Eleven Media သတင္းသမားမ်ား ႐ုံးထုတ္လာစဥ္

 

[Zawgyi]

ELEVEN ဂ်ာနယ္သတင္းသမားသုံးဦးကို ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ-၅၀၅(ခ) နဲ႔ တရားစြဲဆိုထားမႈကို အစိုးရမွ တရားစြဲဆိုထားမႈကို ႐ုပ္သိမ္းရန္ေဆာင္႐ြက္သြားမယ္လို႔ ထုတ္ျပန္ေျပာဆိုလိုက္ပါတယ္။ သတင္းမီဒီယာေကာင္စီနဲ႔ ဆက္လက္ညႇိဳႏႈိင္းသြားဖို႔ လုပ္သြားမယ္လို႔ ဆိုထားၿပီး eleven ဘက္ကဒီသတင္းမွား ယြင္းမႈအတြက္ ျပန္လည္ေျဖရွင္းဖို႔လည္းေျပာဆိုထားကာ ဒီလိုမေျဖရွင္းေပးပါက အမႈျပန္လည္လုပ္ေဆာင္ သြားမယ္လို႔လည္း ဆိုထားပါတယ္။ ဝန္ႀကီးခ်ဳပ္ရဲ႕ လုပ္ေဆာင္မႈနဲ႔ပတ္သတ္လို႔ သတင္းမီဒီယာသမားေတြရဲ႕ အျမင္ေတြကို ဗြီအိုေအ သတင္းေထာက္ ေမခက စုစည္းတင္ျပသြားပါမယ္

ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဒီကေန႔မနက္ပိုင္းမွာ အစိုးရမီဒီယာေတြျဖစ္တဲ့ MRTV၊ Mitv နဲ႔ Sky Net သတင္းဌာနတို႔ကို ေခၚယူေတြ႕ဆုံကာ အခုလိုေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဒီအမႈကို ဆက္႐ုပ္သိမ္းဖို႔က်ေနာ္တို႔ဆက္လုပ္သြားမွာပါ။ စာနယ္ဇင္းေကာင္စီညႇိဳႏႈိင္း ၿပီးရလဒ္ကိုေစာင့္ၾကည့္ပါမယ္။က်ေနာ္တို႔ဘက္ကမွားယြင္းေၾကာင္း ျပန္ေဖာ္ျပဖို႔ေတာင္းဆိုထားပါတယ္။ ဒီအေျခအေနကို eleven မီဒိယာဘက္ကလိုက္နာမယ္ဆိုရင္ အဆင္ေျပေျပၿပီးစီးသြားမွာျဖစ္ပါတယ္။ လိုက္နာတာမရွိဘူးဆိုရင္ စာနယ္ဇင္းေကာင္စီညႇိဳႏႈိင္းမႈမေအာင္ျမင္ရင္ ဥပေဒေၾကာင္းအရဆက္သြားမွာျဖစ္ပါတယ္”

ELEVEN ဂ်ာနယ္မွာ ေအာက္တိုဘာလ ၈ရက္က ပါခဲ့တဲ့ ‘အၿမဲရႈံးေနတဲ့ စက္သုံးဆီဆိုင္ေတြ ပိတ္ေရး၊ ေငြေခ်းသူ ဘယ္သူမွန္းမသိတဲ့ ေက်ာင္းကားနဲ႔ လူနာမည္ေပါက္ ျပည္သူ႔ရွယ္ယာ’ ေဆာင္းပါး ဟာတိုင္းအစိုးရအဖြဲ႕ကို ျပည္သူ မ်ားက ယုံၾကည္မႈပ်က္ေစၿပီး အၾကည္ညိဳပ်က္ ေစတယ္ဆိုတဲ့ အခ်က္နဲ႔ Eleven Media Group မွ ေဆာင္းပါးရွင္ ၿဖိဳးေဝအပါအဝင္ အယ္ဒီတာခ်ဳပ္ ကိုေက်ာ္ေဇာ လင္းႏွင့္ တာဝန္ခံအယ္ဒီတာ ကိုနရီမင္းတို႔ကို တိုင္းအစိုးရအဖြဲ႕ကိုယ္စား အစိုးရ အဖြဲ႕႐ုံးၫႊန္ၾကားေရးမႉး ဦးေအာင္ေက်ာ္ခိုင္က ပုဒ္မ-၅၀၅(ခ)နဲ႔ တရားစြဲခဲ့တာျဖစ္ပါတယ္။

အမႈတိုင္ၾကားခဲ့ၿပီးေနာက္ ႏိုင္ငံေတာ္သမၼတ႐ုံးဘက္က စာနယ္ဇင္းေကာင္စီနဲ႔ ညႇိဳႏႈိင္းလုပ္ဖို႔ ရန္ကုန္တိုင္း အစိုးရဘက္ကို ၫႊန္ၾကားခဲ့ရပါတယ္။ ဒီလိုၫႊန္ၾကားခ်က္ အၿပီး ၿပီးခဲ့တဲ့ ႐ုံးခ်ိန္းမွာeleven သတင္းသမားေတြကို အာမခံေပး ခဲ့တာျဖစ္ၿပီး မနက္ဖန္ ထပ္လုပ္မယ့္ ႐ုံးခ်ိန္းမတိုင္မွီမွာ အခုလိုထုတ္ျပန္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ELEVEN မီဒီယာဘက္ကေနေဆာင္းပါးပါအခ်က္မ်ား မွားယြင္းေၾကာင္း ျပန္လည္ေတာင္းပန္ေပးဖို႔ ဝန္ႀကီးခ်ဳပ္ေျပာဆိုထားမႈအေပၚ သက္ဆိုင္ရာမီဒီယာသေဘာထားဆက္သြယ္ေမးေပမယ့္ မရတာေၾကာင့္ သက္ဆိုင္ရာမီဒီယာသေဘာထားကိုေတာ့ ခုထိမသိရေသးပါဘူး။

သတင္းမီဒီယာဥပေဒရွိရဲ႕သားနဲ႔ အာမခံေပးရန္ခက္ခဲတဲ့ ပုဒ္မနဲ႔ တရားစြဲဆိုဖမ္းဆီးေထာင္ခ်ခဲ့တဲ့ အေပၚ ရန္ကုန္တိုင္းအစိုးရအေပၚေဝဖန္မႈမ်ားရွိခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ရဲ႕ လုပ္ေဆာင္မႈနဲ႔ပတ္သတ္လို႔ စာနယ္ဇင္းေကာင္စီက ဦးျမင့္ေက်ာ္ကေတာ့

“အမႈ႐ုပ္မွာက လမ္းေၾကာင္းအမွန္ပါ။ စစခ်င္းလုပ္ထားတာက လမ္းေၾကာင္းမွားေနတာေပါ့ေနာ္။ သမၷတၫႊန္ၾကားခ်က္ေၾကာင့္ အခုလိုျဖစ္လာတာႀကိဳဆိုပါတယ္။ ဒါေပမယ့္ ဘာမွမညႇိဳခင္ဘာရမွ ဆိုတာကေတာ့ ႀကိဳတင္ၿပီးေတာ့ ကန႔္သတ္ခ်က္ျဖစ္မလား၊ နဂိုထဲကဒါရမွျဖစ္မယ္ဆိုတာကေတာ့ အေပၚစီးဆန္တယ္။ မီဒီယာဘက္ကလည္း ျပန္ရွင္းဖို႔ရွိေသးတယ္။ ႀကိဳတင္ၿပီးတခုခုလုပ္မယ္ဆိုတာႀကီးကေတာ့ မေကာင္းဘူးထင္ပါတယ္”

ေမာ္ကြန္း မဂၢဇင္းက သတင္းစာဆရာ ကိုေဇယ်ာလႈိင္ကေတာ့

“သမၼတ႐ုံးၫႊန္ၾကားခ်က္အရ ေကာင္စီသြားဖို႔ၫႊန္ၾကားခဲ့တာ။ ဒါကိုမသြားခဲ့ဘူး။ ေကာင္စီမလာခ်င္လို႔ဆိုရင္ သတၱိရွိရင္ေကာင္စီမလာနဲ႔ေပါ့. စလာထဲက ေကာင္စီကို မလာဘဲ ခ်က္ခ်င္းဖမ္းရတဲ့ ဥပေဒနဲ႔ စြဲထဲက မီဒႋယာကိုေစတနာမရွိတာေပၚတာဘဲ ဒါေၾကာင့္ သမၼတကၾကားဝင္ရတယ္။ ၾကားဝင္တာမွာလည္းခ်က္ခ်င္းလုပ္ခဲ့တာ မဟုတ္ဘူးေလ။ အမွန္က အခ်ိန္ ဆြဲထားတာဘဲေလ. အဲထဲက မီဒီယာအေပၚေစတနာမထားတာေတြ႕ရတာဘဲေလ”

မနက္ျဖန္ မွာ အလဲဗင္းသတင္းေထာက္ေတြရဲ႕ ႐ုံးခ်ိန္းရွိေနၿပီး ဒီ႐ုံးခ်ိန္းမွာ အမႈ႐ုပ္သိမ္းသြားဖြယ္ရွိပါတယ္။

 

[Unicode]

ELEVEN ဂျာနယ်သတင်းသမားသုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(ခ) နဲ့ တရားစွဲဆိုထားမှုကို အစိုးရမှ တရားစွဲဆိုထားမှုကို ရုပ်သိမ်းရန်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ သတင်းမီဒီယာကောင်စီနဲ့ ဆက်လက်ညှိုနှိုင်းသွားဖို့ လုပ်သွားမယ်လို့ ဆိုထားပြီး eleven ဘက်ကဒီသတင်းမှား ယွင်းမှုအတွက် ပြန်လည်ဖြေရှင်းဖို့လည်းပြောဆိုထားကာ ဒီလိုမဖြေရှင်းပေးပါက အမှုပြန်လည်လုပ်ဆောင် သွားမယ်လို့လည်း ဆိုထားပါတယ်။ ဝန်ကြီးချုပ်ရဲ့ လုပ်ဆောင်မှုနဲ့ပတ်သတ်လို့ သတင်းမီဒီယာသမားတွေရဲ့ အမြင်တွေကို ဗွီအိုအေ သတင်းထောက် မေခက စုစည်းတင်ပြသွားပါမယ်

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဒီကနေ့မနက်ပိုင်းမှာ အစိုးရမီဒီယာတွေဖြစ်တဲ့ MRTV၊ Mitv နဲ့ Sky Net သတင်းဌာနတို့ကို ခေါ်ယူတွေ့ဆုံကာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီအမှုကို ဆက်ရုပ်သိမ်းဖို့ကျနော်တို့ဆက်လုပ်သွားမှာပါ။ စာနယ်ဇင်းကောင်စီညှိုနှိုင်း ပြီးရလဒ်ကိုစောင့်ကြည့်ပါမယ်။ကျနော်တို့ဘက်ကမှားယွင်းကြောင်း ပြန်ဖော်ပြဖို့တောင်းဆိုထားပါတယ်။ ဒီအခြေအနေကို eleven မီဒိယာဘက်ကလိုက်နာမယ်ဆိုရင် အဆင်ပြေပြေပြီးစီးသွားမှာဖြစ်ပါတယ်။ လိုက်နာတာမရှိဘူးဆိုရင် စာနယ်ဇင်းကောင်စီညှိုနှိုင်းမှုမအောင်မြင်ရင် ဥပဒေကြောင်းအရဆက်သွားမှာဖြစ်ပါတယ်”

ELEVEN ဂျာနယ်မှာ အောက်တိုဘာလ ၈ရက်က ပါခဲ့တဲ့ ‘အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ’ ဆောင်းပါး ဟာတိုင်းအစိုးရအဖွဲ့ကို ပြည်သူ များက ယုံကြည်မှုပျက်စေပြီး အကြည်ညိုပျက် စေတယ်ဆိုတဲ့ အချက်နဲ့ Eleven Media Group မှ ဆောင်းပါးရှင် ဖြိုးဝေအပါအဝင် အယ်ဒီတာချုပ် ကိုကျော်ဇော လင်းနှင့် တာဝန်ခံအယ်ဒီတာ ကိုနရီမင်းတို့ကို တိုင်းအစိုးရအဖွဲ့ကိုယ်စား အစိုးရ အဖွဲ့ရုံးညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က ပုဒ်မ-၅၀၅(ခ)နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။

အမှုတိုင်ကြားခဲ့ပြီးနောက် နိုင်ငံတော်သမ္မတရုံးဘက်က စာနယ်ဇင်းကောင်စီနဲ့ ညှိုနှိုင်းလုပ်ဖို့ ရန်ကုန်တိုင်း အစိုးရဘက်ကို ညွှန်ကြားခဲ့ရပါတယ်။ ဒီလိုညွှန်ကြားချက် အပြီး ပြီးခဲ့တဲ့ ရုံးချိန်းမှာeleven သတင်းသမားတွေကို အာမခံပေး ခဲ့တာဖြစ်ပြီး မနက်ဖန် ထပ်လုပ်မယ့် ရုံးချိန်းမတိုင်မှီမှာ အခုလိုထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ELEVEN မီဒီယာဘက်ကနေဆောင်းပါးပါအချက်များ မှားယွင်းကြောင်း ပြန်လည်တောင်းပန်ပေးဖို့ ဝန်ကြီးချုပ်ပြောဆိုထားမှုအပေါ် သက်ဆိုင်ရာမီဒီယာသဘောထားဆက်သွယ်မေးပေမယ့် မရတာကြောင့် သက်ဆိုင်ရာမီဒီယာသဘောထားကိုတော့ ခုထိမသိရသေးပါဘူး။

သတင်းမီဒီယာဥပဒေရှိရဲ့သားနဲ့ အာမခံပေးရန်ခက်ခဲတဲ့ ပုဒ်မနဲ့ တရားစွဲဆိုဖမ်းဆီးထောင်ချခဲ့တဲ့ အပေါ် ရန်ကုန်တိုင်းအစိုးရအပေါ်ဝေဖန်မှုများရှိခဲ့ပါတယ်။

ဝန်ကြီးချုပ်ရဲ့ လုပ်ဆောင်မှုနဲ့ပတ်သတ်လို့ စာနယ်ဇင်းကောင်စီက ဦးမြင့်ကျော်ကတော့

“အမှုရုပ်မှာက လမ်းကြောင်းအမှန်ပါ။ စစချင်းလုပ်ထားတာက လမ်းကြောင်းမှားနေတာပေါ့နော်။ သမ္နတညွှန်ကြားချက်ကြောင့် အခုလိုဖြစ်လာတာကြိုဆိုပါတယ်။ ဒါပေမယ့် ဘာမှမညှိုခင်ဘာရမှ ဆိုတာကတော့ ကြိုတင်ပြီးတော့ ကန့်သတ်ချက်ဖြစ်မလား၊ နဂိုထဲကဒါရမှဖြစ်မယ်ဆိုတာကတော့ အပေါ်စီးဆန်တယ်။ မီဒီယာဘက်ကလည်း ပြန်ရှင်းဖို့ရှိသေးတယ်။ ကြိုတင်ပြီးတခုခုလုပ်မယ်ဆိုတာကြီးကတော့ မကောင်းဘူးထင်ပါတယ်”

မော်ကွန်း မဂ္ဂဇင်းက သတင်းစာဆရာ ကိုဇေယျာလှိုင်ကတော့

“သမ္မတရုံးညွှန်ကြားချက်အရ ကောင်စီသွားဖို့ညွှန်ကြားခဲ့တာ။ ဒါကိုမသွားခဲ့ဘူး။ ကောင်စီမလာချင်လို့ဆိုရင် သတ္တိရှိရင်ကောင်စီမလာနဲ့ပေါ့. စလာထဲက ကောင်စီကို မလာဘဲ ချက်ချင်းဖမ်းရတဲ့ ဥပဒေနဲ့ စွဲထဲက မီင်္ဒိယာကိုစေတနာမရှိတာပေါ်တာဘဲ ဒါကြောင့် သမ္မတကကြားဝင်ရတယ်။ ကြားဝင်တာမှာလည်းချက်ချင်းလုပ်ခဲ့တာ မဟုတ်ဘူးလေ။ အမှန်က အချိန် ဆွဲထားတာဘဲလေ. အဲထဲက မီဒီယာအပေါ်စေတနာမထားတာတွေ့ရတာဘဲလေ”

မနက်ဖြန် မှာ အလဲဗင်းသတင်းထောက်တွေရဲ့ ရုံးချိန်းရှိနေပြီး ဒီရုံးချိန်းမှာ အမှုရုပ်သိမ်းသွားဖွယ်ရှိပါတယ်။

Credit: burmese.voanews.com

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *