[Zawgyi]

ကေလးေတြရဲ႕သဘာ၀အရ ေမေမေတြ စားသမွ်ကို လိုက္ၾကည့္ရင္း စားခ်င္မွာပါပဲ။ တခ်ိဳ႕ေသာ အစားအစာေတြဟာ အာဟာရျဖစ္ေပမယ့္ အသက္အရမ္းငယ္ေသးတဲ့ ကေလးေတြအတြက္ေတာ့ အစာေျခရခက္ေစႏိုင္သလို ကိုယ္ခႏၶာ အစာအာဟာရကို ေကာင္းေကာင္း စုပ္ယူႏုိင္မွာ မဟုတ္ပါဘူး။ ဒါ့အျပင္ မာလြန္းတဲ့ အစားအစာေတြ၊ လည္ေခ်ာင္းနင္ေစႏိုင္ေလာက္တဲ့ အစားအစာေတြဆိုရင္ ကေလးေတြကို မေကၽြးသင့္ပါဘူး

အေကာင္းဆံုးကေတာ့ ကေလး အသက္ ၆လထိ မိခင္ႏို႔တစ္မ်ိဳးတည္းကိုသာ တိုက္ေကၽြးေပးပါ။ မိခင္ႏို႔မွာ ပါ၀င္တဲ့ အာဟာရေတြက ကေလးေတြ ေကာင္းေကာင္းၾကီးထြားဖြံ႕ျဖိဳးႏိုင္ဖုိ႔နဲ႔ ဉာဏ္ရည္ထက္ျမက္ေစဖို႔ အေထာက္အကူျဖစ္ေစပါတယ္။ ကေလးအသက္ ၁ႏွစ္ျပည့္ျပီးေနာက္ပိုင္းမွာ အမာစာေတြ စျပီး ေကၽြးေပးလို႔ ရပါျပီ။

ေမေမေတြအတြက္ အသက္ ၁ႏွစ္မျပည့္ခင္ ကေလးငယ္ငယ္ေလးေတြကို မေကၽြးသင့္တဲ့ အစားအစာေတြနဲ႔ ပတ္သက္ျပီး ေ၀မွ်ေပးခ်င္ပါတယ္။

၁။ ပ်ားရည္

အရသာခ်ိဳျမျပီး ေဆးဖက္၀င္တဲ့ သဘာ၀ပ်ားရည္ဟာ အသက္ငယ္ေသးတဲ့ ကေလးေတြကို မေကၽြးသင့္ဆံုး အစားအစာေတြရဲ႕ ထိပ္ဆံုးမွာ ရွိေနပါတယ္။ အသက္ ၁ႏွစ္ေအာက္ ကေလးေတြကို ပ်ားရည္တိုက္မိရင္ ၀မ္းခ်ဳပ္တာ၊ ကေလးအားမရွိသလို ေပ်ာ့တိေပ်ာ့ဖတ္ ျဖစ္တာ၊ ငိုသံတိုးတာ၊ မိခင္ႏို႔ ဒါမွမဟုတ္ ႏို႔ဘူးကေန ႏို႔စို႔ရခက္တဲ့ ျပႆနာေတြ ၾကံဳလာရႏိုင္ပါတယ္။

၂။ ႏြားႏို႔

အသက္ငယ္ေသးတဲ့ ကေလးေတြအတြက္ မိခင္ႏို႔နဲ႔ ၾကီးထြားမႈ အေထာက္အကူျဖစ္ေစတဲ့ ႏို႔မႈန္႔ေတြကိုပဲ အဓိက တိုက္ေပးဖို႔ လိုအပ္ပါတယ္။ ေသခ်ာပိုုးမသတ္ထားတဲ့ ႏြားႏို႔ေတြဟာ ကေလးေတြရဲ႕ အစာေျခစနစ္ကို အေႏွာင့္အယွက္ေပးႏိုင္တဲ့အျပင္ ၾကီးထြားဆဲျဖစ္ေနတဲ့ ေက်ာက္ကပ္ကိုပါ ထိခိုက္ေစႏိုင္ပါတယ္။ ၀မ္းေလွ်ာတာ၊ ဓာတ္မတည့္တဲ့အထိ ဆိုးရြားစြာ ဒုကၡေပးႏိုင္တဲ့အတြက္ေၾကာင့္ မတိုက္ေကၽြးတာ အေကာင္းဆံုးပါပဲ။

၃။ ေျမပဲေထာပတ္ယို

ေျမပဲေထာပတ္ယို ဆိုတာ အေနာက္ႏိုင္ငံက လူေတြ ပိုစားတတ္ၾကတဲ့ အစားအစာျဖစ္ပါတယ္။ ေျမပဲကေနတစ္ဆင့္ လုပ္ထားတာျဖစ္ျပီး ဓာတ္မတည့္တာအျပင္ လည္ေခ်ာင္းမွာ နင္ျပီး ျမိဳခ်မရတာ၊ အသက္ရွဴၾကပ္တာအထိပါ ျဖစ္ႏုိင္တဲ့အတြက္ မေကၽြးသင့္ပါဘူး။

၄။ ဟင္းရြက္တခ်ိဳ႕

ဟင္းႏုႏြယ္ရြက္၊ ေဂၚဖီထုပ္၊ ဆလတ္ရြက္ေတြလို ဟင္းရြက္ေတြမွာ ကေလးေတြ အစာေခ်ဖ်က္ဖို႔ ခဲယဥ္းေစတဲ့ ႏိုက္ထရိတ္ဓာတ္ေတြ အမ်ားအျပား ပါ၀င္ပါတယ္။ ၁ႏွစ္ေအာက္အရြယ္ ကေလးေတြကို ေကၽြးတဲ့အခါ ဒီအရြက္ေတြကို ေရွာင္သင့္ပါတယ္။

၅။ တခ်ိဳ႕ေသာငါးေတြ

ငါးေတြဟာ အရသာရွိျပီး ႏူးညံ့တဲ့အျပင္ အာဟာရဓာတ္လည္း ၾကြယ္၀တဲ့ အစားအစာျဖစ္ပါတယ္။ ဒါေပမယ့္ ပင္လယ္စာေတြမွာ ကေလးေတြရဲ႕ က်န္းမာေရးကို ထိခိုက္ေစတဲ့ ျပဒါးဓာတ္ေတြအျပင္ ပင္လယ္စာနဲ႔ ဓာတ္မတည့္တာ၊ ငါးအရိုးစူးတာပါ ျဖစ္ေစႏိုင္တဲ့အတြက္ အေကာင္းဆံုးကေတာ့ ကေလး အသက္ ၃ႏွစ္ေလာက္ထိ ေစာင့္ျပီးမွ ေကၽြးေပးတာ ပိုစိတ္ခ်ရပါတယ္။

၆။ ခ်ဥ္လြန္းတဲ့ အသီးေတြ

လိေမၼာ္သီး၊ ဘယ္ရီသီး၊ စပ်စ္သီးေတြမွာ ပါ၀င္တဲ့ ဗီတာမင္ C နဲ႔ ခ်ဥ္တဲ့အရသာေတြဟာ ကေလးကို ဗိုက္ေအာင့္၊ ဗိုက္နာျဖစ္ေစႏိုင္သလို ကေလးရဲ႕ ကိုယ္ခႏၶာမွာ အနီကြက္၊ အင္ျပင္၊ အဖုအပိမ့္ေတြပါ ထႏိုင္ေစပါတယ္။

၇။ အေစ့အဆန္နဲ႔ အခြံမာသီး

အသက္ငယ္ေသးတဲ့ ကေလးေတြအတြက္ ၀ါးရခက္ေစတယ္။ ျမိဳခ်ရခက္ေစတယ္။ အစာနင္ႏိုင္တဲ့ အႏၱရာယ္ရွိတယ္။ ဓာတ္မတည့္တာေတြလည္း ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အသက္ ၃ႏွစ္ေအာက္ ကေလးေတြကို ဒီလိုအစားအစာမ်ိဳးေတြ ေကၽြးတာ တတ္ႏိုင္သေလာက္ ေရွာင္သင့္ပါတယ္။

၈။ ၾကက္ဥအကာ

ကေလးအတြက္ အာဟာရျဖစ္ေစတဲ့ အစားအစာျဖစ္ေပမယ့္ အသက္ငယ္ေသးရင္ေတာ့ ၾကက္ဥအကာနဲ႔ ဓာတ္မတည့္ပါဘူး။ ကိုယ့္ကေလးက ၾကက္ဥၾကိဳက္တယ္ဆိုရင္ေတာ့ အႏွစ္ကိုပဲ သီးသန္႔ခြဲျပီး ေကၽြးေပးတာ ပိုေကာင္းပါတယ္။

 

[Unicode]

ကလေးတွေရဲ့သဘာဝအရ မေမေတွေ စားသမျှကို လိုက်ကြည့်ရင်း စားချင်မှာပါပဲ။ တချို့သော အစားအစာတွေဟာ အာဟာရဖြစ်ပေမယ့် အသက်အရမ်းငယ်သေးတဲ့ ကလေးတွေအတွက်တော့ အစာခြေရခက်စေနိုင်သလို ကိုယ်ခန္ဓာ အစာအာဟာရကို ကောင်းကောင်း စုပ်ယူနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် မာလွန်းတဲ့ အစားအစာတွေ၊ လည်ချောင်းနင်စေနိုင်လောက်တဲ့ အစားအစာတွေဆိုရင် ကလေးတွေကို မကျွေးသင့်ပါဘူး

အကောင်းဆုံးကတော့ ကလေး အသက် ၆လထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပေးပါ။ မိခင်နို့မှာ ပါဝင်တဲ့ အာဟာရတွေက ကလေးတွေ ကောင်းကောင်းကြီးထွားဖွံ့ဖြိုးနိုင်ဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ ကလေးအသက် ၁နှစ်ပြည့်ပြီးနောက်ပိုင်းမှာ အမာစာတွေ စပြီး ကျွေးပေးလို့ ရပါပြီ။

မေမေတွေအတွက် အသက် ၁နှစ်မပြည့်ခင် ကလေးငယ်ငယ်လေးတွေကို မကျွေးသင့်တဲ့ အစားအစာတွေနဲ့ ပတ်သက်ပြီး ဝေမျှပေးချင်ပါတယ်။

၁။ ပျားရည်

အရသာချိုမြပြီး ဆေးဖက်ဝင်တဲ့ သဘာဝပျားရည်ဟာ အသက်ငယ်သေးတဲ့ ကလေးတွေကို မကျွေးသင့်ဆုံး အစားအစာတွေရဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ အသက် ၁နှစ်အောက် ကလေးတွေကို ပျားရည်တိုက်မိရင် ဝမ်းချုပ်တာ၊ ကလေးအားမရှိသလို ပျော့တိပျော့ဖတ် ဖြစ်တာ၊ ငိုသံတိုးတာ၊ မိခင်နို့ ဒါမှမဟုတ် နို့ဘူးကနေ နို့စို့ရခက်တဲ့ ပြဿနာတွေ ကြုံလာရနိုင်ပါတယ်။

၂။ နွားနို့

အသက်ငယ်သေးတဲ့ ကလေးတွေအတွက် မိခင်နို့နဲ့ ကြီးထွားမှု အထောက်အကူဖြစ်စေတဲ့ နို့မှုန့်တွေကိုပဲ အဓိက တိုက်ပေးဖို့ လိုအပ်ပါတယ်။ သေချာပိုးမသတ်ထားတဲ့ နွားနို့တွေဟာ ကလေးတွေရဲ့ အစာခြေစနစ်ကို အနှောင့်အယှက်ပေးနိုင်တဲ့အပြင် ကြီးထွားဆဲဖြစ်နေတဲ့ ကျောက်ကပ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဝမ်းလျှောတာ၊ ဓာတ်မတည့်တဲ့အထိ ဆိုးရွားစွာ ဒုက္ခပေးနိုင်တဲ့အတွက်ကြောင့် မတိုက်ကျွေးတာ အကောင်းဆုံးပါပဲ။

၃။ မြေပဲထောပတ်ယို

မြေပဲထောပတ်ယို ဆိုတာ အနောက်နိုင်ငံက လူတွေ ပိုစားတတ်ကြတဲ့ အစားအစာဖြစ်ပါတယ်။ မြေပဲကနေတစ်ဆင့် လုပ်ထားတာဖြစ်ပြီး ဓာတ်မတည့်တာအပြင် လည်ချောင်းမှာ နင်ပြီး မြိုချမရတာ၊ အသက်ရှူကြပ်တာအထိပါ ဖြစ်နိုင်တဲ့အတွက် မကျွေးသင့်ပါဘူး။

၄။ ဟင်းရွက်တချို့

ဟင်းနုနွယ်ရွက်၊ ဂေါ်ဖီထုပ်၊ ဆလတ်ရွက်တွေလို ဟင်းရွက်တွေမှာ ကလေးတွေ အစာချေဖျက်ဖို့ ခဲယဉ်းစေတဲ့ နိုက်ထရိတ်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ၁နှစ်အောက်အရွယ် ကလေးတွေကို ကျွေးတဲ့အခါ ဒီအရွက်တွေကို ရှောင်သင့်ပါတယ်။

၅။ တချို့သောငါးတွေ

ငါးတွေဟာ အရသာရှိပြီး နူးညံ့တဲ့အပြင် အာဟာရဓာတ်လည်း ကြွယ်ဝတဲ့ အစားအစာဖြစ်ပါတယ်။ ဒါပေမယ့် ပင်လယ်စာတွေမှာ ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ပြဒါးဓာတ်တွေအပြင် ပင်လယ်စာနဲ့ ဓာတ်မတည့်တာ၊ ငါးအရိုးစူးတာပါ ဖြစ်စေနိုင်တဲ့အတွက် အကောင်းဆုံးကတော့ ကလေး အသက် ၃နှစ်လောက်ထိ စောင့်ပြီးမှ ကျွေးပေးတာ ပိုစိတ်ချရပါတယ်။

၆။ ချဉ်လွန်းတဲ့ အသီးတွေ

လိမ္မော်သီး၊ ဘယ်ရီသီး၊ စပျစ်သီးတွေမှာ ပါဝင်တဲ့ ဗီတာမင် C နဲ့ ချဉ်တဲ့အရသာတွေဟာ ကလေးကို ဗိုက်အောင့်၊ ဗိုက်နာဖြစ်စေနိုင်သလို ကလေးရဲ့ ကိုယ်ခန္ဓာမှာ အနီကွက်၊ အင်ပြင်၊ အဖုအပိမ့်တွေပါ ထနိုင်စေပါတယ်။

၇။ အစေ့အဆန်နဲ့ အခွံမာသီး

အသက်ငယ်သေးတဲ့ ကလေးတွေအတွက် ဝါးရခက်စေတယ်။ မြိုချရခက်စေတယ်။ အစာနင်နိုင်တဲ့ အန္တရာယ်ရှိတယ်။ ဓာတ်မတည့်တာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသက် ၃နှစ်အောက် ကလေးတွေကို ဒီလိုအစားအစာမျိုးတွေ ကျွေးတာ တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။

၈။ ကြက်ဥအကာ

ကလေးအတွက် အာဟာရဖြစ်စေတဲ့ အစားအစာဖြစ်ပေမယ့် အသက်ငယ်သေးရင်တော့ ကြက်ဥအကာနဲ့ ဓာတ်မတည့်ပါဘူး။ ကိုယ့်ကလေးက ကြက်ဥကြိုက်တယ်ဆိုရင်တော့ အနှစ်ကိုပဲ သီးသန့်ခွဲပြီး ကျွေးပေးတာ ပိုကောင်းပါတယ်။

Credit: Hello Sayarwon

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *