[Zawgyi]

ဖက္ရွင္မဂၢဇင္းတစ္ခုျဖစ္ေသာ Marie Claire ၏ ထုတ္ ျပန္ခ်က္အရ တ႐ုတ္မင္းသမီး ဖန္ပင္းပင္းသည္ အခြန္ေရွာင္မႈ ေၾကာင္ ဒဏ္ေငြယြမ္သန္း ၈ဝဝ ေက်ာ္ေပးေဆာင္ခဲ့ရၿပီးေနာက္ ယခုႏွစ္အတြင္း အႏုပညာေလာကထဲသို႔ ျပန္လာရန္ ျပင္ဆင္ ေနေၾကာင္းသိရသည္။ ထို႔ျပင္ ယင္းသတင္းကို တ႐ုတ္အြန္လိုင္းမ်ားတြင္လည္း အေကာင္းအဆိုးႏွစ္မ်ိဳးေရာသည့္ မွတ္ခ်က္မ်ားကို ေပးေနၾကသည္။ မင္းသမီးဖန္သည္ Weibo လူမႈကြန္ရက္မီဒီယာတြင္ ေဖာ္ျပထားေသာ Prsr ေနကာ မ်က္မွန္ ေမာ္ဒယ္အျဖစ္ ေဆာင္႐ြက္ေပးခဲ့သည္။

Prsr အြန္လိုင္းစတိုးမွ အမည္မေဖာ္လိုေသာ ဝန္ထမ္းတစ္ဦးက ”အခုအသစ္ထုတ္လိုက္တဲ့ ဓာတ္ပုံေတြက ၂ဝ၁၉ ခုႏွစ္မွာ ထုတ္မယ့္ ကုမၸဏီရဲ႕ ေနကာမ်က္မွန္ေတြ ျဖစ္ပါတယ္။ မင္းသမီး ဖန္ပါဝင္တဲ့ ဓာတ္ပုံေတြကို အသစ္တင္ထားတာပါ”ဟုေျပာၾကားခဲ့သည္။ အဆိုပါ ကုန္ပစၥည္း၏ ဝက္ဘ္ဆိုက္တြင္ မင္းသမီး Fan က ၂ဝဝ၉ ခုႏွစ္မွစတင္ကာ Prsr ကို ကိုယ္စားျပဳခဲ့ၿပီး ၎တို႔ႏွင့္အတူ ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ မင္းသမီး၏ ေအာင္ျမင္မႈကို မိတ္ဆက္ႏိုင္ခဲ့ေၾကာင္း ေဖာ္ျပ ထားသည္။

Marie Claire မဂၢဇင္း၏ ထုတ္ျပန္ခ်က္အရ အမ်ိဳးသမီးသည္းထိတ္ရင္ဖို ေထာက္လွမ္းေရးဒရာမာျဖစ္သည့္ ‘၃၅၅’ ႐ုပ္ရွင္တြင္ မင္းသမီးဖန္ႏွင့္အတူ မင္းသမီး ပင္နီလိုခ႐ုဇ္ ပါဝင္လာမည္ဟုဆိုေသာ္လည္း မင္းသမီး Fan ၏ ေနရာတြင္ မင္းသမီး က်န္က်ိယီကို အစားထိုးမည္ဟု ေကာလာဟလ ထြက္ေပၚေနသည္။ ၿပီးခဲ့သည့္ ဇန္နဝါရီ ၇ရက္တြင္ မင္းသမီး ဖန္ကို ၂ဝ၁၈ခုႏွစ္၏ ေဖ်ာ္ေျဖသူတစ္ဦးအျဖစ္ ေဖာ္ျပထားသည္။ Weibo တြင္ မင္းသမီးကို အခြန္ေရွာင္မႈေၾကာင့္ ေထာင္ခ်ပစ္ရန္ ေတာင္းဆိုသူမ်ားလည္း ရွိေနသည္။

 

[Unicode]

ဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်သော Marie Claire ၏ ထုတ် ပြန်ချက်အရ တရုတ်မင်းသမီး ဖန်ပင်းပင်းသည် အခွန်ရှောင်မှု ကြောင် ဒဏ်ငွေယွမ်သန်း ၈ဝဝ ကျော်ပေးဆောင်ခဲ့ရပြီးနောက် ယခုနှစ်အတွင်း အနုပညာလောကထဲသို့ ပြန်လာရန် ပြင်ဆင် နေကြောင်းသိရသည်။ ထို့ပြင် ယင်းသတင်းကို တရုတ်အွန်လိုင်းများတွင်လည်း အကောင်းအဆိုးနှစ်မျိုးရောသည့် မှတ်ချက်များကို ပေးနေကြသည်။ မင်းသမီးဖန်သည် Weibo လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြထားသော Prsr နေကာ မျက်မှန် မော်ဒယ်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။

Prsr အွန်လိုင်းစတိုးမှ အမည်မဖော်လိုသော ဝန်ထမ်းတစ်ဦးက ”အခုအသစ်ထုတ်လိုက်တဲ့ ဓာတ်ပုံတွေက ၂ဝ၁၉ ခုနှစ်မှာ ထုတ်မယ့် ကုမ္ပဏီရဲ့ နေကာမျက်မှန်တွေ ဖြစ်ပါတယ်။ မင်းသမီး ဖန်ပါဝင်တဲ့ ဓာတ်ပုံတွေကို အသစ်တင်ထားတာပါ”ဟုပြောကြားခဲ့သည်။ အဆိုပါ ကုန်ပစ္စည်း၏ ဝက်ဘ်ဆိုက်တွင် မင်းသမီး Fan က ၂ဝဝ၉ ခုနှစ်မှစတင်ကာ Prsr ကို ကိုယ်စားပြုခဲ့ပြီး ၎င်းတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုနှင့် မင်းသမီး၏ အောင်မြင်မှုကို မိတ်ဆက်နိုင်ခဲ့ကြောင်း ဖော်ပြ ထားသည်။

Marie Claire မဂ္ဂဇင်း၏ ထုတ်ပြန်ချက်အရ အမျိုးသမီးသည်းထိတ်ရင်ဖို ထောက်လှမ်းရေးဒရာမာဖြစ်သည့် ‘၃၅၅’ ရုပ်ရှင်တွင် မင်းသမီးဖန်နှင့်အတူ မင်းသမီး ပင်နီလိုခရုဇ် ပါဝင်လာမည်ဟုဆိုသော်လည်း မင်းသမီး Fan ၏ နေရာတွင် မင်းသမီး ကျန်ကျိယီကို အစားထိုးမည်ဟု ကောလာဟလ ထွက်ပေါ်နေသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ရက်တွင် မင်းသမီး ဖန်ကို ၂ဝ၁၈ခုနှစ်၏ ဖျော်ဖြေသူတစ်ဦးအဖြစ် ဖော်ပြထားသည်။ Weibo တွင် မင်းသမီးကို အခွန်ရှောင်မှုကြောင့် ထောင်ချပစ်ရန် တောင်းဆိုသူများလည်း ရှိနေသည်။

Ref: Chinadaily

Credit: Yangon Media Group

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *