[Unicode]

အိန္ဒိယရဲ့ ဥပေဒ အရာရှိများက TikTok ဟာ အိန္ဒိယမှာ လူငယ်များ အကြားမှာ ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ အတွက် ပိတ်ပင်ဖို့ အစိုးရအား တောင်းဆိုလိုက်ပါတယ်။ အစိုးရကလည်း ဒါကို နားစွင့်နေပါတယ်။ Tamil Nadu ပြည်နယ်ရဲ့ သတင်းအချက်အလက် နည်းပညာ ဝန်ကြီး ဖြစ်သူ M. Manikandan က ပြည်နယ် အစိုးရက TikTok ကို ပိတ်ပင်ဖို့ ထောက်ခံတယ်လို့ ပြောပါတယ်။

Nagapattinam ရဲ့ ဥပဒေ ပြဌာန်းသူ Thamimun Ansari ကလည်း ဒီပြဿနာကို ထောက်ခံပြောဆိုပါတယ်။ ပရဟိတ သမားများက TikTok မှာ လိင်ပိုင်းဆိုင်ရာ နိုးကြွစေတဲ့ အရာများနဲ့ အရှက်ရစရာများကို မျှဝေနေကြတယ်လို့ ပြောကြောင်း သူက The Economic Times ကို ပြောပါတယ်။ တရားဥပဒေ စိုးမိုးမှု အတွက်လည်း အန္တရာယ်ရှိတယ်လို့ သူက ဖြည့်စွက် ရှင်းပြပါတယ်။

TikTok မှာ လူအများ လှောင်ပြောင်စရာ ကောင်းတဲ့ ဗီဒီယိုများကိုလည်း တင်နေကြပါတယ်။ အဲဒီအတွက် Cyberbullying ပြဿနာများလည်း ဖြစ်ပွားနေပါတယ်။ အဲဒီ ပလက်ဖောင်းမှာ လှောင်ပြောင် တိုက်ခိုက်ခံရတဲ့ အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ တိုင်ကြားမှုပေါင်း ၃၆ ခု ရှိခဲ့တယ်လို့ The New Indian Express ရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြခဲ့ဖူးပါတယ်။

လူငယ်တစ်ဦးဟာ ဆိုရင် သူတင်တဲ့ ဗီဒီယိုကို လူတွေ လှောင်ပြောင်ခဲ့တဲ့ အတွက် ရထား အရှေ့ကို ခုန်ချခဲ့တယ်လို့ သိရပါတယ်။ App ကို သုံးလို့ သူ့အဖွားက ဆူတဲ့ အတွက် မွန်ဘိုင်းမှ ဆယ်ကျော်သက်တစ်ဦးကလည်း ကိုယ့်ကိုကိုယ် သတ်သေခဲ့ပါတယ်။

 

[Zawgyi]

အိႏၵိယရဲ႕ ဥေပဒ အရာရွိမ်ားက TikTok ဟာ အိႏၵိယမွာ လူငယ္မ်ား အၾကားမွာ ယဥ္ေက်းမႈကို ထိခိုက္ေစတဲ့ အတြက္ ပိတ္ပင္ဖို႔ အစိုးရအား ေတာင္းဆိုလိုက္ပါတယ္။ အစိုးရကလည္း ဒါကို နားစြင့္ေနပါတယ္။ Tamil Nadu ျပည္နယ္ရဲ႕ သတင္းအခ်က္အလက္ နည္းပညာ ၀န္ႀကီး ျဖစ္သူ M. Manikandan က ျပည္နယ္ အစိုးရက TikTok ကို ပိတ္ပင္ဖို႔ ေထာက္ခံတယ္လို႔ ေျပာပါတယ္။

Nagapattinam ရဲ႕ ဥပေဒ ျပဌာန္းသူ Thamimun Ansari ကလည္း ဒီျပႆနာကို ေထာက္ခံေျပာဆိုပါတယ္။ ပရဟိတ သမားမ်ားက TikTok မွာ လိင္ပိုင္းဆိုင္ရာ ႏိုးၾကြေစတဲ့ အရာမ်ားနဲ႔ အရွက္ရစရာမ်ားကို မွ်ေ၀ေနၾကတယ္လို႔ ေျပာေၾကာင္း သူက The Economic Times ကို ေျပာပါတယ္။ တရားဥပေဒ စိုးမိုးမႈ အတြက္လည္း အႏၱရာယ္ရွိတယ္လို႔ သူက ျဖည့္စြက္ ရွင္းျပပါတယ္။

TikTok မွာ လူအမ်ား ေလွာင္ေျပာင္စရာ ေကာင္းတဲ့ ဗီဒီယိုမ်ားကိုလည္း တင္ေနၾကပါတယ္။ အဲဒီအတြက္ Cyberbullying ျပႆနာမ်ားလည္း ျဖစ္ပြားေနပါတယ္။ အဲဒီ ပလက္ေဖာင္းမွာ ေလွာင္ေျပာင္ တိုက္ခိုက္ခံရတဲ့ အတြက္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလမွာ တုိင္ၾကားမႈေပါင္း ၃၆ ခု ရွိခဲ့တယ္လို႔ The New Indian Express ရဲ႕ သတင္းတစ္ပုဒ္မွာ ေဖာ္ျပခဲ့ဖူးပါတယ္။

လူငယ္တစ္ဦးဟာ ဆိုရင္ သူတင္တဲ့ ဗီဒီယိုကို လူေတြ ေလွာင္ေျပာင္ခဲ့တဲ့ အတြက္ ရထား အေရွ႕ကို ခုန္ခ်ခဲ့တယ္လို႔ သိရပါတယ္။ App ကို သံုးလို႔ သူ႕အဖြားက ဆူတဲ့ အတြက္ မြန္ဘိုင္းမွ ဆယ္ေက်ာ္သက္တစ္ဦးကလည္း ကိုယ့္ကိုကိုယ္ သတ္ေသခဲ့ပါတယ္။

Ref : theverge

Credit: Digital Times

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *