူသံုးစြဲပါ။

၃။ လက္သည္းရွည္ေတြဟာ အသားအေရကို ပြန္းပဲ့ေစႏိုင္တဲ့အျပင္ ကပ္ျငိေနတဲ့ ဖုန္မႈန္႔ေတြက ၀က္ျခံထဲ ၀င္သြားတဲ့အခါ ပိုျပီးဆိုးေစႏိုင္ပါတယ္။ ဒါေၾကာင့္ လက္သည္းပံုမွန္္ညွပ္ေပးပါ။

၄။ ၀က္ျခံေပါက္ေနတဲ့ေနရာမွာ ဆံပင္အတိုထားပါ။ ဒါမွမဟုတ္ ဆံပင္ကို ေနာက္စည္းထားပါ။

၅။ မ်က္ႏွာကို အစိုဓာတ္ထိန္းေပးႏိုင္တဲ့ အယ္လ္ကိုေဟာ သိပ္မပါတဲ့ အစိုဓာတ္ထိန္းခရင္မ္ေတြ လိမ္းေပးပါ။

၆။ ေနပူထဲ၊ ဖုန္ထူထပ္တဲ့ ေနရာ၊ လူမ်ားတဲ့ ေနရာေတြ သြားတာ တတ္ႏိုင္သေလာက္ ေရွာင္ပါ။

၇။ အပူ၊ အစပ္ေတြ ေလွ်ာ့စားေပးပါ။

၈။ အိပ္ေရး၀၀အိပ္ပါ။

၉။ စိတ္ဖိစီးမႈမျဖစ္ေစဖို႔ တရားထိုင္ပါ။ ေယာဂက်င့္ပါ။ ေလ့က်င့္ခန္းလုပ္ပါ။

၁၀။ ေဆးဆိုင္ကေန အလြယ္တကူ ၀ယ္ယူလို႔ ရတဲ့ ေဆးေတြလိမ္းလိုက္တာမ်ိဳးထက္ အေရျပားဆရာ၀န္နဲ႔ ေသခ်ာျပသျပီး ကုသမႈ ခံယူပါ။

 

[Unicode]

ဆေးမြီးတိုတော့ မဟုတ်ပေမဲ့ လူတွေကြားမှာ ရေပန်းစားနေတဲ့ အလွဲလေးတစ်ခုဖြစ်တဲ့ သွားတိုက်ဆေးကို အသုံးပြုပြီး မျက်နှာပေါ်က ဝက်ခြံကို ပျောက်အောင်လုပ်လို့ရတယ်ဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။

လူပျို၊ အပျိုဖြစ်လာတဲ့အချိန်ကစပြီး မျက်နှာနဲ့ ကိုယ်ခန္ဓာ နေရာအနှံ့မှာ ဝက်ခြံတွေ ပေါက်လာနိုင်ပါတယ်။ ဝက်ခြံကို အလွယ်ပျောက်ချင်တဲ့သူတွေက သွားတိုက်ဆေးကို ဝက်ခြံပေါ်မှာ သုတ်လိမ်းပြီး ထားထားလိုက်တယ်။ မနက်ရောက်တော့ နီရဲနေတဲ့ ဝက်ခြံက ခြောက်ပြီး ပြားချပ်သွားတယ်။ ဒီလိုနဲ့ပဲ သွားတိုက်ဆေးက ဝက်ခြံပျောက်စေတဲ့ အိမ်တွင်းဆေးဆိုပြီး လူသိများလာကြပါတယ်။

သွားတိုက်ဆေးဟာ အမှန်တကယ်ပဲ ဝက်ခြံပျောက်စေနိုင်သလား။

သွားတိုက်ဆေးမှာ ပါဝင်တဲ့ triclosan – ထရိုင်ကလိုစန် ဒြပ်ပေါင်းဟာ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။ အပြင်က ဝင်လာတဲ့ ဖုန်မှုန့်တွေ၊ မျက်နှာပေါ်က အဆီတွေကြောင့် ဘက်တီးရီးယားပိုးတွေ ပေါက်လာပြီး ဝက်ခြံဖြစ်လာပါတယ်။

ထရိုင်ကလိုစန်အပြင် သွားတိုက်ဆေးမှာ ပါဝင်တဲ့ မုန့်ဖုတ်ဆိုဒါ၊ အယ်လ်ကိုဟောလ်၊ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်ဓာတ်တွေဟာ ဘက်တီးရီးယားပိုးကို သေစေပြီး ဝက်ခြံကို ပြားချပ်သွားစေပါတယ်။

သွားတိုက်ဆေးမှာ အသားအရေအတွက် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ။
သိထားရမှာ တစ်ခုကတော့ သွားတိုက်ဆေးမှာ ပါဝင်တဲ့ သွားကိုဖြူစေတဲ့ ဓာတ်ပေါင်းတွေဟာ မျက်နှာပေါ်က နူးညံ့လွန်းတဲ့ အရေပြားကို ကောင်းကျိုးထက် ဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။

သွားတိုက်ဆေးကို အသုံးပြုလိုက်တဲ့အခါမှာ ဝက်ခြံတော့ ပျောက်သွားတယ်။ ဒါပေမဲ့ ပြားချပ်သွားတဲ့နေရာမှာ အသားအရေခြောက်သွားပြီး ယားယံစေတယ်။ နောက်ထပ် ဝက်ခြံပိုပေါက်လာစေဖို့ ကူညီပေးလိုက်သလို ဖြစ်သွားပါတယ်။

သွားတိုက်ဆေးကို အရေပြားပေါ် တင်လိုက်တဲ့အခါမှာ အဖုအပိမ့်တွေ ထွက်လာစေနိုင်တယ်။ ပူစပ်ပူလောင် ဖြစ်စေနိုင်တယ်။ နဂိုအသားအရေကို ပျက်စီးသွားစေနိုင်ပါတယ်။

နောက်ပိုင်း သွားတိုက်ဆေးအများစုမှာ ထရိုင်ကလိုစန် မပါဝင်တော့တဲ့အတွက် ဝက်ခြံကို အရင်ကလောက် မပြားချပ်စေနိုင်တော့တဲ့အပြင် အချိန်ကြာကြာ အသားအရေပေါ် တင်ထားလိုက်ရင် ခြောက်သွားပြီး ဝက်ခြံကို ပိုပေါက်စေနိုင်ပါတယ်။

ဒါကြောင့် သွားတိုက်ဆေးကို ဝက်ခြံပျောက်ဆေးအဖြစ် အသုံးပြုတဲ့ နည်းလမ်းဟာ ပိုပြီးဆိုးရွားသွားစေနိုင်တဲ့အတွက် အသုံးမပြုတာ အကောင်းဆုံးပါပဲ။

ဒါဆိုရင် ဝက်ခြံပေါက်တဲ့ကိစ္စကို ဘယ်လိုဖြေရှင်းမလဲ။

၁။ မျက်နှာကို တစ်နေ့ ၂ကြိမ် မှန်မှန်သစ်ပေးပါ။ ရေမှန်မှန် ချိုးပါ။

၂။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆပ်ပြာ၊ အလှကုန်ပစ္စည်းတွေကိုပဲ ဝယ်ယူသုံးစွဲပါ။

၃။ လက်သည်းရှည်တွေဟာ အသားအရေကို ပွန်းပဲ့စေနိုင်တဲ့အပြင် ကပ်ငြိနေတဲ့ ဖုန်မှုန့်တွေက ဝက်ခြံထဲ ဝင်သွားတဲ့အခါ ပိုပြီးဆိုးစေနိုင်ပါတယ်။ ဒါကြောင့် လက်သည်းပုံမှန်ညှပ်ပေးပါ။

၄။ ဝက်ခြံပေါက်နေတဲ့နေရာမှာ ဆံပင်အတိုထားပါ။ ဒါမှမဟုတ် ဆံပင်ကို နောက်စည်းထားပါ။

၅။ မျက်နှာကို အစိုဓာတ်ထိန်းပေးနိုင်တဲ့ အယ်လ်ကိုဟော သိပ်မပါတဲ့ အစိုဓာတ်ထိန်းခရင်မ်တွေ လိမ်းပေးပါ။

၆။ နေပူထဲ၊ ဖုန်ထူထပ်တဲ့ နေရာ၊ လူများတဲ့ နေရာတွေ သွားတာ တတ်နိုင်သလောက် ရှောင်ပါ။

၇။ အပူ၊ အစပ်တွေ လျှော့စားပေးပါ။

၈။ အိပ်ရေး၀၀အိပ်ပါ။

၉။ စိတ်ဖိစီးမှုမဖြစ်စေဖို့ တရားထိုင်ပါ။ ယောဂကျင့်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။

၁၀။ ဆေးဆိုင်ကနေ အလွယ်တကူ ဝယ်ယူလို့ ရတဲ့ ဆေးတွေလိမ်းလိုက်တာမျိုးထက် အရေပြားဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူပါ။

Credit: Hello Sayarwon

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *