[Zawgyi]

အေမရိကန္ျပည္ေထာင္စုမွ သိပၸံပညာရွင္မ်ားက ၎တို႔သည္ ျခင္ေပါက္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္မည့္ေဆးကို ထုတ္လုပ္ႏိုင္ရန္ နီးစပ္ေနၿပီျဖစ္ေၾကာင္း၊ အဆိုပါေဆးမွာ လူကိုေသေစႏိုင္သည့္ ငွက္ဖ်ား ေရာဂါပိုးႏွင့္ အျခားေရာဂါပိုးမႊားမ်ားကို သယ္ေဆာင္ႏိုင္သည့္ ျခင္မ်ား ျပန႔္ပြားမႈကို ဟန႔္တားသြားမည္ ျဖစ္ေၾကာင္း၊ အဆိုပါျခင္မွရေသာ ေရာဂါမ်ားေၾကာင့္ ကမာၻေပၚ၌ ႏွစ္စဥ္လူေထာင္ေသာင္းမ်ားစြာ ေသ ေက်လ်က္ရွိေၾကာင္း ေျပာၾကား လိုက္သည္ဟု ႐ိုက္တာသတင္းက ဇန္နဝါရီ ၁ဝ ရက္တြင္ ေဖာ္ျပလိုက္သည္။ အရီဇိုးနားျပည္နယ္တကၠသိုလ္ မွ သုေတသီမ်ားက ၎တို႔သည္ ျခင္အမအတြက္ ဥေပါက္ရာတြင္ အေရးပါသည့္ ပ႐ိုတိန္းအစုအဖြဲ႕ တစ္ခုကို ေတြ႕ရွိထားေၾကာင္း ေျပာ ၾကားခဲ့သည္။

သိပၸံပညာရွင္မ်ားက အဆိုပါပ႐ိုတိန္းအား ပိတ္ဆို႔ထားလိုက္ ေသာအခါ ျခင္ဥမွာ မေအာင္ေတာ့ဘဲသားဥသေႏၶပ်က္ယြင္းသြားေစသည္ဟုဆိုသည္။ သုေတသီအဖြဲ႕က အဆိုပါ ပ႐ိုတိန္းေဆးကို ဖြံ႕ၿဖိဳးေအာင္လုပ္ ျခင္းျဖင့္ ျခင္ေပါက္ပြားမႈေလ်ာ့က် သြားမည္ျဖစ္ေၾကာင္း၊ သို႔ရာတြင္ ဤေဆးသည္ ပ်ားကဲ့သို႔ေသာ လူ သားအက်ိဳးျပဳ အင္းဆက္ပိုးမ်ားကို အႏၲရာယ္မျဖစ္ေစဟုဆိုသည္။ တကၠသိုလ္၏ ဓာတုေဗဒႏွင့္ ဇီဝဓာတုေဗဒဌာနမႉး ႐ိုဂါမိစ္ဖီးလ္က ဤအခ်က္မွာ အေရးပါသည့္ ေတြ႕ ရွိခ်က္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ မိမိတို႔ ဤကိစၥကို အေသအခ်ာေတြ႕ရွိၿပီျဖစ္ေၾကာင္း၊ ေဆးမတိုး ေသာျခင္မ်ားကိုပါ ကာကြယ္ႏိုင္ ၿပီး အျခားနည္းလမ္းမ်ားထက္ ေကာင္းမြန္ေၾကာင္းလည္း ၎က ႐ိုက္တာသတင္းဌာနသို႔ ေျပာၾကားလိုက္သည္။

ျခင္မွာ ကမာၻေပၚ၌ လူအ ေသအေပ်ာက္အမ်ားဆုံးျဖစ္ေစႏိုင္သည့္ ပိုးမႊားျဖစ္သည္။ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ကမာၻ ေပၚ၌ ငွက္ဖ်ားေရာဂါ တိုက္ ဖ်က္ေရးမွာ တန႔္ေနေၾကာင္း သတိေပးေျပာၾကားလိုက္သည္။ ကမာၻေပၚတြင္ ၂ဝ၁၆ ခုႏွစ္ ကရွိခဲ့ၿပီး ငွက္ဖ်ားေရာဂါျဖစ္သူ ၂၁၆ သန္းထိုအထဲမွ လူေပါင္း ၄၄၅ဝဝဝ ေသဆုံးခဲ့ရေၾကာင္း၊ ဆာဟာရတစ္ပိုင္းေဒသမွ ေမြး ကင္းစႏွင့္ ကေလးငယ္မ်ားတြင္ ပို၍ခံစားၾကရမည္ဟု ဆိုသည္။ အျခားျခင္ေၾကာင့္ ကူးစက္တတ္သည့္ ေရာဂါပိုးမ်ားမွာ ဇီကာ၊ ခ်ီ ကြန္ဂန္ရာ၊ အသားဝါေရာဂါ၊ အ ေနာက္ႏိုင္းျမစ္ေရာဂါပိုးႏွင့္ ေသြး လြန္တုပ္ေကြးေရာဂါတို႔ ျဖစ္ၾက သည္။ လြန္ခဲ့ေသာ ဆယ္စုႏွစ္တြင္ ဤေရာဂါမ်ား အဆ ၃ဝ တိုးလာ ခဲ့သည္ဟု WHO က ဆိုသည္။

 

[Unicode]

အမေရိကန်ပြည်ထောင်စုမှ သိပ္ပံပညာရှင်များက ၎င်းတို့သည် ခြင်ပေါက်ပွားမှုကို ထိန်းချုပ်နိုင်မည့်ဆေးကို ထုတ်လုပ်နိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း၊ အဆိုပါဆေးမှာ လူကိုသေစေနိုင်သည့် ငှက်ဖျား ရောဂါပိုးနှင့် အခြားရောဂါပိုးမွှားများကို သယ်ဆောင်နိုင်သည့် ခြင်များ ပြန့်ပွားမှုကို ဟန့်တားသွားမည် ဖြစ်ကြောင်း၊ အဆိုပါခြင်မှရသော ရောဂါများကြောင့် ကမ္ဘာပေါ်၌ နှစ်စဉ်လူထောင်သောင်းများစွာ သေ ကျေလျက်ရှိကြောင်း ပြောကြား လိုက်သည်ဟု ရိုက်တာသတင်းက ဇန်နဝါရီ ၁ဝ ရက်တွင် ဖော်ပြလိုက်သည်။ အရီဇိုးနားပြည်နယ်တက္ကသိုလ် မှ သုတေသီများက ၎င်းတို့သည် ခြင်အမအတွက် ဥပေါက်ရာတွင် အရေးပါသည့် ပရိုတိန်းအစုအဖွဲ့ တစ်ခုကို တွေ့ရှိထားကြောင်း ပြော ကြားခဲ့သည်။

သိပ္ပံပညာရှင်များက အဆိုပါပရိုတိန်းအား ပိတ်ဆို့ထားလိုက် သောအခါ ခြင်ဥမှာ မအောင်တော့ဘဲသားဥသန္ဓေပျက်ယွင်းသွားစေသည်ဟုဆိုသည်။ သုတေသီအဖွဲ့က အဆိုပါ ပရိုတိန်းဆေးကို ဖွံ့ဖြိုးအောင်လုပ် ခြင်းဖြင့် ခြင်ပေါက်ပွားမှုလျော့ကျ သွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် ဤဆေးသည် ပျားကဲ့သို့သော လူ သားအကျိုးပြု အင်းဆက်ပိုးများကို အန္တရာယ်မဖြစ်စေဟုဆိုသည်။ တက္ကသိုလ်၏ ဓာတုဗေဒနှင့် ဇီဝဓာတုဗေဒဌာနမှူး ရိုဂါမိစ်ဖီးလ်က ဤအချက်မှာ အရေးပါသည့် တွေ့ ရှိချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မိမိတို့ ဤကိစ္စကို အသေအချာတွေ့ရှိပြီဖြစ်ကြောင်း၊ ဆေးမတိုး သောခြင်များကိုပါ ကာကွယ်နိုင် ပြီး အခြားနည်းလမ်းများထက် ကောင်းမွန်ကြောင်းလည်း ၎င်းက ရိုက်တာသတင်းဌာနသို့ ပြောကြားလိုက်သည်။

ခြင်မှာ ကမ္ဘာပေါ်၌ လူအ သေအပျောက်အများဆုံးဖြစ်စေနိုင်သည့် ပိုးမွှားဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာ ပေါ်၌ ငှက်ဖျားရောဂါ တိုက် ဖျက်ရေးမှာ တန့်နေကြောင်း သတိပေးပြောကြားလိုက်သည်။ ကမ္ဘာပေါ်တွင် ၂ဝ၁၆ ခုနှစ် ကရှိခဲ့ပြီး ငှက်ဖျားရောဂါဖြစ်သူ ၂၁၆ သန်းထိုအထဲမှ လူပေါင်း ၄၄၅ဝဝဝ သေဆုံးခဲ့ရကြောင်း၊ ဆာဟာရတစ်ပိုင်းဒေသမှ မွေး ကင်းစနှင့် ကလေးငယ်များတွင် ပို၍ခံစားကြရမည်ဟု ဆိုသည်။ အခြားခြင်ကြောင့် ကူးစက်တတ်သည့် ရောဂါပိုးများမှာ ဇီကာ၊ ချီ ကွန်ဂန်ရာ၊ အသားဝါရောဂါ၊ အ နောက်နိုင်းမြစ်ရောဂါပိုးနှင့် သွေး လွန်တုပ်ကွေးရောဂါတို့ ဖြစ်ကြ သည်။ လွန်ခဲ့သော ဆယ်စုနှစ်တွင် ဤရောဂါများ အဆ ၃ဝ တိုးလာ ခဲ့သည်ဟု WHO က ဆိုသည်။

Ref: Reuters

#theyangontimes

Credit: Yangon Media Group

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *