ဓာတ္ပုံ မူပိုင္THIERRY FALISE/GETTY IMAGES

တ႐ုတ္ – ျမန္မာ ႏွစ္ႏိုင္ငံနယ္စပ္ဂိတ္တခု

[Zawgyi]

တ႐ုတ္ – ျမန္မာ ႏွစ္ႏိုင္ငံနယ္စပ္ ေ႐ႊလီျမစ္ထဲကေနတဆင့္ ျမန္မာဘက္ဆန္ေတြကို တ႐ုတ္ဘက္ကို တရားမဝင္ တင္ပို႔ရာမွာ တ႐ုတ္ အာဏာပိုင္ေတြက လိုက္ဖမ္းလို႔ ျမစ္ထဲခုန္ခ်ထြက္ေျပးတဲ့ ျမန္မာအလုပ္သမား ၃ ဦး ေပ်ာက္ဆုံးေနပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၅ ရက္ မနက္ပိုင္းက စက္ေလွသမား ၁ ဦး အပါအဝင္ ျမန္မာအလုပ္သမား ၁၁ ဦးဟာ တ႐ုတ္နယ္စပ္ဘက္ကို တရားမဝင္ တင္ပို႔တဲ့ ဆန္အိတ္ေတြ သယ္ခ်ေနတုန္း ေသနတ္ကိုင္ေဆာင္ထားတဲ့ တ႐ုတ္လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြက လိုက္လံဖမ္းဆီးလို႔ ေ႐ႊလီျမစ္ထဲ ခုန္ခ်ထြက္ေျပးရာက ၃ ဦး ေပ်ာက္ဆုံးေနတာ ျဖစ္ပါတယ္။

က်န္အလုပ္သမား ၈ ဦးနဲ႔ စက္ေလွသမားကေတာ့ ျမန္မာဘက္ျခမ္းကို ျပန္လည္ထြက္ေျပးလာႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ေပ်ာက္ဆုံးသူေတြကို ရွာေဖြေနတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီး ေပ်ာက္ဆုံးအလုပ္သမား တစ္ဦးရဲ႕ ေယာက္ဖျဖစ္သူ မူဆယ္ၿမိဳ႕ခံဦးထြန္းက ” ေ႐ႊလီျမစ္ထဲ တမနက္လုံး စက္ေလွနဲ႔ ရွာေနတာ မေတြ႕ေသးဘူး။ တ႐ုတ္ဘက္ကမ္း ကုန္တင္ကုန္ခ် လုပ္ေနတုန္း တ႐ုတ္ရဲေတြက စက္ေလွေတြထဲအဖိ ဆင္းဖမ္းေတာ့ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ ေရထဲခုန္ခ်ၾကတာတဲ့၊ ၃ ေယာက္လုံးက ေရမကူးတတ္ဘူး” လို႔ ေျပာပါတယ္။

တ႐ုတ္ – ျမန္မာနယ္စပ္ မူဆယ္ကေန တင္ပို႔ေနတဲ့ ဆန္နဲ႔ ေျပာင္း ပို႔ကုန္အခ်ိဳ႕ကို တ႐ုတ္ဘက္က ဘိန္း အစားထိုးအေနနဲ႔ အခြန္ကင္းလြတ္ခြင့္နဲ႔ တႏွစ္ကို တန္ခ်ိန္ ေသာင္းဂဏန္းခန႔္သာ တရားဝင္တင္ပို႔ခြင့္ ျပဳထားတာပါ။

စပါးေပၚတဲ့ အခုလို ရာသီမ်ိဳးမွာ တလကို တန္ခ်ိန္ ၁ သိန္း ခြဲေလာက္အထိ တ႐ုတ္ကုန္သည္ေတြက အဝယ္ရွိေနလို႔ ေ႐ႊလီျမစ္ကေန ေလွေတြနဲ႔ ဆန္အိတ္ေတြကိုတင္ၿပီး စစ္ေဆးေရးဂိတ္ေတြ မရွိတဲ့ တ႐ုတ္ဘက္အျခမ္းကို တရားမဝင္ တင္ပို႔ေရာင္းခ်ေနတာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာလည္း တ႐ုတ္ဘက္က ဆန္နဲ႔ ေျပာင္းအဝင္ တင္းက်ပ္လိုက္တဲ့ အတြက္ မူဆယ္ နယ္စပ္မွာေတာ့ ကုန္အေရာင္းအဝယ္ အားလုံးနီးပါး ရပ္ထားရတဲ့ အေျခအေနမ်ိဳး ျဖစ္ေနတယ္လို႔ မူဆယ္ၿမိဳ႕ခံ ဆန္ကုန္သည္ ဦးေ႐ႊမိုးက ေျပာပါတယ္။

ဓာတ္ပုံ မူပိုင္THIERRY FALISE/ GETTY IMAGES
မူဆယ္ၿမိဳ႕ နယ္စပ္ကုန္သြယ္မႈျမင္ကြင္း

အခုလို တရားမဝင္ လမ္းေၾကာင္းက တင္ပို႔ရတဲ့အတြက္ နစ္နာမႈေတြ ရွိေနလို႔ တရားဝင္ လမ္းေၾကာင္းကေန တင္ပို႔ႏိုင္ဖို႔ အသင္းအေနနဲ႔ လုပ္ေဆာင္ေပးေနတယ္လို႔ မူဆယ္နယ္စပ္ဆန္ ကုန္သည္အသင္း ဥကၠဌ ဦးသန္းေဌးဦး ေျပာပါတယ္။

ျမန္မာ့ပဲမ်ိဳးစုံကို နယ္စပ္ကေန တရားဝင္ တင္ပို႔ခြင့္ တ႐ုတ္ဘက္က ခြင့္ျပဳေပမယ့္ ဆန္နဲ႔ ေျပာင္းကိုေတာ့ သူတို႔ႏိုင္ငံရဲ႕ တ႐ုတ္စိုက္ပ်ိဳးသူေတာင္သူေတြရဲ႕ အခြင့္အေရးကို ကာကြယ္တဲ့အေနနဲ႔ ခြင့္မျပဳဘူးလို႔ ဦးသန္းေဌးဦး ဆိုပါတယ္။

ကုမၸဏီ အနည္းငယ္ကိုေတာ့ တရားဝင္ တင္ပို႔ခြင့္ျပဳေပမယ့္ အခြန္ႏႈန္းထားကိုျမႇင့္ၿပီး ေကာက္ေလ့ရွိတယ္ လို႔လည္း သိရပါတယ္။

လတ္တေလာမွာလည္း တ႐ုတ္ဘက္က လက္နက္ကိုင္ေဆာင္ထားတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ ႏွစ္ႏိုင္ငံနယ္စပ္မွာ တင္းတင္းက်ပ္က်ပ္ လွည့္လည္စစ္ေဆးေနတဲ့အတြက္ သိုေလွာင္႐ုံေတြမွာ ကုန္ေတြ ပုံေနၿပီး ကုန္သည္ေတြ အခက္ႀကဳံေနၾကသလို ကုန္တင္ကုန္ခ် လုပ္ေဆာင္ေနတဲ့ ျမန္မာအလုပ္သမား ေတြလည္း ဝင္ေငြမရွိ အခက္အခဲ ႀကဳံေနရတယ္လို႔ မူဆယ္ၿမိဳ႕ခံေတြက ေျပာပါတယ္။

Credit : BBC Burmese

The Padaythar

 

[Unicode]

တရုတ်အာဏာပိုင်တွေ လိုက်ဖမ်းလို့ မြစ်ထဲခုန်ချထွက်ပြေးတဲ့ မြန်မာအလုပ်သမား ၃ ဦး ပျောက်ဆုံး

ဓာတ်ပုံ မူပိုင်THIERRY FALISE/GETTY IMAGES

တရုတ် – မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်တခု
တရုတ် – မြန်မာ နှစ်နိုင်ငံနယ်စပ် ရွှေလီမြစ်ထဲကနေတဆင့် မြန်မာဘက်ဆန်တွေကို တရုတ်ဘက်ကို တရားမဝင် တင်ပို့ရာမှာ တရုတ် အာဏာပိုင်တွေက လိုက်ဖမ်းလို့ မြစ်ထဲခုန်ချထွက်ပြေးတဲ့ မြန်မာအလုပ်သမား ၃ ဦး ပျောက်ဆုံးနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက စက်လှေသမား ၁ ဦး အပါအဝင် မြန်မာအလုပ်သမား ၁၁ ဦးဟာ တရုတ်နယ်စပ်ဘက်ကို တရားမဝင် တင်ပို့တဲ့ ဆန်အိတ်တွေ သယ်ချနေတုန်း သေနတ်ကိုင်ဆောင်ထားတဲ့ တရုတ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးလို့ ရွှေလီမြစ်ထဲ ခုန်ချထွက်ပြေးရာက ၃ ဦး ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ကျန်အလုပ်သမား ၈ ဦးနဲ့ စက်လှေသမားကတော့ မြန်မာဘက်ခြမ်းကို ပြန်လည်ထွက်ပြေးလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပျောက်ဆုံးသူတွေကို ရှာဖွေနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပျောက်ဆုံးအလုပ်သမား တစ်ဦးရဲ့ ယောက်ဖဖြစ်သူ မူဆယ်မြို့ခံဦးထွန်းက ” ရွှေလီမြစ်ထဲ တမနက်လုံး စက်လှေနဲ့ ရှာနေတာ မတွေ့သေးဘူး။ တရုတ်ဘက်ကမ်း ကုန်တင်ကုန်ချ လုပ်နေတုန်း တရုတ်ရဲတွေက စက်လှေတွေထဲအဖိ ဆင်းဖမ်းတော့ ကြောက်ကြောက်လန့်လန့်နဲ့ ရေထဲခုန်ချကြတာတဲ့၊ ၃ ယောက်လုံးက ရေမကူးတတ်ဘူး” လို့ ပြောပါတယ်။

တရုတ် – မြန်မာနယ်စပ် မူဆယ်ကနေ တင်ပို့နေတဲ့ ဆန်နဲ့ ပြောင်း ပို့ကုန်အချို့ကို တရုတ်ဘက်က ဘိန်း အစားထိုးအနေနဲ့ အခွန်ကင်းလွတ်ခွင့်နဲ့ တနှစ်ကို တန်ချိန် သောင်းဂဏန်းခန့်သာ တရားဝင်တင်ပို့ခွင့် ပြုထားတာပါ။

စပါးပေါ်တဲ့ အခုလို ရာသီမျိုးမှာ တလကို တန်ချိန် ၁ သိန်း ခွဲလောက်အထိ တရုတ်ကုန်သည်တွေက အဝယ်ရှိနေလို့ ရွှေလီမြစ်ကနေ လှေတွေနဲ့ ဆန်အိတ်တွေကိုတင်ပြီး စစ်ဆေးရေးဂိတ်တွေ မရှိတဲ့ တရုတ်ဘက်အခြမ်းကို တရားမဝင် တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း တရုတ်ဘက်က ဆန်နဲ့ ပြောင်းအဝင် တင်းကျပ်လိုက်တဲ့ အတွက် မူဆယ် နယ်စပ်မှာတော့ ကုန်အရောင်းအဝယ် အားလုံးနီးပါး ရပ်ထားရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ မူဆယ်မြို့ခံ ဆန်ကုန်သည် ဦးရွှေမိုးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင်THIERRY FALISE/ GETTY IMAGES
Image caption
မူဆယ်မြို့ နယ်စပ်ကုန်သွယ်မှုမြင်ကွင်း
အခုလို တရားမဝင် လမ်းကြောင်းက တင်ပို့ရတဲ့အတွက် နစ်နာမှုတွေ ရှိနေလို့ တရားဝင် လမ်းကြောင်းကနေ တင်ပို့နိုင်ဖို့ အသင်းအနေနဲ့ လုပ်ဆောင်ပေးနေတယ်လို့ မူဆယ်နယ်စပ်ဆန် ကုန်သည်အသင်း ဥက္ကဌ ဦးသန်းဌေးဦး ပြောပါတယ်။

မြန်မာ့ပဲမျိုးစုံကို နယ်စပ်ကနေ တရားဝင် တင်ပို့ခွင့် တရုတ်ဘက်က ခွင့်ပြုပေမယ့် ဆန်နဲ့ ပြောင်းကိုတော့ သူတို့နိုင်ငံရဲ့ တရုတ်စိုက်ပျိုးသူတောင်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့အနေနဲ့ ခွင့်မပြုဘူးလို့ ဦးသန်းဌေးဦး ဆိုပါတယ်။

ကုမ္ပဏီ အနည်းငယ်ကိုတော့ တရားဝင် တင်ပို့ခွင့်ပြုပေမယ့် အခွန်နှုန်းထားကိုမြှင့်ပြီး ကောက်လေ့ရှိတယ် လို့လည်း သိရပါတယ်။

လတ်တလောမှာလည်း တရုတ်ဘက်က လက်နက်ကိုင်ဆောင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နှစ်နိုင်ငံနယ်စပ်မှာ တင်းတင်းကျပ်ကျပ် လှည့်လည်စစ်ဆေးနေတဲ့အတွက် သိုလှောင်ရုံတွေမှာ ကုန်တွေ ပုံနေပြီး ကုန်သည်တွေ အခက်ကြုံနေကြသလို ကုန်တင်ကုန်ချ လုပ်ဆောင်နေတဲ့ မြန်မာအလုပ်သမား တွေလည်း ဝင်ငွေမရှိ အခက်အခဲ ကြုံနေရတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

Credit : BBC Burmese 

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *