[Zawgyi]

K (မိုးမခ) ႏို၀င္ဘာ ၈၊ ၂၀၁၈

ပန္းရဲ႕လမ္းပဲ့ကိုင္တဦးျဖစ္သူ ေတးေရး၊ ေတးဆို သားေထြး စ်ာပနအခမ္းအနားကို ႏို၀င္ဘာ (၈)ရက္ ညေန ၃ နာရီအခ်ိန္၌ ရန္ကုန္ၿမိဳ႕ေရေ၀းသုသာန္မွာ မီးသၿဂိၤဳဟ္ျခင္းျပဳလုပ္ၿပီး အရိုးျပာဂူသြင္းျခင္းအခမ္းအနားမ်ား ျပဳလုပ္သြားမယ္လို႔ သိရပါ တယ္။

အဆိုပါစ်ာပနအခမ္းအနားကို လိုက္ပါပို႔ေဆာင္လိုသူမ်ားအေနနဲ႔ က်န္ရစ္သူမိသားစုမ်ားရဲ႔ေနအိမ္ျဖစ္တဲ့ သဃၤန္းကၽြန္းၿမိဳ႕ နယ္ သြပ္၀ိုင္းႀကီးရပ္ကြက္ စံခ်ိန္သစ္လမ္း၊ အမွတ္(၂၀၇)ရွိ အိမ္မွ ေန႔လယ္ ၁နာရီ ကားမ်ားစီစဥ္ထားၿပီး အဆိုေတာ္သား ေထြးရဲ႕ေမြးရပ္ေျမ လမ္းမေတာ္ၿမိဳ႕နယ္၀ါးတန္းလမ္း အမွတ္ ၄၅ အိမ္ေရွ႕မွလည္း ေန႔လယ္ ၁၂း၃၀ ကားမ်ားစီစဥ္ထား ေၾကာင္း ေျပာဆိုထားပါတယ္။

ေတးေရးေတးဆို အဆိုေတာ္သားေထြးဟာ ရန္ကုန္ၿမိဳ႕ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ ေအာင္ရတနာေဆးရံုမွာ အသည္းေရာဂါနဲ႔ ႏို၀င္ဘာ ၆ရက္ နံနက္ ၆နာရီ ၅၅မိနစ္ အသက္ ၅၆ ႏွစ္အရြယ္မွာ ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။

အဆိုေတာ္သားေထြးဟာ ဂီတျဖတ္သန္းမႈမ်ားအေနနဲ႔ တကိုယ္ေတာ္ေတးစီးရီးေခြမ်ားအျဖစ္ ပ်ိဳး၊-(USHERတီး၀ိုင္း)၁၉၈၅။ အတူတူေနခ်င္တယ္။ ၁၉၉၁ (Selection) အခ်စ္မဲ့သေဘာ(မဇၥ်ိမလႈိင္း)၊ မႏြမ္းပန္း (မဇၥ်ိမလႈိင္း)တို႔ထြက္ရွိခဲ့ၿပီး စုေပါင္း ေတးစီးရီး အေနနဲ႔ ကမၻာကုန္ က်ယ္သေရႊ႕(ခင္ေမာင္တိုး၊ စိုးပိုင္၊ ကိုရဲလြင္၊ ခိုင္ထူး၊ သားေထြး)တို႔မွာ ပါ၀င္သီဆိုခဲ့ပါတယ္။

ပ်ိဳး၊ ရြာအ၀င္၊ ႏွင္း၊ အမွ်ေမတၱာေ၀၊ အရိုးဆံုးလွည့္ကြက္၊ ခ်စ္ရတဲ့သူ ၿငိမ္းခ်မ္းေရးဆုေတာင္း သီခ်င္းတို႔မွာ အထူးထင္ရွား ၿပီး သားေထြးေရးသားၿပီး အဆိုေတာ္သွ်ိဳင္းေအာင္သီဆိုတဲ့ ခ်စ္ရတဲ့သူသီခ်င္းမွာ အလြန္လူႀကိဳက္မ်ားခဲ့ပါတယ္။ Usher ။ မဇိၥ်မလႈိင္း။ Vertical Vibration ။ ပန္းရဲ႕လမ္းတို႔မွာ တြဲဖက္တီးခတ္သီဆိုခဲ့ပါတယ္။

၁၉၉၀ ေရြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ေရြးေကာက္ပြဲေအာင္ႏိုင္ေရး သီခ်င္းမ်ားသီဆိုေပးခဲ့ၿပီး ၂၀၁၂မွာ လြတ္လပ္၊ ၿငိမ္းခ်မ္း ပန္းရဲ႔႕လမ္း လူမႈကြန္ရက္ကို ဂီတပညာရွင္ ကိုရဲလြင္နဲ႔အတူ ဖြဲ႔စည္းထူေထာင္ကာ ၿငိမ္းခ်မ္းေရးကို အ စဥ္ေတာင္းဆိုလႈပ္ရွားခဲ့ၿပီး တိုင္းရင္းသားေဒသမ်ားမွ စစ္ေဘးေရွာင္မ်ားအတြက္ ျမန္မာျပည္အႏွံ႔ ဂီတျဖင့္ လွည့္လည္ေဖ်ာ္ေျဖကာ ရန္ပံုေငြရွာေဖြေပးခဲ့ပါတယ္။

ကြယ္လြန္ခ်ိန္မွာ ဇနီး ေဒၚမာလာ၀င္း သမီး မမ်ိဳးမ်က္သြယ္၊ မၾကည္ျဖဴလင္းလက္၊ မေမရွင္းသန္႔တို႔ ၃ဦး က်န္ရစ္ပါတယ္။

 

Credit : မိုးမခ

The Padaythar

 

[Unicode]

ပန်းရဲ့လမ်းပဲ့ကိုင်တဦးဖြစ်သူ တေးရေး၊ တေးဆို သားထွေး ဈာပနအခမ်းအနား ယနေ့ ၃နာရီ ရေဝေးမှာ ပြုလုပ်မယ်

K (မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၈

ပန်းရဲ့လမ်းပဲ့ကိုင်တဦးဖြစ်သူ တေးရေး၊ တေးဆို သားထွေး ဈာပနအခမ်းအနားကို နိုဝင်ဘာ (၈)ရက် ညနေ ၃ နာရီအချိန်၌ ရန်ကုန်မြို့ရေဝေးသုသာန်မှာ မီးသဂြိၤုဟ်ခြင်းပြုလုပ်ပြီး အရိုးပြာဂူသွင်းခြင်းအခမ်းအနားများ ပြုလုပ်သွားမယ်လို့ သိရပါ တယ်။

အဆိုပါဈာပနအခမ်းအနားကို လိုက်ပါပို့ဆောင်လိုသူများအနေနဲ့ ကျန်ရစ်သူမိသားစုများရဲ့နေအိမ်ဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့ နယ် သွပ်ဝိုင်းကြီးရပ်ကွက် စံချိန်သစ်လမ်း၊ အမှတ်(၂၀၇)ရှိ အိမ်မှ နေ့လယ် ၁နာရီ ကားများစီစဉ်ထားပြီး အဆိုတော်သား ထွေးရဲ့မွေးရပ်မြေ လမ်းမတော်မြို့နယ်ဝါးတန်းလမ်း အမှတ် ၄၅ အိမ်ရှေ့မှလည်း နေ့လယ် ၁၂း၃၀ ကားများစီစဉ်ထား ကြောင်း ပြောဆိုထားပါတယ်။

တေးရေးတေးဆို အဆိုတော်သားထွေးဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ အောင်ရတနာဆေးရုံမှာ အသည်းရောဂါနဲ့ နိုဝင်ဘာ ၆ရက် နံနက် ၆နာရီ ၅၅မိနစ် အသက် ၅၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

အဆိုတော်သားထွေးဟာ ဂီတဖြတ်သန်းမှုများအနေနဲ့ တကိုယ်တော်တေးစီးရီးခွေများအဖြစ် ပျိုး၊-(USHERတီးဝိုင်း)၁၉၈၅။ အတူတူနေချင်တယ်။ ၁၉၉၁ (Selection) အချစ်မဲ့သဘော(မဇ္ဈိမလှိုင်း)၊ မနွမ်းပန်း (မဇ္ဈိမလှိုင်း)တို့ထွက်ရှိခဲ့ပြီး စုပေါင်း တေးစီးရီး အနေနဲ့ ကမ္ဘာကုန် ကျယ်သရွှေ့(ခင်မောင်တိုး၊ စိုးပိုင်၊ ကိုရဲလွင်၊ ခိုင်ထူး၊ သားထွေး)တို့မှာ ပါဝင်သီဆိုခဲ့ပါတယ်။

ပျိုး၊ ရွာအဝင်၊ နှင်း၊ အမျှမေတ္တာဝေ၊ အရိုးဆုံးလှည့်ကွက်၊ ချစ်ရတဲ့သူ ငြိမ်းချမ်းရေးဆုတောင်း သီချင်းတို့မှာ အထူးထင်ရှား ပြီး သားထွေးရေးသားပြီး အဆိုတော်သျှိုင်းအောင်သီဆိုတဲ့ ချစ်ရတဲ့သူသီချင်းမှာ အလွန်လူကြိုက်များခဲ့ပါတယ်။ Usher ။ မဇ္ဈိမလှိုင်း။ Vertical Vibration ။ ပန်းရဲ့လမ်းတို့မှာ တွဲဖက်တီးခတ်သီဆိုခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး သီချင်းများသီဆိုပေးခဲ့ပြီး ၂၀၁၂မှာ လွတ်လပ်၊ ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်ကို ဂီတပညာရှင် ကိုရဲလွင်နဲ့အတူ ဖွဲ့စည်းထူထောင်ကာ ငြိမ်းချမ်းရေးကို အ စဉ်တောင်းဆိုလှုပ်ရှားခဲ့ပြီး တိုင်းရင်းသားဒေသများမှ စစ်ဘေးရှောင်များအတွက် မြန်မာပြည်အနှံ့ ဂီတဖြင့် လှည့်လည်ဖျော်ဖြေကာ ရန်ပုံငွေရှာဖွေပေးခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်မာလာဝင်း သမီး မမျိုးမျက်သွယ်၊ မကြည်ဖြူလင်းလက်၊ မမေရှင်းသန့်တို့ ၃ဦး ကျန်ရစ်ပါတယ်။

 

Credit : မိုးမခ

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *