[Unicode]

ကမ္ဘာ့အကျော်ကြားဆုံး Animation Studio တွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေနိုင်တာကတော့ Disney Studio ဖြစ်ပြီး Disney ကထုတ်လုပ်ရိုက်ကူးခဲ့သမျှ ကာတွန်းရုပ်ရှင်တွေဟာလည်း ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရရှိခဲ့တာ ပရိသတ်ကြီးလည်း အသိပါ။ Disney ရဲ့အအောင်မြင်ဆုံး Animation ရုပ်ရှင်ကိုပြောပါဆိုရင်တော့ Frozen ဇာတ်ကားကိုပဲ ပြောရမှာဖြစ်ပြီး လက်ရှိမှာတော့ Frozen ဟာ ကမ္ဘာအနှံ့ရုံတင်ဝင်ငွေစုစုပေါင်း $ 1.29 Billion ကျော်နဲ့အတူ သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံးရုပ်ရှင်(၁၀)ကားထဲမှာလည်း တစ်ကားအပါအဝင်ဖြစ်ပါတယ်။ Frozen ရုပ်ရှင်ဟာ ရိုက်ချက်တွေကောင်းမွန်ပြည့်စုံလွန်းရုံသာမက Let It Go ဇာတ်ဝင်သီချင်းနဲ့လည်း တစ်ကမ္ဘာလုံးက ပရိသတ်တွေရင်ကို ကိုင်လှုပ်နိုင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ Frozen ရုပ်ရှင်ရဲ့အဆက်ဖြစ်တဲ့ Frozen 2 teaser လည်း ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

အချိန်အတော်ကြာတဲ့အထိ ပရိသတ်တွေမျှော်လင့်စောင့်စားနေခဲ့ရတဲ့ Frozen 2 ရဲ့teaser ဟာ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းကမှ ထွက်ရှိလာတာဖြစ်ပြီး teaser ရဲ့ကြာချိန်ဟာ တစ်မိနစ်ကျော်လောက်သာရှိပေမယ့်လည်း ခမ်းနားလွန်းတဲ့ရိုက်ချက်တစ်ချို့ကို မြင်တွေ့လိုက်ရတာကြောင့် ပရိသတ်တော်တော်များများ အံ့အားသင့်ခဲ့ရတာဖြစ်ပါတယ်။

Frozen 1 ထဲမှာ မြင်တွေ့ခဲ့ရသလိုပဲ Elsa ရဲ့လှပလွန်းတဲ့ ရေခဲစွမ်းအားတွေကို ယခု Frozen 2 teaser ထဲမှာလည်း မြင်တွေ့ရမှာပါ။

ပရိသတ်ကြီးလည်း Frozen 2 ရဲ့teaser ကို ကြည့်ရှုလိုက်ရတဲ့အတွက် အားမလို၊အားမရဖြစ်နေသေးရင်တောင်မှ အနည်းငယ်တော့ စောင့်ရကျိုးနပ်သွားလိမ့်မယ်လို့ထင်ပါတယ်။ တစ်ချို့ပရိသတ်တွေကတော့ Frozen 2 ရဲ့Official Trailer ကို စောင့်မျှော်နေကြပြီဖြစ်ပြီး Frozen 1 တုန်းက နာမည်ကြီးဇာတ်ဝင်တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Let It Go သီချင်းလို ကောင်းမွန်ပြည့်စုံတဲ့သီချင်းမျိုးကို Frozen 2 မှာလည်း ထပ်မံနားဆင်ရဖို့မျှော်လင့်နေကြပြီဖြစ်ပါတယ်။ Frozen 2 ရုပ်ရှင်ဟာ 2019 ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့မှာ ကမ္ဘာအနှံ့ရုံတင်ပြသသွားမှာဖြစ်ပြီး Frozen 1 ရဲ့ဝင်ငွေစံချိန်ကိုချိုးနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

 

[Zawgyi]

ကမၻာ ့အေက်ာ္ၾကားဆံုး Animation Studio ေတြထဲမွာ ထိပ္ဆံုးက ရပ္တည္ေနႏိုင္တာကေတာ့ Disney Studio ျဖစ္ျပီး Disney ကထုတ္လုပ္ရိုက္ကူးခဲ့သမွ် ကာတြန္းရုုပ္ရွင္ေတြဟာလည္း ေဒၚလာသန္းေပါင္းမ်ားစြာ ၀င္ေငြရရွိခဲ့တာ ပရိသတ္ၾကီးလည္း အသိပါ။ Disney ရဲ ့အေအာင္ျမင္ဆံုး Animation ရုပ္ရွင္ကိုေျပာပါဆိုရင္ေတာ့ Frozen ဇာတ္ကားကိုပဲ ေျပာရမွာျဖစ္ျပီး လက္ရွိမွာေတာ့ Frozen ဟာ ကမၻာအႏွံ ့ရံုတင္၀င္ေငြစုစုေပါင္း $ 1.29 Billion ေက်ာ္နဲ ့အတူ သမိုင္းတစ္ေလွ်ာက္ ၀င္ေငြအေကာင္းဆံုးရုပ္ရွင္(၁၀)ကားထဲမွာလည္း တစ္ကားအပါအ၀င္ျဖစ္ပါတယ္။ Frozen ရုပ္ရွင္ဟာ ရိုက္ခ်က္ေတြေကာင္းမြန္ျပည့္စံုလြန္းရံုသာမက Let It Go ဇာတ္၀င္သီခ်င္းနဲ ့လည္း တစ္ကမၻာလံုးက ပရိသတ္ေတြရင္ကို ကိုင္လွဳပ္ႏိုင္ခဲ့တာျဖစ္ျပီး အခုအခ်ိန္မွာေတာ့ Frozen ရုပ္ရွင္ရဲ ့အဆက္ျဖစ္တဲ့ Frozen 2 teaser လည္း ထြက္ရွိလာခဲ့ျပီျဖစ္ပါတယ္။

အခ်ိန္အေတာ္ၾကာတဲ့အထိ ပရိသတ္ေတြေမွ်ာ္လင့္ေစာင့္စားေနခဲ့ရတဲ့ Frozen 2 ရဲ ့teaser ဟာ ျပီးခဲ့တဲ့ နာရီပို္င္းအတြင္းကမွ ထြက္ရွိလာတာျဖစ္ျပီး teaser ရဲ ့ၾကာခ်ိန္ဟာ တစ္မိနစ္ေက်ာ္ေလာက္သာရွိေပမယ့္လည္း ခမ္းနားလြန္းတဲ့ရိုက္ခ်က္တစ္ခ်ိဳ ့ကို ျမင္ေတြ ့လိုက္ရတာေၾကာင့္ ပရိသတ္ေတာ္ေတာ္မ်ားမ်ား အံ့အားသင့္ခဲ့ရတာျဖစ္ပါတယ္။

Frozen 1 ထဲမွာ ျမင္ေတြ ့ခဲ့ရသလိုပဲ Elsa ရဲ ့လွပလြန္းတဲ့ ေရခဲစြမ္းအားေတြကို ယခု Frozen 2 teaser ထဲမွာလည္း ျမင္ေတြ ့ရမွာပါ။

ပရိသတ္ၾကီးလည္း Frozen 2 ရဲ ့teaser ကို ၾကည့္ရွဳလိုက္ရတဲ့အတြက္ အားမလို၊အားမရျဖစ္ေနေသးရင္ေတာင္မွ အနည္းငယ္ေတာ့ ေစာင့္ရက်ိဳးနပ္သြားလိမ့္မယ္လို ့ထင္ပါတယ္။ တစ္ခ်ိဳ ့ပရိသတ္ေတြကေတာ့ Frozen 2 ရဲ ့Official Trailer ကို ေစာင့္ေမွ်ာ္ေနၾကျပီျဖစ္ျပီး Frozen 1 တုန္းက နာမည္ၾကီးဇာတ္၀င္ေတးသီခ်င္းတစ္ပုဒ္ျဖစ္တဲ့ Let It Go သီခ်င္းလို ေကာင္းမြန္ျပည့္စံုတဲ့သီခ်င္းမ်ိဳးကို Frozen 2 မွာလည္း ထပ္မံနားဆင္ရဖို ့ေမွ်ာ္လင့္ေနၾကျပီျဖစ္ပါတယ္။ Frozen 2 ရုပ္ရွင္ဟာ 2019 ခုႏွစ္၊ ႏို၀င္ဘာလ(၂၂)ရက္ေန ့မွာ ကမၻာအႏွံ ့ရံုတင္ျပသသြားမွာျဖစ္ျပီး Frozen 1 ရဲ ့၀င္ေငြစံခ်ိန္ကိုခ်ိဳးႏုိင္မလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

Credit: Burmese.asia

The Padaythar

Leave a Reply

Your email address will not be published. Required fields are marked *