မြိတ်မြို့ လူထုတွေ့ဆုံပွဲသို့လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်အား ဒေသခံများက ဆိုင်းဘုတ်များကိုင်၍ ၎င်းတို့၏ သဘောထားပါဆိုင်းဘုတ်များပြသတိုင်တန်းနေစဉ် (ဓာတ်ပုံ − အောင်အောင်မိုး)

 

[Unicode]

တနင်္သာရီတိုင်းဒေသ ကြီးသို့ လာရောက်ခြင်းသည် တိုင်းအစိုးရအဖွဲ့ကို ဆုံးမရန် ဖြစ်ကြာင်း နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁၃ရက် ညနေ တွင် မြိတ်မြို့ ပုလဲရတနာခန်းမ၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသ ခံတစ်ဦးက တိုင်းအစိုးရအဖွဲ့ အလုပ် မလုပ်သဖြင့် တိုင်းအ ဆင့်တွင်ပြီးစီးရမည့် ကိစ္စရပ် များမှာ ပြီးစီးခြင်းမရှိဘဲ မကြန့် ကြာသင့်ဘဲ ကြန့်ကြာနေခြင်း ကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ တင်ပြနေရခြင်းဖြစ် ကြောင်း ပြောသည်။

‘‘အမှန်တကယ်တော့ ကျွန် တော်တို့ တိုင်းအဆင့်အစိုးရ အဖွဲ့ဟာ အလုပ်မလုပ်လို့ခင် ဗျာ။ အဲဒါကြောင့် ဘာမဟုတ်တဲ့ ကိစ္စကအစ အမေ့ဆီပြောနေ ရတာ ကျွန်တော်တို့မြို့အတွက် အတော်ရှက်စရာကောင်းပါတယ်ခင်ဗျား’’ ဟု အဆိုပါဒေသခံ အမျိုးသားတစ်ဦးက ပြောရာ ‘‘ကိစ္စမရှိပါဘူး။ ကျွန်မလည်းနား လည်ပါတယ်။ ကျွန်မတို့ တနင်္သာရီကိုလာရတဲ့အကြောင်း တစ်ခုကလည်း အစိုးရအဖွဲ့ကို ဆုံးမဖို့ဖြစ်ပါတယ်’’ ဟု ဒေါ် အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့သည်။

တွေ့ဆုံပွဲတွင် ဒေသခံတစ် ဦးက တိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ တိုင်းစီမံဘဏ္ဍာ ဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် ဒီချုပ် ပါတီတိုင်းဥက္ကဋ္ဌ ဦးအောင်စိုး တို့ကို အမြန်ဆုံးဖယ်ရှားလင်းပေး ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ တောင်းဆိုကြောင်း ပြောကြားစဉ်တွေ့ဆုံပွဲသို့ တက် ရောက်လာ သည့် ဒေသခံများက လက်ခုပ်တီးကာ ထောက်ခံ ကြောင်း ပြသခဲ့ကြသည်။

ဆက်လက်၍ အဆိုပါ ဒေသခံအမျိုးသားက ၎င်းတို့သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင် ဒီချုပ်ပါတီအား တနင်္သာရီ တိုင်းတွင်မဲအပြတ် အသတ်အနိုင် ရရှိရေးအတွက် ကြိုးပမ်းခဲ့သူများ ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ တွင်လည်း ဒီချုပ်ပါတီမဲအပြတ် အသတ်အနိုင်ရရှိရန် လိုလား ကြောင်းပြောစဉ် တက်ရောက် လာသည့် ပြည်သူများက လက် ခုပ်ထပ်မံတီးကာ အားပေးပြန် သည်။

‘‘ဒီလူတွေသာထွက်သွားရင် မဲနိုင်ဖို့ မဲဆွယ်စရာတောင် မလို ဘူးခင်ဗျား’’ ဟု အထက်ပါ ဒေသခံက ပြောကြားရာ တွေ့ဆုံ ပွဲသို့ တက်ရောက်လာသည့် ပြည်သူများက လက်ခုပ်တီးအား ပေးသည်။

ထို့နောက်နောက်တစ်ချက် ရှိသေးသည်ဟု ဆိုကာဆက်ပြော ရန်ပြင်စဉ် ဒေါ်အောင်ဆန်းစု ကြည်က ‘‘တစ်ချက်ဆိုတစ်ချက် ပဲ။ ကျွန်မတို့ပြောမယ်နော်။ မဲနိုင် ဖို့လုပ်မှာမဟုတ်ဘူး။ နိုင်ငံ့ ကောင်းဖို့အတွက် ကျွန်မတို့အခု လုပ်နေတာ’’ ဟု ပြန်လည်ဖြေ ကြားခဲ့သည်။

ထို့အပြင် မြိတ်မြို့သို့ ရောက်ရှိလာသည့် ဒေါ်အောင် ဆန်းစုကြည်၏ ခရီးစဉ်တွင် တိုင်း အစိုးရအဖွဲ့ လူစားလဲပေးရန် ဒေသခံများက ဆိုင်းဘုတ်များ ကိုင်ဆောင်၍ တောင်းဆိုဆန္ဒပြခဲ့ သည်။

ဖေဖော်ဝါရီ ၁၃ရက် ညနေ တွင် လူထုတွေ့ဆုံပွဲပြုလုပ်မည့် မြိတ်မြို့ ပုလဲရတနာခန်းမသို့ ဒေါ်အောင်ဆန်းစုကြည် လာ ရောက်စဉ် ခန်းမအရှေ့ရှိ ဒေသခံ ပြည်သူများက ‘အမေတနင်္သာရီ ကိုလူစားလဲပေးပါ၊ တနင်္သာရီ တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အမြန်ဆုံးပြောင်းပေး၊ တိုင်း NLD ပါတီဥက္ကဋ္ဌဦးအောင်စိုး၊ တိုင်းစီမံ ဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း အားဖယ်ရှားပေး’ စသည့်စာသား များပါဆိုင်းဘုတ်များကိုင်မြှောက် ၍ ဆန္ဒထုတ်ဖော်သည်။

ထို့အပြင် ‘ကျွနု်ပ်တို့တိုင်း သည် Animal Farm ဖြစ်နေပါပြီ၊ တနင်္သာရီတိုင်း NLD ကိုပြုပြင် ပေးပါ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အား လာဘ်ပေး လာဘ်ယူနှင့် အဂတိလိုက်စားမှု ရှိ၊ မရှိ စိစစ်အရေးယူပေးပါအမေ၊ အမေစုအလိမ်ခံထိနေပြီ၊ အမေ စုအနီးဆုံးသူတွေပြည်သူအပေါ် သစ္စာဖောက်နေပြီ’ ဟု ရေးသား ထားသော ဆိုင်းဘုတ်များကိုင် မြှောက်၍ ဒေသခံအချို့က ဆန္ဒ ထုတ်ဖော်သည်။

ဆွေမျိုးနီးစပ်သူများကိုလုပ် ပိုင်ခွင့်များချပေးခြင်း၊ ကိုယ်ရေး အရာရှိခန့်ထားခြင်းနှင့် အဂတိ ကျော်စောခြင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဒေါက်တာ လဲ့လဲ့မော်၊ စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးအောင်စိုး တို့ကို စုံစမ်းစစ်ဆေးပေးရန် ဒီချုပ် ပါတီဗဟို၊ နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ထားဝယ်နှင့် မြိတ်ခရိုင်ရှိ ဒီချုပ် ထောက်ခံသူ ၁၀၀ ကျော်က လက် မှတ်ထိုး၍ တိုင်ကြားထားသည်။

ထို့အပြင် ဒေါက်တာလဲ့လဲ့ မော် အဂတိလိုက်စားသည်ဟု ပြည်သူများ တိုင်ကြားမှုနှင့် ပတ်သက်၍ အချက်ခြောက်ချက် ပါအစီရင်ခံစာကို တိုင်းလွှတ် တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအပါအဝင် တိုင်းလွှတ်တော်အမတ် ၁၄ ဦးက လက်မှတ်ထိုး၍ သက်သေအ ထောက်အထားများနှင့်တကွ ဒီ ချုပ်ပါတီဗဟို၊ နိုင်ငံတော်သမ္မတ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ထံတင်ပြထားသည်။

အဆိုပါ တိုင်ကြားမှုများနှင့် ပတ်သက်၍ ဒီချုပ်ပါတီဗဟိုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့က စုံစမ်းစစ်ဆေး လျက်ရှိသည်။

 

[Zawgyi]

တနသၤာရီတိုင္းေဒသ ႀကီးသို႔ လာေရာက္ျခင္းသည္ တိုင္းအစိုးရအဖြဲ႕ကို ဆုံးမရန္ ျဖစ္ၾကာင္း ႏိုင္ငံေတာ္၏ အတိုင္ ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္က ေျပာၾကားသည္။

ေဖေဖာ္၀ါရီ ၁၃ရက္ ညေန တြင္ ၿမိတ္ၿမိဳ႕ ပုလဲရတနာခန္းမ၌ ျပဳလုပ္သည့္ လူထုေတြ႕ဆုံပြဲသို႔ တက္ေရာက္လာသည့္ ေဒသ ခံတစ္ဦးက တိုင္းအစိုးရအဖြဲ႕ အလုပ္ မလုပ္္သျဖင့္ တိုင္းအ ဆင့္တြင္ၿပီးစီးရမည့္ ကိစၥရပ္ မ်ားမွာ ၿပီးစီးျခင္းမရိွဘဲ မၾကန္႔ ၾကာသင့္ဘဲ ၾကန္႔ၾကာေနျခင္း ေၾကာင့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ထံ တင္ျပေနရျခင္းျဖစ္ ေၾကာင္း ေျပာသည္။

‘‘အမွန္တကယ္ေတာ့ ကြၽန္ ေတာ္တို႔ တိုင္းအဆင့္အစိုးရ အဖြဲ႕ဟာ အလုပ္မလုပ္လို႔ခင္ ဗ်ာ။ အဲဒါေၾကာင့္ ဘာမဟုတ္တဲ့ ကိစၥကအစ အေမ့ဆီေျပာေန ရတာ ကြၽန္ေတာ္တို႔ၿမိဳ႕အတြက္ အေတာ္ရွက္စရာေကာင္းပါတယ္ခင္ဗ်ား’’ ဟု အဆိုပါေဒသခံ အမ်ိဳးသားတစ္ဦးက ေျပာရာ ‘‘ကိစၥမရိွပါဘူး။ ကြၽန္မလည္းနား လည္ပါတယ္။ ကြၽန္မတို႔ တနသၤာရီကိုလာရတဲ့အေၾကာင္း တစ္ခုကလည္း အစိုးရအဖြဲ႕ကို ဆုံးမဖို႔ျဖစ္ပါတယ္’’ ဟု ေဒၚ ေအာင္ဆန္းစုၾကည္က ျပန္လည္ ေျဖၾကားခဲ့သည္။

ေတြ႕ဆုံပြဲတြင္ ေဒသခံတစ္ ဦးက တိုင္း၀န္ႀကီးခ်ဳပ္ ေဒါက္တာ လဲ့လဲ့ေမာ္၊ တိုင္းစီမံဘ႑ာ ၀န္ႀကီး ဦးၿဖိဳး၀င္းထြန္းႏွင့္ ဒီခ်ဳပ္ ပါတီတိုင္းဥကၠ႒ ဦးေအာင္စိုး တို႔ကို အျမန္ဆုံးဖယ္ရွားလင္းေပး ရန္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ထံ ေတာင္းဆိုေၾကာင္း ေျပာၾကားစဥ္ေတြ႕ဆုံပြဲသို႔ တက္ ေရာက္လာ သည့္ ေဒသခံမ်ားက လက္ခုပ္တီးကာ ေထာက္ခံ ေၾကာင္း ျပသခဲ့ၾကသည္။

ဆက္လက္၍ အဆိုပါ ေဒသခံအမ်ိဳးသားက ၄င္းတို႔သည္ ၂၀၁၅ အေထြေထြေရြးေကာက္ပြဲ တြင္ ဒီခ်ဳပ္ပါတီအား တနသၤာရီ တိုင္းတြင္မဲအျပတ္ အသတ္အႏိုင္ ရရိွေရးအတြက္ ႀကိဳးပမ္းခဲ့သူမ်ား ျဖစ္ၿပီး ၂၀၂၀ ေရြးေကာက္ပြဲ တြင္လည္း ဒီခ်ဳပ္ပါတီမဲအျပတ္ အသတ္အႏိုင္ရရိွရန္ လိုလား ေၾကာင္းေျပာစဥ္ တက္ေရာက္ လာသည့္ ျပည္သူမ်ားက လက္ ခုပ္ထပ္မံတီးကာ အားေပးျပန္ သည္။

‘‘ဒီလူေတြသာထြက္သြားရင္ မဲႏိုင္ဖို႔ မဲဆြယ္စရာေတာင္ မလို ဘူးခင္ဗ်ား’’ ဟု အထက္ပါ ေဒသခံက ေျပာၾကားရာ ေတြ႕ဆုံ ပြဲသို႔ တက္ေရာက္လာသည့္ ျပည္သူမ်ားက လက္ခုပ္တီးအား ေပးသည္။

ထို႔ေနာက္ေနာက္တစ္ခ်က္ ရိွေသးသည္ဟု ဆိုကာဆက္ေျပာ ရန္ျပင္စဥ္ ေဒၚေအာင္ဆန္းစု ၾကည္က ‘‘တစ္ခ်က္ဆိုတစ္ခ်က္ ပဲ။ ကြၽန္မတို႔ေျပာမယ္ေနာ္။ မဲႏိုင္ ဖို႔လုပ္မွာမဟုတ္ဘူး။ ႏိုင္ငံ့ ေကာင္းဖို႔အတြက္ ကြၽန္မတို႔အခု လုပ္ေနတာ’’ ဟု ျပန္လည္ေျဖ ၾကားခဲ့သည္။

ထို႔အျပင္ ၿမိတ္ၿမိဳ႕သို႔ ေရာက္ရိွလာသည့္ ေဒၚေအာင္ ဆန္းစုၾကည္၏ ခရီးစဥ္တြင္ တိုင္း အစိုးရအဖြဲ႕ လူစားလဲေပးရန္ ေဒသခံမ်ားက ဆိုင္းဘုတ္မ်ား ကိုင္ေဆာင္၍ ေတာင္းဆိုဆႏၵျပခဲ့ သည္။

ေဖေဖာ္၀ါရီ ၁၃ရက္ ညေန တြင္ လူထုေတြ႕ဆုံပြဲျပဳလုပ္မည့္ ၿမိတ္ၿမိဳ႕ ပုလဲရတနာခန္းမသို႔ ေဒၚေအာင္ဆန္းစုၾကည္ လာ ေရာက္စဥ္ ခန္းမအေရွ႕ရိွ ေဒသခံ ျပည္သူမ်ားက ‘အေမတနသၤာရီ ကိုလူစားလဲေပးပါ၊ တနသၤာရီ တိုင္း၀န္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႕ အျမန္ဆုံးေျပာင္းေပး၊ တိုင္း NLD ပါတီဥကၠ႒ဦးေအာင္စိုး၊ တိုင္းစီမံ ဘ႑ာ၀န္ႀကီး ဦးၿဖိဳး၀င္းထြန္း အားဖယ္ရွားေပး’ စသည့္စာသား မ်ားပါဆိုင္းဘုတ္မ်ားကိုင္ေျမႇာက္ ၍ ဆႏၵထုတ္ေဖာ္သည္။

ထို႔အျပင္ ‘ကြၽႏု္ပ္တို႔တိုင္း သည္ Animal Farm ျဖစ္ေနပါၿပီ၊ တနသၤာရီတိုင္း NLD ကိုျပဳျပင္ ေပးပါ၊ တနသၤာရီတိုင္းေဒသႀကီး ၀န္ၾကီးခ်ဳပ္အား လာဘ္ေပး လာဘ္ယူႏွင့္ အဂတိလိုက္စားမႈ ရိွ၊ မရိွ စိစစ္အေရးယူေပးပါအေမ၊ အေမစုအလိမ္ခံထိေနၿပီ၊ အေမ စုအနီးဆံုးသူေတြျပည္သူအေပၚ သစၥာေဖာက္ေနၿပီ’ ဟု ေရးသား ထားေသာ ဆိုင္းဘုတ္မ်ားကိုင္ ေျမႇာက္၍ ေဒသခံအခ်ိဳ႕က ဆႏၵ ထုတ္ေဖာ္သည္။

ေဆြမ်ိဳးနီးစပ္သူမ်ားကိုလုပ္ ပိုင္ခြင့္မ်ားခ်ေပးျခင္း၊ ကိုယ္ေရး အရာရိွခန္႔ထားျခင္းႏွင့္ အဂတိ ေက်ာ္ေစာျခင္းစြပ္စြဲခ်က္မ်ားႏွင့္ ပတ္သက္၍ ၀န္ႀကီးခ်ဳပ္ေဒါက္တာ လဲ့လဲ့ေမာ္၊ စီမံဘ႑ာ၀န္ႀကီး ဦးၿဖိဳး၀င္းထြန္းႏွင့္ ဗဟိုအလုပ္ အမႈေဆာင္အဖြဲ႕၀င္ ဦးေအာင္စိုး တို႔ကို စုံစမ္းစစ္ေဆးေပးရန္ ဒီခ်ဳပ္ ပါတီဗဟို၊ ႏိုင္ငံေတာ္သမၼတႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တို႔ထံ ထား၀ယ္ႏွင့္ ၿမိတ္ခ႐ိုင္ရိွ ဒီခ်ဳပ္ ေထာက္ခံသူ ၁၀၀ ေက်ာ္က လက္ မွတ္ထိုး၍ တိုင္ၾကားထားသည္။

ထို႔အျပင္ ေဒါက္တာလဲ့လဲ့ ေမာ္ အဂတိလိုက္စားသည္ဟု ျပည္သူမ်ား တိုင္ၾကားမႈႏွင့္ ပတ္သက္၍ အခ်က္ေျခာက္ခ်က္ ပါအစီရင္ခံစာကို တိုင္းလႊတ္ ေတာ္ဥကၠ႒၊ ဒုဥကၠ႒အပါအ၀င္ တိုင္းလႊတ္ေတာ္အမတ္ ၁၄ ဦးက လက္မွတ္ထိုး၍ သက္ေသအ ေထာက္အထားမ်ားႏွင့္တကြ ဒီ ခ်ဳပ္ပါတီဗဟို၊ ႏိုင္ငံေတာ္သမၼတ ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တို႔ ထံတင္ျပထားသည္။

အဆိုပါ တိုင္ၾကားမႈမ်ားႏွင့္ ပတ္သက္၍ ဒီခ်ဳပ္ပါတီဗဟိုႏွင့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္တို႔က စုံစမ္းစစ္ေဆး လ်က္ရိွသည္။

Credit: 7 Day Daily

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *