[Unicode]

အဆိုတော် လေဒီဂါဂါသည် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည့် Cardi B က အင်စတာဂရမ် အကောင့်ကို ဖျက်ခဲ့ရပြီးနောက် ၎င်းဘက်မှ ကာကွယ်ပြောဆိုပေးခဲ့သည်။ အဆိုတော် Cardi သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ဝရက်တွင် ပြုလုပ်ခဲ့သည့် ဆုပေးပွဲ၌ အ ကောင်းဆုံး Rap အယ်လ်ဘမ်ဆုကို ရရှိခဲ့ပြီးနောက် ဆိုရှယ်မီ ဒီယာပေါ်တွင် အခြားဆန်ခါတင် စာရင်းဝင်သည့် အနုပညာရှင်များသည်လည်း ဆုနှင့်ထိုက်တန်ကြောင်း ပြောဆိုမှုများရှိခဲ့သည်။

အကောင်းဆုံး Rap အယ်လ်ဘမ်ဆုကို ရရှိခဲ့သည့် ပထမဆုံးတစ်ကိုယ်တော်အမျိုးသမီး အနုပညာရှင်ဖြစ်လာခဲ့သည့် Cardi က ၎င်း၏အင်စတာဂရမ်အကောင့်ကို ဖျက်သိမ်းခဲ့ပြီးနောက် သူငယ်ချင်းလေဒီဂါဂါက ယင်းဝေဖန်မှုများကို ကာကွယ်ပြောဆိုခဲ့ ခြင်းလည်းဖြစ်သည်။ လေဒီဂါဂါက ”ဒီလုပ်ငန်းထဲမှာ အမျိုးသမီးတစ်ဦး ဖြစ်ရတာ ခက်ခဲပါတယ်။ ကျွန်မတို့ဘယ်လောက် အလုပ် ကြိုးစားသည်ဖြစ်စေ လေးစားဖွယ်မဖြစ်တဲ့ စိန်ခေါ်မှုတွေရှိနေဆဲပါ။ Cardi ရေ ရှင့်ကို ချစ်ပါတယ်။ ရှင်က ဒီဆုနဲ့ထိုက်တန်ပါတယ်။ သူ့ရဲ့တိုက်ခိုက်မှုအတွက် ဂုဏ်ပြုလိုက်ကြပါစို့။ သူ့ကိုချီးမြှောက် ပေးကြပါ။ ဂုဏ်ပြုပေးကြပါ။ သူတို့သတ္တိရှိပါတယ်” ဟုဆိုသည်။

Cardi က မူလက ၎င်း၏ ဆုရရှိမှုကို ကာကွယ်ပြောဆိုသော ပို့စ်နှစ်ခုကို တင်ခဲ့သော်လည်း အကောင့်တစ်ခုလုံးကို မဖျက်မီ ပို့စ်တစ်ခုကိုဖျက်ခဲ့သည်။ ယင်းကာကွယ်ပြောဆိုထားသည့် ဗီဒီယိုကို ဖျက်ခဲ့ပြီးနောက် အဆိုတော် Cardi က ၎င်း၏ အယ်လ်ဘမ်အတွက် မည်မျှအပင်ပန်းခံပြီး အလုပ်လုပ်ခဲ့ရကြောင်း ရှင်းပြထားသည့် ဓာတ်ပုံတစ်ခုကိုတင်ခဲ့သည်။ ပုံစာထဲတွင် ”စတူဒီယိုထဲက သားရေဆိုဖာပေါ်မှာ သုံးလဆက်တိုက်အိပ်ခဲ့ရတယ်။ ကျွန်မမိသားစုရဲ့အဝေးမှာ အတ္တလန္တာနဲ့ မီယာမီမှာရှိနေခဲ့ရတယ်။ ကျွန်မ နှာစေးနေလို့ မလုပ်နိုင်ခဲ့တဲ့ သီချင်းလေးပုဒ်တောင်ရှိတယ်”ဟု ရေးသားခဲ့သည်။

 

[Zawgyi]

အဆိုေတာ္ ေလဒီဂါဂါသည္ ေဝဖန္မႈမ်ားႏွင့္ ႀကံဳေတြ႕ခဲ့ရသည့္ Cardi B က အင္စတာဂရမ္ အေကာင့္ကို ဖ်က္ခဲ့ရၿပီးေနာက္ ၎ဘက္မွ ကာကြယ္ေျပာဆိုေပးခဲ့သည္။ အဆိုေတာ္ Cardi သည္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၁ဝရက္တြင္ ျပဳလုပ္ခဲ့သည့္ ဆုေပးပြဲ၌ အ ေကာင္းဆံုး Rap အယ္္လ္ဘမ္ဆုကို ရရွိခဲ့ၿပီးေနာက္ ဆိုရွယ္မီ ဒီယာေပၚတြင္ အျခားဆန္ခါတင္ စာရင္းဝင္သည့္ အႏုပညာရွင္မ်ားသည္လည္း ဆုႏွင့္ထိုက္တန္ေၾကာင္း ေျပာဆိုမႈမ်ားရွိခဲ့သည္။

အေကာင္းဆံုး Rap အယ္လ္ဘမ္ဆုကို ရရွိခဲ့သည့္ ပထမဆံုးတစ္ကိုယ္ေတာ္အမ်ဳိးသမီး အႏုပညာရွင္ျဖစ္လာခဲ့သည့္ Cardi က ၎၏အင္စတာဂရမ္အေကာင့္ကို ဖ်က္သိမ္းခဲ့ၿပီးေနာက္ သူငယ္ခ်င္းေလဒီဂါဂါက ယင္းေဝဖန္မႈမ်ားကို ကာကြယ္ေျပာဆိုခဲ့ ျခင္းလည္းျဖစ္သည္။ ေလဒီဂါဂါက ”ဒီလုပ္ငန္းထဲမွာ အမ်ဳိးသမီးတစ္ဦး ျဖစ္ရတာ ခက္ခဲပါတယ္။ ကြၽန္မတို႔ဘယ္ေလာက္ အလုပ္ ႀကိဳးစားသည္ျဖစ္ေစ ေလးစားဖြယ္မျဖစ္တဲ့ စိန္ေခၚမႈေတြရွိေနဆဲပါ။ Cardi ေရ ရွင့္ကို ခ်စ္ပါတယ္။ ရွင္က ဒီဆုနဲ႔ထိုက္တန္ပါတယ္။ သူ႔ရဲ႕တိုက္ခိုက္မႈအတြက္ ဂုဏ္ျပဳလိုက္ၾကပါစို႔။ သူ႔ကိုခ်ီးေျမႇာက္ ေပးၾကပါ။ ဂုဏ္ျပဳေပးၾကပါ။ သူတို႔သတၱိရွိပါတယ္” ဟုဆိုသည္။

Cardi က မူလက ၎၏ ဆုရရွိမႈကို ကာကြယ္ေျပာဆိုေသာ ပို႔စ္ႏွစ္ခုကို တင္ခဲ့ေသာ္လည္း အေကာင့္တစ္ခုလံုးကို မဖ်က္မီ ပို႔စ္တစ္ခုကိုဖ်က္ခဲ့သည္။ ယင္းကာကြယ္ေျပာဆိုထားသည့္ ဗီဒီယိုကို ဖ်က္ခဲ့ၿပီးေနာက္ အဆိုေတာ္ Cardi က ၎၏ အယ္လ္ဘမ္အတြက္ မည္မွ်အပင္ပန္းခံၿပီး အလုပ္လုပ္ခဲ့ရေၾကာင္း ရွင္းျပထားသည့္ ဓာတ္ပံုတစ္ခုကိုတင္ခဲ့သည္။ ပံုစာထဲတြင္ ”စတူဒီယိုထဲက သားေရဆိုဖာေပၚမွာ သုံးလဆက္တိုက္အိပ္ခဲ့ရတယ္။ ကြၽန္မမိသားစုရဲ႕အေဝးမွာ အတၱလႏၲာနဲ႔ မီယာမီမွာရွိေနခဲ့ရတယ္။ ကြၽန္မ ႏွာေစးေနလို႔ မလုပ္ႏိုင္ခဲ့တဲ့ သီခ်င္းေလးပုဒ္ေတာင္ရွိတယ္”ဟု ေရးသားခဲ့သည္။

Ref: Contactmusic

#democracytoday

Credit: Yangon Media Group

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *