ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ ဂါရဝပြုနေကြစဉ် (ဓာတ်ပုံ − အောင်ဇော်မင်းသိန်း)

 

[Unicode]

ဗိုလ်ချုပ်၏ (၁၀၄) နှစ် မြောက်မွေးနေ့တွင် မုံရွာမြို့ရှိ ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်ကို မြင်း ၁၇ ကောင်ဖြင့် ချီတက်ဂါရ၀ ပြုခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် မုံရွာမြို့ကျောက္ကာ လမ်း ဇောတိကဘုန်းတော်ကြီး ကျောင်းတိုက်ရှေ့၌ စုရပ်အ ဖြစ်ဆောင်ရွက်ပြီး ဗိုလ်ချုပ်မြင်း စီးကြေးရုပ်သို့ ချီတက်ဂါရဝပြု ခြင်းဖြစ်သည်။

မြင်းစီးအဖွဲ့ ချီတက်ဂါရ၀ ပြုရန် ဦးဆောင်စီစဉ်သူ ကို အောင်ဇော်မင်းသိန်းက ‘‘ဗိုလ် ချုပ်ကြေးရုပ်မှာ မြင်း ၁၇ ကောင် နဲ့တစ်မိနစ်ခန့်ငြိမ်သက် ဂါရဝပြု ခဲ့တယ်။ မုံရွာမြို့ပေါ်ရှိတဲ့ မြင်း တွေနဲ့ ပထမဆုံးအကြိမ်လုပ်တာ ပါ’’ ဟု ပြောသည်။

ထို့အပြင် မုံရွာမြို့ ပဲပြုတ်နဲ့ နံပြားအဖွဲ့လူငယ်များဦးဆောင် ၍ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁၃ ရက် နံနက်တွင် ကျောက္ကာလမ်းမကြီးပေါ်၌ နံပြားအချပ်ရေ ၃,၀၀၀ ခန့်နှင့် ဗိုလ်ချုပ်ပုံပါ ငွေစက္ကူနှင့် အကြွေစေ့များ ပေးဝေခဲ့သည်။ မုံရွာမြို့တော်ခန်းမတွင် လည်း အသက် (၁၃) နှစ်အောက် ကလေးငယ်များ၏ ဗိုလ်ချုပ် အောင်ဆန်းနှင့် ပတ်သက်သော အမှတ်တရစကား၊ သီချင်း၊ကဗျာ ပြိုင်ပွဲ၊ တက္ကသိုလ်ကျောင်းသား များ၏ စကားရည်လုပွဲများပြုလုပ် ခဲ့ပြီး မြန်မာ့ရိုးရာမုန့်များ စတုဒိ သာကျွေးမွေးခဲ့သည်။

 

[Zawgyi]

ဗိုလ္ခ်ဳပ္၏ (၁၀၄) ႏွစ္ ေျမာက္ေမြးေန႔တြင္ မံုရြာၿမိဳ႕ရွိ ဗိုလ္ခ်ဳပ္ျမင္းစီး ေၾကး႐ုပ္ကို ျမင္း ၁၇ ေကာင္ျဖင့္ ခ်ီတက္ဂါရ၀ ျပဳခဲ့သည္။

ေဖေဖာ္၀ါရီ ၁၃ ရက္ မြန္းလြဲ ၁ နာရီတြင္ မံုရြာၿမိဳ႕ေက်ာကၠာ လမ္း ေဇာတိကဘုန္းေတာ္ႀကီး ေက်ာင္းတိုက္ေရွ႕၌ စုရပ္အ ျဖစ္ေဆာင္ရြက္ၿပီး ဗိုလ္ခ်ဳပ္ျမင္း စီးေၾကး႐ုပ္သို႔ ခ်ီတက္ဂါရ၀ျပဳ ျခင္းျဖစ္သည္။

ျမင္းစီးအဖြဲ႕ ခ်ီတက္ဂါရ၀ ျပဳရန္ ဦးေဆာင္စီစဥ္သူ ကို ေအာင္ေဇာ္မင္းသိန္းက ‘‘ဗိုလ္ ခ်ဳပ္ေၾကး႐ုပ္မွာ ျမင္း ၁၇ ေကာင္ နဲ႔တစ္မိနစ္ခန္႔ၿငိမ္သက္ ဂါရ၀ျပဳ ခဲ့တယ္။ မံုရြာၿမိဳ႕ေပၚရွိတဲ့ ျမင္း ေတြနဲ႔ ပထမဆံုးအႀကိမ္လုပ္တာ ပါ’’ ဟု ေျပာသည္။

ထုိ႔အျပင္ မံုရြာၿမိဳ႕ ပဲျပဳတ္နဲ႔ နံျပားအဖြဲ႕လူငယ္မ်ားဦးေဆာင္ ၍ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေမြးေန႔အထိမ္းအမွတ္အျဖစ္ ေဖေဖာ္၀ါရီ ၁၃ ရက္ နံနက္တြင္ ေက်ာကၠာလမ္းမႀကီးေပၚ၌ နံျပားအခ်ပ္ေရ ၃,၀၀၀ ခန္႔ႏွင့္ ဗိုလ္ခ်ဳပ္ပံုပါ ေငြစကၠဴႏွင့္ အေႂကြေစ့မ်ား ေပးေ၀ခဲ့သည္။ မံုရြာၿမိဳ႕ေတာ္ခန္းမတြင္ လည္း အသက္ (၁၃) ႏွစ္ေအာက္ ကေလးငယ္မ်ား၏ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းႏွင့္ ပတ္သက္ေသာ အမွတ္တရစကား၊ သီခ်င္း၊ကဗ်ာ ၿပိဳင္ပြဲ၊ တကၠသိုလ္ေက်ာင္းသား မ်ား၏ စကားရည္လုပြဲမ်ားျပဳလုပ္ ခဲ့ၿပီး ျမန္မာ့႐ိုးရာမုန္႔မ်ား စတုဒိ သာေကြၽးေမြးခဲ့သည္။

Credit: 7 Day Daily

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *