Lacoste က ထုတ်လုပ်မည့် ရှားပါးတိရစ္ဆာန်အမျိုးအစားများအား တွေ့ရစဉ် (ဓာတ်ပုံ − dailypakistan.com.pk)

 

[Unicode]

ကမ္ဘာ့အရှားပါးဆုံးမျိုးစိတ် ၁၀ မျိုးဖြင့် ထုတ်လုပ်ရောင်းချမည့် ကမ္ဘာကျော် Lacoste အမှတ်တံဆိပ် အဝတ်အထည်များတွင် မြန်မာနိုင်ငံ၏ ဒေသရင်းမျိုးစိတ်တိုက်လိပ်ပါဝင်နေသည်ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) နှင့် လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့ (TSA) ဌာနေကိုယ်စားလှယ်ဒေါက်တာကလျာ က ပြောသည်။

Lacsote သည် ယင်းတို့၏ ထုတ်ကုန်အထည်များတွင် မိကျောင်းပုံ အမှတ်အသား ထည့်သွင်းလေ့ရှိပြီး ယခုနှစ်၌ ကမ္ဘာ့အရှားပါးဆုံး မျိုးစိတ် ၁၀ မျိုးဖြင့် ထုတ်လုပ်ရောင်းချကာ ရရှိသမျှဝင်ငွေကို ထိန်းသိမ်းရေးလုပ်ငန်းများတွင် လှူဒါန်းမည်ဖြစ်သည်။

Lacsote က ထုတ်လုပ်မည့် အမှတ်အသား ၁၀ မျိုးတွင် မြန်မာနိုင်ငံမှ တိုက်လိပ်အပြင် လင်းပိုင်၊ မျောက်လွှဲကျော်၊ လင်းတငှက်၊ လီမာမျောက်၊ ကြံ့၊ ဆူမတြား ကျားတို့ ပါဝင်ပြီး အင်္ကျီတစ်ထည် လျှင် ဒေါ်လာ ၁၅၀ မှ ၁၈၀ အထိ ရောင်းချသည်ဟု ဆိုသည်။

ထို့အပြင် ယင်းတို့ရွေးချယ် ထားသည့် ကမ္ဘာ့ရှားပါးမျိုးစိတ်၏ ကျန်ရှိသည့် ကောင်ရေအရေအ တွက်အတိုင်း ထုတ်လုပ်ပြီး စုစု ပေါင်းအထည် ၁,၀၀၀ ထုတ်လုပ် ရောင်းချကာ ရရှိသည့် ငွေကြေး များကို မျိုးစိတ်သုံးမျိုးအား ရန်ပုံ ငွေအဖြစ် ပြန်လည်ပေးအပ်ခဲ့ သည်ဟု ဒေါက်တာကလျာက ပြောသည်။

‘‘မြန်မာတိုက်လိပ်ဆို အ ကောင်ရေ ၄၀ ပဲကျန်တော့တဲ့အတွက် အထည် ၄၀ ပဲ ထုတ်တယ်’’ဟု ဒေါက်တာကလျာက ပြောသည်။

ကမ္ဘာ့ရှားပါးဆုံးမျိုးစိတ် ၁၀ မျိုးဖြင့် ထုတ်လုပ်ရောင်းချရာမှ ရရှိသည့် ငွေကြေးများထဲမှ မျိုး စိတ်သုံးမျိုးကို ရန်ပုံငွေပြန်လည်ပေးအပ်ခဲ့ရာ မြန်မာတိုက်လိပ်များကို ထိန်းသိမ်းရေးလုပ်ဆောင် ရန် လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့ ကို ဒေါ်လာငါးသောင်းငါးထောင် ပေးအပ်ခဲ့သည်ဟု ၎င်းက ဆက် လက်ပြောသည်။

တိုက်လိပ်များသည် မြန်မာ တစ်နိုင်ငံတည်းတွင်သာ တွေ့ရသည့် ဒေသရင်းဖွား မျိုးစိတ်ဖြစ်ကာ မြန်မာနိုင်ငံ၏ မြစ်ကြီးများ၌ ပေါက်ပွားနေထိုင်ခဲ့သော်လည်း ယခုအခါ မျိုးသုဉ်းပျောက်ကွယ် လုနီးပါးဖြစ်နေပြီး အကောင်ရေအနည်းငယ်သာ ကျန်ရှိတော့သည်။

ယင်းလိပ်ကို ယခင်က ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်နှင့် ယင်းတို့၏ မြစ်လက်တက်များ၌ တွေ့ရသော်လည်း ယခုအခါ ချင်းတွင်းမြစ်နှင့် ဒုဋ္ဌဝတီမြစ်တို့တွင်သာ တွေ့ရသည်။

 

[Zawgyi]

ကမၻာ့အရွားပါးဆံုးမ်ိဳးစိတ္ ၁၀ မ်ိဳးျဖင့္ ထုတ္လုပ္ေရာင္းခ်မည့္ ကမၻာေက်ာ္ Lacoste အမွတ္တံဆိပ္ အဝတ္အထည္မ်ားတြင္ ျမန္မာႏုိင္ငံ၏ ေဒသရင္းမ်ိဳးစိတ္တိုက္လိပ္ပါဝင္ေနသည္ဟု သားငွက္ထိန္းသိမ္းေရးအဖြဲ႕ (WCS) ႏွင့္ လိပ္မ်ိဳးစိတ္ရွင္သန္ေရးအဖြဲ႕ (TSA) ဌာေနကိုယ္စားလွယ္ေဒါက္တာကလ်ာ က ေျပာသည္။

Lacsote သည္ ယင္းတုိ႔၏ ထုတ္ကုန္အထည္မ်ားတြင္ မိေက်ာင္းပံု အမွတ္အသား ထည့္သြင္းေလ့ရွိၿပီး ယခုႏွစ္၌ ကမၻာ့အရွားပါးဆံုး မ်ိဳးစိတ္ ၁၀ မ်ိဳးျဖင့္ ထုတ္လုပ္ေရာင္းခ်ကာ ရရွိသမွ်ဝင္ေငြကို ထိန္းသိမ္းေရးလုပ္ငန္းမ်ားတြင္ လွဴဒါန္းမည္ျဖစ္သည္။

Lacsote က ထုတ္လုပ္မည့္ အမွတ္အသား ၁၀ မ်ိဳးတြင္ ျမန္မာႏုိင္ငံမွ တိုက္လိပ္အျပင္ လင္းပိုင္၊ ေမ်ာက္လႊဲေက်ာ္၊ လင္းတငွက္၊ လီမာေမ်ာက္၊ ႀကံ႕၊ ဆူမၾတား က်ားတုိ႔ ပါဝင္ၿပီး အက်ႌတစ္ထည္ လွ်င္ ေဒၚလာ ၁၅၀ မွ ၁၈၀ အထိ ေရာင္းခ်သည္ဟု ဆုိသည္။

ထို႔အျပင္ ယင္းတို႔ေရြးခ်ယ္ ထားသည့္ ကမၻာ့ရွားပါးမ်ိဳးစိတ္၏ က်န္ရွိသည့္ ေကာင္ေရအေရအ တြက္အတိုင္း ထုတ္လုပ္ၿပီး စုစု ေပါင္းအထည္ ၁,၀၀၀ ထုတ္လုပ္ ေရာင္းခ်ကာ ရရွိသည့္ ေငြေၾကး မ်ားကို မ်ိဳးစိတ္သံုးမ်ိဳးအား ရန္ပံု ေငြအျဖစ္ ျပန္လည္ေပးအပ္ခဲ့ သည္ဟု ေဒါက္တာကလ်ာက ေျပာသည္။

‘‘ျမန္မာတိုက္လိပ္ဆို အ ေကာင္ေရ ၄၀ ပဲက်န္ေတာ့တဲ့အတြက္ အထည္ ၄၀ ပဲ ထုတ္တယ္’’ဟု ေဒါက္တာကလ်ာက ေျပာသည္။

ကမၻာ့ရွားပါးဆံုးမ်ိဳးစိတ္ ၁၀ မ်ိဳးျဖင့္ ထုတ္လုပ္ေရာင္းခ်ရာမွ ရရွိသည့္ ေငြေၾကးမ်ားထဲမွ မ်ိဳး စိတ္သံုးမ်ိဳးကို ရန္ပံုေငြျပန္လည္ေပးအပ္ခဲ့ရာ ျမန္မာတိုက္လိပ္မ်ားကို ထိန္းသိမ္းေရးလုပ္ေဆာင္ ရန္ လိပ္မ်ိဳးဆက္ ရွင္သန္ေရးအဖြဲ႕ ကို ေဒၚလာငါးေသာင္းငါးေထာင္ ေပးအပ္ခဲ့သည္ဟု ၎က ဆက္ လက္ေျပာသည္။

တိုက္လိပ္မ်ားသည္ ျမန္မာ တစ္ႏုိင္ငံတည္းတြင္သာ ေတြ႕ရသည့္ ေဒသရင္းဖြား မ်ိဳးစိတ္ျဖစ္ကာ ျမန္မာႏုိင္ငံ၏ ျမစ္ႀကီးမ်ား၌ ေပါက္ပြားေနထိုင္ခဲ့ေသာ္လည္း ယခုအခါ မ်ိဳးသုဥ္းေပ်ာက္ကြယ္ လုနီးပါးျဖစ္ေနၿပီး အေကာင္ေရအနည္းငယ္သာ က်န္ရွိေတာ့သည္။

ယင္းလိပ္ကို ယခင္က ဧရာဝတီျမစ္၊ ခ်င္းတြင္းျမစ္၊ စစ္ေတာင္းျမစ္ႏွင့္ ယင္းတို႔၏ ျမစ္လက္တက္မ်ား၌ ေတြ႕ရေသာ္လည္း ယခုအခါ ခ်င္းတြင္းျမစ္ႏွင့္ ဒု႒ဝတီျမစ္တုိ႔တြင္သာ ေတြ႕ရသည္။

Credit: 7 Day Daily

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *